< Proverbiorum 13 >

1 Filius sapiens, doctrina patris: qui autem illusor est, non audit cum arguitur.
ပညာ ရှိသောသား သည် အဘ ၏ သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင် ပြုသောသားမူကား ၊ အပြစ်တင် ခြင်းကို နား မ ထောင်တတ်။
2 De fructu oris sui homo satiabitur bonis: anima autem prævaricatorum iniqua.
လူ သည် မိမိနှုတ် ၏အသီး တည်းဟူသော ကောင်း သောအရာကို စား ရ၏။ ပြစ်မှားတတ်သော သူ မူကား ၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
3 Qui custodit os suum, custodit animam suam: qui autem inconsideratus est ad loquendum, sentiet mala.
မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ အသက် ကို စောင့် ၏။ မိမိ နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။
4 Vult et non vult piger: anima autem operantium impinguabitur.
ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ ၍ မ ရတတ်။ လုံ့လဝိရိယ ပြုသောသူမူကား ၊ မိမိအလို ဆန္ဒပြည့်စုံ ရ၏။
5 Verbum mendax iustus detestabitur: impius autem confundit, et confundetur.
ဖြောင့်မတ် သောသူသည် မုသာ စကား ကို မုန်း တတ်၏။ မ တရားသောသူမူကား ၊ စက်ဆုပ် ဘွယ်ဖြစ်၍ ၊ အရှက် ကွဲခြင်းသို့ ရောက်တတ်၏။
6 Iustitia custodit innocentis viam: impietas autem peccatorem supplantat.
ဖြောင့်မတ် ခြင်းတရားသည် လမ်း မလွှဲသောသူကို စောင့် တတ်၏။ ဒုစရိုက် တရားမူကား ၊ အပြစ် ရှိသောသူကိုလှဲ တတ်၏။
7 Est quasi dives cum nihil habeat: et est quasi pauper, cum in multis divitiis sit.
အလွန် ဆင်းရဲလျက် နှင့် ရတတ် ဟန်ဆောင်သော သူရှိ ၏။ အလွန် ရ တတ်လျက် နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်းရှိ၏။
8 Redemptio animæ viri, divitiæ suæ: qui autem pauper est, increpationem non sustinet.
စည်းစိမ် သည် ရတတ်သောသူ ၏အသက် ကို ရွေး ဘို့ဖြစ်၏။ ဆင်းရဲ သောသူမူကား ၊ အပြစ်တင် သော စကားကို မ ကြား ဘဲနေ၏။
9 Lux iustorum lætificat: lucerna autem impiorum extinguetur.
ဖြောင့်မတ် သောသူ ၏အလင်း သည် ရွှင်လန်း ၏။ မ တရားသောသူ ၏မီးခွက် မူကား ၊ သေ ရလိမ့်မည်။
10 Inter superbos semper iurgia sunt: qui autem agunt omnia cum consilio, reguntur sapientia.
၁၀မာန ကြောင့်သာ ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို နားခံ သောသူမူကား ပညာ ရှိ၏။
11 Substantia festinata minuetur: quæ autem paulatim colligitur manu, multiplicabitur.
၁၁လျှပ်ပေါ် ခြင်းအားဖြင့် ဥစ္စာ သည်လျော့ တတ် ၏။ ကြိုးစား အားထုတ် ၍ ဆည်းဖူး သောသူ ၏ဥစ္စာမူကား ၊ ပြန့်ပွား တတ်၏။
12 Spes, quæ differtur, affligit animam: lignum vitæ desiderium veniens.
၁၂မြော်လင့် သောအရာသည် ဖင့်နွဲ လျှင်၊ စိတ် နှလုံးကို ပူပန် စေတတ်၏။ အလို ပြည့်စုံ သောအခါမူကား အသက် ပင် ဖြစ်၏။
13 Qui detrahit alicui rei, ipse se in futurum obligat: qui autem timet præceptum, in pace versabitur. Animæ dolosæ errant in peccatis: iusti autem misericordes sunt, et miserantur.
