< Lucam 20 >
1 Et factum est in una dierum, docente illo populum in templo, et evangelizante, convenerunt principes sacerdotum, et scribæ cum senioribus,
၁တစ်နေ့သ၌ကိုယ်တော်သည်ဗိမာန်တော်တွင် လူတို့အားဆုံးမသြဝါဒပေး၍ သတင်း ကောင်းကိုဟောပြောလျက်နေတော်မူစဉ်ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ နှင့်ဘာသာရေးခေါင်းဆောင်များသည်အထံ တော်ကိုလာကြ၏။-
2 et aiunt dicentes ad illum: Dic nobis, in qua potestate hæc facis? aut: Quis est, qui dedit tibi hanc potestatem?
၂သူတို့က ``အရှင်သည်ဤအမှုအရာများ ကို အဘယ်အခွင့်အာဏာအရပြုတော်မူ ပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့်အား အဘယ်သူအပ်နှင်းပါသနည်း'' ဟုလျှောက် ထားမေးမြန်းကြ၏။
3 Respondens autem Iesus, dixit ad illos: Interrogabo vos et ego unum verbum. Respondete mihi:
၃ကိုယ်တော်က ``ငါသည်လည်းသင်တို့အား မေးခွန်းတစ်ခုကိုမေးဦးမည်။-
4 Baptismus Ioannis de cælo erat, an ex hominibus?
၄ယောဟန်ဗတ္တိဇံပေးသည်မှာဘုရားသခင် ၏အခွင့်အာဏာအရလော၊ လူတို့၏အခွင့် အာဏာအရလော၊ ငါ့အားဖြေကြားကြ လော့'' ဟုမိန့်တော်မူ၏။
5 At illi cogitabant intra se, dicentes: Quia si dixerimus, de cælo, dicet: Quare ergo non credidistis illi?
၅သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟုငါတို့ဆိုလျှင်`ယောဟန်ကို သင်တို့အဘယ်ကြောင့်မယုံကြည်ကြသနည်း' ဟုမေးလိမ့်မည်။-
6 Si autem dixerimus, Ex hominibus, plebs universa lapidabit nos: certi sunt enim, Ioannem prophetam esse.
၆သို့ရာတွင်လူတို့အခွင့်အာဏာအရဟု ငါတို့ဆိုလျှင် လူအပေါင်းတို့ကယောဟန် ကိုပရောဖက်တစ်ပါးဟုအမှန်ပင်ယုံကြည် ကြသဖြင့် ငါတို့အားခဲနှင့်ပေါက်ကြလိမ့် မည်'' ဟုအချင်းချင်းဆွေးနွေးကြ၏။-
7 Et responderunt se nescire unde esset.
၇ထို့ကြောင့်သူတို့က ``မည်သူ့အခွင့်အာဏာ အရပေးသည်ကိုအကျွန်ုပ်တို့မသိပါ'' ဟု ဖြေကြားကြ၏။
8 Et Iesus ait illis: Neque ego dico vobis in qua potestate hæc facio.
၈ထိုအခါသခင်ယေရှုက `ငါပြုသည့်အမှု အရာများကိုအဘယ်အခွင့်အာဏာအရ ပြုသည်ကိုလည်း သင်တို့အားငါမပြော' ဟု မိန့်တော်မူ၏။
9 Cœpit autem dicere ad plebem parabolam hanc: Homo plantavit vineam, et locavit eam colonis: et ipse peregre fuit multis temporibus.
၉ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။-
10 Et in tempore misit ad cultores servum, ut de fructu vineæ darent illi. Qui cæsum dimiserunt eum inanem.
၁၀အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍သီးစားခကိုတောင်းခံ စေ၏။ သို့ရာတွင်ခြံသမားတို့သည်ထိုကျွန် ကိုရိုက်၍ လက်ချည်းသက်သက်ပြန်လွှတ်လိုက် ကြ၏။-
11 Et addidit alterum servum mittere. Illi autem hunc quoque cædentes, et afficientes contumelia, dimiserunt inanem.
၁၁ထိုနောက်ဥယျာဉ်ရှင်သည်အခြားကျွန်တစ် ယောက်ကိုစေလွှတ်ပြန်၏။ သို့ရာတွင်ခြံသမား တို့သည်သူ့ကိုလည်းရိုက်၍အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-
