< Jeremiæ 18 >

1 Verbum, quod factum est ad Ieremiam a Domino, dicens:
ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
2 Surge, et descende in domum figuli, et ibi audies verba mea.
သင်သည် ထ၍ အိုးထိန်းသမားအိမ်သို့ သွား လော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
3 Et descendi in domum figuli, et ecce ipse faciebat opus super rotam.
ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိ သော အိုးထိန်းသမားကိုတွေ့၏။
4 Et dissipatum est vas, quod ipse faciebat e luto manibus suis: conversusque fecit illud vas alterum, sicut placuerat in oculis eius ut faceret.
အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမား လက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။
5 Et factum est verbum Domini ad me, dicens:
ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊
6 Numquid sicut figulus iste, non potero vobis facere, domus Israel, ait Dominus? Ecce sicut lutum in manu figuli, sic vos in manu mea, domus Israel.
အို ဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အို ဣသရေလ အမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့ သည် ငါ့လက်၌ရှိကြ၏။
7 Repente loquar adversum gentem et adversus regnum, ut eradicem, et destruam, et disperdam illud.
အကြင် တိုင်းနိုင်ငံကို နှုတ်ပယ်ဖြိုချဖျက်ဆီးခြင်း ငှါ ငါအမိန့်တော်ရှိ၏။
8 Si pœnitentiam egerit gens illa a malo suo, quod locutus sum adversus eam: agam et ego pœnitentiam super malo, quod cogitavi ut facerem ei.
ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။
9 Et subito loquar de gente et de regno, ut ædificem et plantem illud.
အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှါ ငါအမိန့်တော်ရှိ၏။
10 Si fecerit malum in oculis meis, ut non audiat vocem meam: pœnitentiam agam super bono, quod locutus sum ut facerem ei.
၁၀ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှါ ပြုစုမည်ဟူသောစကား၌ပါသော ကျေးဇူးကို ငါနောင်တ ရမည်။
11 Nunc ergo dic viro Iuda, et habitatoribus Ierusalem, dicens: Hæc dicit Dominus: Ecce ego fingo contra vos malum, et cogito contra vos cogitationem: revertatur unusquisque a via sua mala, et dirigite vias vestras et studia vestra.
၁၁ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဘို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသော လမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သော လမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆို လော့။
12 Qui dixerunt: Desperavimus: post cogitationes enim nostras ibimus, et unusquisque pravitatem cordis sui mali faciemus.
၁၂သူတို့ကလည်း၊ မြော်လင့်စရာမရှိ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည်။ ငါတို့၌ ဆိုးသော စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟု ဆိုကြ ၏။
13 Ideo hæc dicit Dominus: Interrogate Gentes: Quis audivit talia horribilia, quæ fecit nimis virgo Israel?
၁၃သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့သော အမှုကို အဘယ်သူကြားဘူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့။ ဣသရေလ သတို့သမီးကညာသည် အလွန်စက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုလေပြီ။
14 Numquid deficiet de petra agri nix Libani? Aut evelli possunt aquæ erumpentes frigidæ, et defluentes?
၁၄လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန် တောင်၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။
15 Quia oblitus est mei populus meus, frustra libantes, et impingentes in viis suis, in semitis sæculi, ut ambularent per eas in itinere non trito:
၁၅ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလ မှစ၍ လိုက်ဘူးသော လမ်းတို့၌လဲ တတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီ တကား။
16 ut fieret terra eorum in desolationem, et in sibilum sempiternum: omnis qui præterierit per eam obstupescet, et movebit caput suum.
၁၆ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ မိမိတို့ ခေါင်းကို ညှိတ်ကြလိမ့်မည်။
17 Sicut ventus urens dispergam eos coram inimico: dorsum, et non faciem ostendam eis in die perditionis eorum.
၁၇ငါသည်အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည်။ ဘေးရောက်သောကာလ၌ သူတို့အား မျက်နှာကို မပြ၊ ကျောကိုပြမည်။
18 Et dixerunt: Venite, et cogitemus contra Ieremiam cogitationes: non enim peribit lex a sacerdote, neque consilium a sapiente, nec sermo a propheta: venite, et percutiamus eum lingua, et non attendamus ad universos sermones eius.
၁၈သူတို့ကလည်း လာကြ။ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌၎င်း၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု၌၎င်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်း အရှုံးမခံရ။ လာကြ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင် ဘဲနေကြကုန်အံ့ဟု ဆိုကြ၏။
19 Attende Domine ad me, et audi vocem adversariorum meorum.
၁၉အို ထာဝရဘုရား၊ အကျွန်ုပ်ကို ကြည့်ရှုတော် မူပါ။ အကျွန်ုပ်နှင့် ရန်တွေ့သော သူတို့၏ စကားကို မှတ်တော်မူပါ။
20 Numquid redditur pro bono malum, quia foderunt foveam animæ meæ? Recordare quod steterim in conspectu tuo, ut loquerer pro eis bonum, et averterem indignationem tuam ab eis.
၂၀ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည် လော။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှါ လျှောက်၍၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ၊ ရှေ့တော်၌ ရပ်နေ ကြောင်းကို အောက်မေ့တော်မူပါ။
21 Propterea da filios eorum in famem, et deduc eos in manus gladii: fiant uxores eorum absque liberis, et viduæ: et viri earum interficiantur morte: iuvenes eorum confodiantur gladio in prælio.
၂၁ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း၊ သူတို့သားသမီး များကို မွတ်သိပ်ခြင်းသို့၎င်း အပ်တော်မူပါ။ သူတို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့ လည်း စစ်တိုက်ပွဲ၌ထားဖြင့် ဆုံးကြပါစေသော။
22 Audiatur clamor de domibus eorum: adduces enim super eos latronem repente: quia foderunt foveam ut caperent me, et laqueos absconderunt pedibus meis.
၂၂စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ခြင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှါ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း ၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။
23 Tu autem Domine scis omne consilium eorum adversum me in mortem: ne propitieris iniquitati eorum, et peccatum eorum a facie tua non deleatur: fiant corruentes in conspectu tuo, in tempore furoris tui abutere eis.
၂၃အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော် မူ၏။ သူတို့ကို အပြစ်မှလွှတ်တော် မမူပါနှင့်။ မျက်မှောက် တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။

< Jeremiæ 18 >