< Liber Numeri 13 >

1 Ibique locutus est Dominus ad Moysen, dicens:
တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
2 Mitte viros, qui considerent Terram Chanaan, quam daturus sum filiis Israel, singulos de singulis tribubus, ex principibus.
ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊
3 Fecit Moyses quod Dominus imperaverat, de deserto Pharan mittens principes viros, quorum ista sunt nomina.
ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
4 De tribu Ruben, Sammua filium Zechur.
သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။
5 De tribu Simeon, Saphat filium Huri.
ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
6 De tribu Iuda, Caleb filium Iephone.
ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
7 De tribu Issachar, Igal filium Ioseph.
ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
8 De tribu Ephraim, Osee filium Nun.
ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
9 De tribu Beniamin, Phalti filium Raphu.
ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
10 De tribu Zabulon, Geddiel filium Sodi.
၁၀ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
11 De tribu Ioseph, sceptri Manasse, Gaddi filium Susi.
၁၁ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
12 De tribu Dan, Ammiel filium Gemalli.
၁၂ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
13 De tribu Aser, Sthur filium Michael.
၁၃အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
14 De tribu Nephthali, Nahabi filium Vapsi.
၁၄နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
15 De tribu Gad, Guel filium Machi.
၁၅ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
16 Hæc sunt nomina virorum, quos misit Moyses ad considerandam Terram: vocavitque Osee filium Nun, Iosue.
၁၆ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17 Misit ergo eos Moyses ad considerandam Terram Chanaan, et dixit ad eos: Ascendite per meridianam plagam. Cumque veneritis ad montes,
၁၇ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
18 considerate Terram, qualis sit: et populum qui habitator est eius, utrum fortis sit an infirmus: si pauci numero an plures:
၁၈ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
19 ipsa terra, bona an mala: urbes quales, muratæ an absque muris:
၁၉သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
20 humus, pinguis an sterilis, nemorosa an absque arboribus. Confortamini, et afferte nobis de fructibus Terræ. Erat autem tempus quando iam præcoquæ uvæ vesci possunt.
၂၀ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။
21 Cumque ascendissent, exploraverunt Terram a deserto Sin, usque Rohob intrantibus Emath.
၂၁ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
22 Ascenderuntque ad meridiem, et venerunt in Hebron, ubi erant Achiman et Sisai et Tholmai filii Enac. Nam Hebron septem annis ante Tanim urbem Ægypti condita est.
၂၂တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
23 Pergentesque usque ad Torrentem Botri, absciderunt palmitem cum uva sua, quem portaverunt in vecte duo viri. De malis quoque granatis et de ficis loci illius tulerunt:
၂၃ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
24 qui appellatus est Nehelescol, id est Torrens botri, eo quod botrum portassent inde filii Israel.
၂၄ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။
25 Reversique exploratores Terræ post quadraginta dies, omni regione circuita,
၂၅အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။
26 venerunt ad Moysen et Aaron et ad omnem cœtum filiorum Israel in desertum Pharan, quod est in Cades. Locutique eis et omni multitudini ostenderunt fructus Terræ:
၂၆မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
27 et narraverunt, dicentes: Venimus in Terram, ad quam misisti nos, quæ revera fluit lacte et melle, ut ex his fructibus cognosci potest:
၂၇မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
28 sed cultores fortissimos habet, et urbes grandes atque muratas. Stirpem Enac vidimus ibi.
၂၈သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
29 Amalec habitat in meridie, Hethæus et Iebusæus et Amorrhæus in montanis: Chananæus vero moratur iuxta mare et circa fluenta Iordanis.
၂၉အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။
30 Inter hæc Caleb compescens murmur populi, qui oriebatur contra Moysen, ait: Ascendamus, et possideamus Terram, quoniam poterimus obtinere eam.
၃၀ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည် ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟု ဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။
31 Alii vero, qui fuerant cum eo, dicebant: Nequaquam ad hunc populum valemus ascendere, quia fortior nobis est.
၃၁သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင်။ သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည်ဟူ၍၎င်း၊
32 Detraxeruntque Terræ, quam inspexerant, apud filios Israel, dicentes: Terra, quam lustravimus, devorat habitatores suos: populus, quem aspeximus, proceræ staturæ est.
၃၂ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
33 Ibi vidimus monstra quædam filiorum Enac de genere giganteo: quibus comparati, quasi locustæ videbamur.
၃၃ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။

< Liber Numeri 13 >