12 Et addidit tertium mittere: qui et illum vulnerantes eiecerunt.
၁၂နောက်တစ်ဖန်ဥယျာဉ်ရှင်သည်တတိယကျွန် ကိုစေလွှတ်၏။ သို့ရာတွင်ခြံသမားတို့သည် ထိုကျွန်ကိုလည်းဒဏ်ရာများရစေပြီးနောက် အပြင်သို့နှင်ထုတ်လိုက်ကြ၏။-
13 Dixit autem dominus vineæ: Quid faciam? Mittam filium meum dilectum: forsitan, cum hunc viderint, verebuntur.
၁၃ဥယျာဉ်ရှင်သည် `ငါအဘယ်သို့ပြုရအံ့နည်း။ ငါ၏တစ်ဦးတည်းသောသားကိုစေလွှတ်မည်။ သူ့ကိုတွေ့လျှင်ခြံသမားတို့လေးစားကြ ရာ၏' ဟုဆို၏။-
14 Quem cum vidissent coloni, cogitaverunt intra se, dicentes: Hic est heres, occidamus illum, ut nostra fiat hereditas.
၁၄သို့ရာတွင်ဥယျာဉ်ရှင်၏သားရောက်လာသော အခါခြံသမားတို့က `ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ ငါတို့ဥယျာဉ် ကိုအမွေခံရအောင်သူ့အားသတ်ကြကုန် အံ့' ဟုအချင်းချင်းဆွေးနွေးပြောဆိုလျက်။-
15 Et eiectum illum extra vineam, occiderunt. Quid ergo faciet illis dominus vineæ?
၁၅ဥယျာဉ်ရှင်၏သားကိုအပြင်သို့ထုတ်ပြီး လျှင်သတ်ပစ်ကြ၏။ ထိုအခါဥယျာဉ်ရှင်သည်ခြံသမားများ အားအဘယ်သို့ပြုလိမ့်မည်နည်း။-
16 Veniet, et perdet colonos istos, et dabit vineam aliis. Quo audito, dixerunt illi: Absit.
၁၆သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။
17 Ille autem aspiciens eos ait: Quid est ergo hoc, quod scriptum est: Lapidem, quem reprobaverunt ædificantes, hic factus est in caput anguli?
၁၇ကိုယ်တော်သည်လူတို့ကိုကြည့်ရှုတော်မူလျက်၊ `တိုက်ကိုတည်ဆောက်သူတို့ပယ်ထားသည့်ကျောက် သည် အရေးအကြီးဆုံးဖြစ်သောထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟူသောကျမ်းစကား၏အနက်အဋ္ဌိပ္ပါယ်ကား အသို့နည်း။
18 Omnis, qui ceciderit super illum lapidem, conquassabitur: super quem autem ceciderit, comminuet illum.
၁၈ထိုကျောက်အပေါ်သို့ကျသောသူသည်အပိုင်း ပိုင်းကျိုးလိမ့်မည်။ ထိုကျောက်အကျခံရသော သူသည်ညက်ညက်ကြေ၍သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
19 Et quærebant principes sacerdotum, et scribæ mittere in illum manus illa hora: et timuerunt populum: cognoverunt enim quod ad ipsos dixerit similitudinem hanc.
၁၉ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-
20 Et observantes miserunt insidiatores, qui se iustos simularent, ut caparent eum in sermone, ut traderent illum principatui, et potestati præsidis.
၂၀ထို့ကြောင့်အခွင့်ကောင်းကိုစောင့်နေကြ၏။ သူတို့ သည်ကိုယ်တော်၏စကားတွင်အမှားကိုရှာပြီး လျှင် ကိုယ်တော်အားဘုရင်ခံမင်း၏လက်သို့ အပ်နိုင်ရန်သူတော်ကောင်းဖြစ်ယောင်ဆောင်သော သူလျှိုများကိုအထံတော်သို့စေလွှတ်ကြ၏။-
21 Et interrogaverunt eum, dicentes: Magister, scimus quia recte dicis, et doces: et non accipis personam, sed viam Dei in veritate doces:
၂၁သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
22 licet nobis tributum dare Cæsari, an non?