၁၃နှုတ်ကပတ် တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီး လိမ့်မည်။ ပညတ် တရားတော်ကိုခန့်ညား သော သူမူကား ၊ ချမ်းသာ ရလိမ့်မည်။
14 Lex sapientis fons vitæ, ut declinet a ruina mortis.
၁၄ပညာရှိ သောသူ၏တရား သည် အသေခံ ရာ ကျော့ကွင်း တို့မှ ၊ လွှဲ ရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။
15 Doctrina bona dabit gratiam: in itinere contemptorum vorago.
၁၅ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ ရ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ၊ ခက် သော လမ်းဖြစ်၏။
16 Astutus omnia agit cum consilio: qui autem fatuus est, aperit stultitiam.
၁၆သမ္မာ သတိရှိသော သူအပေါင်း တို့သည် ပညာ အတတ်နှင့် ပြုမူ တတ်ကြ၏။ မိုက် သောသူမူကား ၊ မိမိမိုက် သော အပြစ်ကို ထင်ရှား စေတတ်၏။
17 Nuncius impii cadet in malum: legatus autem fidelis, sanitas.
၁၇မ တရားသောအစေခံ သည် မိမိစောင့် သောအမှု ကို ဖျက် တတ်၏။ သစ္စာ ရှိသော သံတမန် မူကား ၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
18 Egestas, et ignominia ei, qui deserit disciplinam: qui autem acquiescit arguenti, glorificabitur.
၁၈သွန်သင် ခြင်းကို ငြင်းပယ် သောသူသည် ဆင်းရဲ ခြင်းနှင့် ရှက်ကြောက် ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ ဂုဏ် အသရေကို ရလိမ့်မည်။
19 Desiderium si compleatur, delectat animam: detestantur stulti eos, qui fugiunt mala.
၁၉အလိုဆန္ဒ ပြည့်စုံ ခြင်းအရာသည် ချိုမြိန် ၏။ ဒုစရိုက် ကို ရှောင် သောအရာမူကား ၊ မိုက် သောသူတို့ စက်ဆုပ် သော အရာဖြစ်၏။
20 Qui cum sapientibus graditur, sapiens erit: amicus stultorum similis efficietur.
၂၀ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ပျက်စီး တတ်၏။
21 Peccatores persequitur malum: et iustis retribuentur bona.
၂၁အပြစ် ရှိသောသူတို့ ကို ဘေး လိုက် တတ်၏။ ဖြောင့်မတ် သောသူတို့ မူကား ၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။
22 Bonus reliquit heredes filios, et nepotes: et custoditur iusto substantia peccatoris.
၂၂သူတော် ကောင်းသည် သား မြေးတို့အဘို့ အမွေဥစ္စာကို ချန်ထားတတ်၏။ အပြစ် ရှိသောသူ ၏စည်းစိမ် မူကား ၊ ဖြောင့်မတ် သောသူတို့ အဘို့ သိုထား လျက်ရှိ၏။
23 Multi cibi in novalibus patrum: et aliis congregantur absque iudicio.
၂၃ဆင်းရဲ သား လယ်လုပ် ခြင်းအားဖြင့်စားစရာ ပွါးများ ၏။ သို့ရာတွင် ၊ မ တရား သော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက် တတ်၏။
24 Qui parcit virgæ, odit filium suum: qui autem diligit illum, instanter erudit.
၂၄ကြိမ်လုံး ကို မ သုံးသောသူသည် မိမိ သား ကို မုန်း ရာသို့ ရောက်၏။ သားကိုချစ် သောသူမူကား ၊ ငယ် သောအရွယ်မှစ၍ဆုံးမ တတ်၏။
25 Iustus comedit, et replet animam suam: venter autem impiorum insaturabilis.
၂၅ဖြောင့်မတ် သောသူသည် ဝ စွာစား ရသောအခွင့်ရှိ၏။ မ တရားသော သူမူကား ၊ မွတ်သိပ် ခြင်းကိုခံရလိမ့်မည်။

< Proverbiorum 13 >