< Leviticus 24 >

1 Et locutus est Dominus ad Moysen, dicens:
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
2 Præcipe filiis Israel, ut afferant tibi oleum de olivis purissimum, ac lucidum, ad concinnandas lucernas iugiter,
ပရိသတ်စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ် မီးထွန်းရာဘို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
3 extra velum testimonii in tabernaculo fœderis. Ponetque eas Aaron a vespere usque ad mane coram Domino, cultu rituque perpetuo in generationibus vestris.
အာရုန်သည်လည်း၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
4 Super candelabrum mundissimum ponentur semper in conspectu Domini.
စင်ကြယ်သော မီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင် ရမည်။
5 Accipies quoque similam, et coques ex ea duodecim panes, qui singuli habebunt duas decimas:
သင်သည် မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊-
6 quorum senos altrinsecus super mensam purissimam coram Domino statues:
ထာဝရဘုရားရှေ့ စင်ကြယ်သော စားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
7 et pones super eos thus lucidissimum, ut sit panis in monimentum oblationis Domini.
ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည်။-
8 Per singula sabbata mutabuntur coram Domino suscepti a filiis Israel fœdere sempiterno:
ထာဝရဘုရား ပဠိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုဃ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည်။
9 eruntque Aaron et filiorum eius, ut comedant eos in loco sancto: quia Sanctum sanctorum est de sacrificiis Domini iure perpetuo.
ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည် ပိုင်၍၊ သန့်ရှင်းရာ ဌာနတော်၌ စားရကြမည်။ ထာဝရဘုရား အား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်ဟု မိန့်တော်မူ၏။
10 Ecce autem egressus filius mulieris Israelitidis, quem pepererat de viro Ægyptio inter filios Israel, iurgatus est in castris cum viro Israelita.
၁၀အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသော သားတယောက်သည်၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊-
11 Cumque blasphemasset nomen, et maledixisset ei, adductus est ad Moysen. (Vocabatur autem mater eius Salumith, filia Dabri de tribu Dan.)
၁၁နာမတော်ကို ပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏ အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီး ရှေလောမိတ် ဖြစ်သတည်း။-
12 Miseruntque eum in carcerem, donec nossent quid iuberet Dominus.
၁၂ပြစ်မှားသောသူကို မောရှေထံသို့ ဆောင်ယူခဲ့၍ ထာဝရဘုရား၏ အလိုတော်ကို မသိမှီတိုင်အောင် ချုပ်ထားကြ၏။
13 Qui locutus est ad Moysen,
၁၃ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊
14 dicens: Educ blasphemum extra castra, et ponant omnes qui audierunt, manus suas super caput eius, et lapidet eum populus universus.
၁၄သူ၏စကားကို ကြားသော သူအပေါင်းတို့သည် သူ၏ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြစေ။-
15 Et ad filios Israel loqueris: Homo, qui maledixerit Deo suo, portabit peccatum suum:
၁၅သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကို ခံရမည်။-
16 et qui blasphemaverit nomen Domini, morte moriatur: lapidibus opprimet eum omnis multitudo, sive ille civis, sive peregrinus fuerit. Qui blasphemaverit nomen Domini, morte moriatur.
၁၆ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါး အမျိုးသားဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။
17 Qui percusserit, et occiderit hominem, morte moriatur.
၁၇လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
18 Qui percusserit animal, reddet vicarium, id est animam pro anima.
၁၈တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကို လျော်ရမည်။
19 Qui irrogaverit maculam cuilibet civium suorum: sicut fecit, sic fiet ei:
၁၉လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။
20 fracturam pro fractura, oculum pro oculo, dentem pro dente restituet. Qualem inflixerit maculam, talem sustinere cogetur.
၂၀အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို၎င်း၊ မျက်စိကိုဖျက်သည့်အတွက်၊ မျက်စိဖျက်ခြင်းကို၎င်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကို၎င်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင် စွာ ခံရမည်။-
21 Qui percusserit iumentum, reddet aliud. Qui percusserit hominem, punietur.
၂၁တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တကောင်အတွက်၊ တကောင်ကို ပြန်ပေးရမည်။ လူအသက် ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။
22 Æquum iudicium sit inter vos, sive peregrinus, sive civis peccaverit: quia ego sum Dominus Deus vester.
၂၂ကိုယ်အမျိုးသားဖြစ်စေ၊ သူတပါးအမျိုးသားဖြစ်စေ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏။-
23 Locutusque est Moyses ad filios Israel: et eduxerunt eum, qui blasphemaverat, extra castra, ac lapidibus oppresserunt. Feceruntque filii Israel sicut præceperat Dominus Moysi.
၂၃ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ၏။

< Leviticus 24 >