၂၂အကျွန်ုပ်တို့သည်ကဲသာဘုရင်အားအခွန် ဆက်အပ်သလော၊ မဆက်အပ်သလော'' ဟု မေးလျှောက်ကြ၏။
23 Considerans autem dolum illorum, dixit ad eos: Quid me tentatis?
၂၃ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကို သိမြင်တော်မူသဖြင့်။-
24 Ostendite mihi denarium: Cuius habet imaginem, et inscriptionem? Respondentes dixerunt ei: Cæsaris.
၂၄``ဒင်္ဂါးတစ်ပြားကိုငါ့အားပြကြလော့။ ဤ ဒင်္ဂါးတွင်မည်သူ့ရုပ်ပုံ၊ မည်သူ့ကမ္ပည်းလိပ်စာ ပါရှိပါသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ကဲသာဘုရင်၏ပုံ၊ ကဲသာဘုရင် ၏ကမ္ပည်းလိပ်စာပါရှိပါသည်'' ဟုပြန်၍ လျှောက်ကြ၏။
25 Et ait illis: Reddite ergo quæ sunt Cæsaris, Cæsari: et quæ sunt Dei, Deo.
၂၅ကိုယ်တော်က ``ကဲသာဘုရင်ပိုင်သည့်အရာကို ကဲသာဘုရင်အားဆက်ကြလော့။ ဘုရားသခင် ပိုင်သည့်အရာကိုဘုရားသခင်အားဆက်ကြ လော့'' ဟုမိန့်တော်မူ၏။
26 Et non potuerunt verbum eius reprehendere coram plebe: et mirati in responso eius, tacuerunt.
၂၆သူတို့သည်လူတို့ရှေ့၌ကိုယ်တော်၏စကား တွင်အမှားရှာ၍မရသဖြင့် ကိုယ်တော်ဖြေ ကြားတော်မူပုံကိုအံ့သြလျက်ဆိတ်ဆိတ် နေကြ၏။
27 Accesserunt autem quidam Sadducæorum, qui negant esse resurrectionem, et interrogaverunt eum,
၂၇ထို့နောက်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့ချဉ်းကပ်ကြ၏။ သူတို့ကားသေခြင်းမှ လူတို့ရှင်ပြန်ထမြောက်ခြင်းမရှိဟုယုံ ကြည်သူများဖြစ်ကြ၏။-
28 dicentes: Magister, Moyses scripsit nobis: Si frater alicuius mortuus fuerit habens uxorem, et hic sine liberis fuerit, ut accipiat eam frater eius uxorem, et suscitet semen fratri suo:
၂၈သူတို့က ``ဆရာတော် `တစ်စုံတစ်ယောက်သည် သားသမီးမရဘဲသေဆုံးသွားလျှင် ကျန်ခဲ့ သည့်ဇနီးကိုညီဖြစ်သူကဆက်ခံထိမ်းမြား ရမည်။ အစ်ကို၏အမျိုးအနွယ်ကိုသူ၏ ကိုယ်စားတိုးပွားစေရမည်' ဟုအကျွန်ုပ်တို့ အားမောရှေမိန့်မှာခဲ့ပါသည်။-
29 septem ergo fratres erant: et primus accepit uxorem, et mortuus est sine filiis.
၂၉အခါတစ်ပါး၌ညီအစ်ကိုခုနစ်ယောက်ရှိ ပါ၏။ အစ်ကိုကြီးသည်အိမ်ထောင်ကျသော် လည်းသားသမီးမရ။-
30 Et sequens accepit illam, et ipse mortuus est sine filio.
၃၀ထိုသူသေသွားသောအခါသူ့ညီအကြီးဆုံး သည်မရီးဖြစ်သူကိုဆက်ခံသိမ်းပိုက်၏။ ထို ညီသည်သားသမီးမရဘဲသေပြန်၏။-
31 Et tertius accepit illam. Similiter et omnes septem, et non reliquerunt semen, et mortui sunt.
၃၁ဒုတိယညီသည်လည်းထိုအမျိုးသမီးကို သိမ်းပိုက်၏။ ထိုနည်းတူစွာညီအစ်ကိုခုနစ် ယောက်စလုံးသားသမီးမရဘဲသေသွား ကြ၏။-
32 Novissime omnium mortua est et mulier.
၃၂နောက်ဆုံး၌အမျိုးသမီးသည်လည်းသေ၏။-
33 In resurrectione ergo, cuius eorum erit uxor? Siquidem septem habuerunt eam uxorem.
၃၃ညီအစ်ကိုခုနစ်ယောက်စလုံးပင်သူနှင့်စုံဖက်ခဲ့ ကြသည်ဖြစ်၍သေခြင်းမှထမြောက်ရာနေ့တွင် ထိုအမျိုးသမီးသည်မည်သူ၏ဇနီးဖြစ်ပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
34 Et ait illis Iesus: Filii huius sæculi nubunt, et traduntur ad nuptias: (aiōn )
၃၄သခင်ယေရှုက ``ဤဘဝ၌လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုပြုတတ်ကြ၏။- (aiōn )
35 illi vero qui digni habebuntur sæculo illo, et resurrectione ex mortuis, neque nubent, neque ducent uxores: (aiōn )
၃၅သို့ရာတွင်သေခြင်းမှရှင်ပြန်ထမြောက်၍ တမလွန်သို့ဝင်ထိုက်သောသူတို့မူကား ထိမ်းမြားစုံဖက်ခြင်းကိုမပြုကြကုန်။- (aiōn )
36 neque enim ultra mori potuerunt: æquales enim Angelis sunt, et filii sunt Dei: cum sint filii resurrectionis.
၃၆သူတို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ် သဖြင့်သေနိုင်ကြမည်မဟုတ်။ သူတို့သည် သေခြင်းမှရှင်ပြန်ထမြောက်စေသူများဖြစ် သောကြောင့်ဘုရားသခင်၏သားများဖြစ် ကြ၏။
37 Quia vero resurgant mortui, et Moyses ostendit secus rubum, sicut dicit Dominum, Deum Abraham, et Deum Isaac, et Deum Iacob.
၃၇``မီးလျှံထွက်သည့်ချုံအကြောင်းကိုဖော်ပြရာ တွင်မောရှေက `ထာဝရဘုရားသည်အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်' ဟုဆို၏။ သို့ဆိုရာ၌သေလွန်သော သူတို့ရှင်ပြန်ထမြောက်ကြောင်းကိုဖော်ပြ ခြင်းပင်ဖြစ်၏။-
38 Deus autem non est mortuorum, sed vivorum: omnes enim vivunt ei.
၃၈ထိုသူတို့သည်ကိုယ်တော်ရှေ့တော်၌ ထာဝရ ကာလပတ်လုံးအသက်ရှင်သူများဖြစ်ကြ သဖြင့် ထာဝရဘုရားသည်သေလွန်သူတို့ ၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ ဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
39 Respondentes autem quidam scribarum, dixerunt ei: Magister, bene dixisti.
၃၉ကျမ်းတတ်ဆရာအချို့တို့သည်ထပ်မံ၍ ကိုယ်တော်အားမမေးမလျှောက်ဝံ့ကြ။ သူ တို့သည် ``ဆရာတော်၊ အရှင်မိန့်တော်မူသော စကားတို့သည်လျောက်ပတ်ပါသည်'' ဟု လျှောက်ထားကြ၏။
40 Et amplius non audebant eum quidquam interrogare.
၄၀
41 Dixit autem ad illos: Quomodo dicunt Christum, filium esse David?
၄၁ကိုယ်တော်သည်ထိုသူတို့အား ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ်ကြောင့် ဆိုကြသနည်း။-
42 Et ipse David dicit in libro Psalmorum: Dixit Dominus Domino meo, sede a dextris meis,
၄၂ဒါဝိဒ်မင်းကိုယ်တိုင်ပင်လျှင်ဆာလံကျမ်း၌ `ထာဝရဘုရားကငါသည်သင်၏ရန်သူများ ကို သင့်ခြေတင်ခုံဖြစ်စေမည်။ သို့မဖြစ်စေသေးမီကာလငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟုငါ၏အရှင်အားမိန့်တော်မူ၏' ဟုဆိုချေသည်။-
43 donec ponam inimicos tuos, scabellum pedum tuorum?
၄၃
44 David ergo Dominum illum vocat: et quomodo filius eius est?
၄၄ဒါဝိဒ်မင်းသည်မေရှိယကို `အရှင်' ဟုခေါ်သည် ဖြစ်ရာအသို့လျှင်မေရှိယသည်ဒါဝိဒ်၏သား မြေးဖြစ်နိုင်မည်နည်း'' ဟုမေးတော်မူ၏။
45 Audiente autem omni populo, dixit discipulis suis:
၄၅ကိုယ်တော်သည်လူပရိသတ်များနားထောင် နေစဉ်တပည့်တော်တို့အား။-
46 Attendite a scribis, qui volunt ambulare in stolis, et amant salutationes in foro, et primas cathedras in synagogis, et primos discubitus in conviviis:
၄၆``ကျမ်းတတ်ဆရာတို့ကိုသတိနှင့်ရှောင်ကြ လော့။ သူတို့သည်ဝတ်လုံများကိုဝတ်၍ပလွှား သွားလာလိုကြ၏။ စျေးရပ်ကွက်တွင်အလေး ပြုခြင်းကိုခံလိုကြ၏။ တရားဇရပ်များတွင် သီးသန့်ထားသောနေရာများကိုလည်းကောင်း၊ ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများကိုလည်းကောင်းနှစ်သက်ကြ၏။-
47 qui devorant domos viduarum, simulantes longam orationem. Hi accipient damnationem maiorem.
၄၇မုဆိုးမများ၏အိမ်များကိုမတရားသိမ်း ယူပြီးလျှင်လူအထင်ကြီးစေရန်ရှည်လျား စွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ သူတို့ သည်ပို၍ကြီးလေးသောအပြစ်ဒဏ်ကိုခံ ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။