< Jeremiæ 17 >

1 Peccatum Iuda scriptum est stylo ferreo in ungue adamantino, exaratum super latitudinem cordis eorum, et in cornibus ararum eorum.
ယုဒအမျိုး၏ အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌၎င်း၊ ယဇ်ပလ္လင် ဦးချို၌၎င်း အက္ခရာ တင်၍ မှတ်သားလျက်ရှိ၏။
2 Cum recordati fuerint filii eorum ararum suarum, et lucorum suorum, lignorumque frondentium in montibus excelsis,
သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။
3 sacrificantes in agro: fortitudinem tuam, et omnes thesauros tuos in direptionem dabo, excelsa tua propter peccata in universis finibus tuis.
အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
4 Et relinqueris sola ab hereditate tua, quam dedi tibi: et servire te faciam inimicis tuis in terra, quam ignoras: quoniam ignem succendisti in furore meo, usque in æternum ardebit.
သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ် အလာသောငါ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ။
5 Hæc dicit Dominus: Maledictus homo, qui confidit in homine, et ponit carnem brachium suum, et a Domino recedit cor eius.
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
6 Erit enim quasi myricæ in deserto, et non videbit cum venerit bonum: sed habitabit in siccitate in deserto, in terra salsuginis, et inhabitabili.
ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
7 Benedictus vir, qui confidit in Domino, et erit Dominus fiducia eius.
ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။
8 Et erit quasi lignum quod transplantatur super aquas, quod ad humorem mittit radices suas: et non timebit cum venerit æstus. Et erit folium eius viride, et in tempore siccitatis non erit solicitum, nec aliquando desinet facere fructum.
ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။
9 Pravum est cor omnium, et inscrutabile: quis cognoscet illud?
စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
10 Ego Dominus scrutans cor, et probans renes: qui do unicuique iuxta viam suam, et iuxta fructum adinventionum suarum.
၁၀ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ်၏။
11 Perdix fovit quæ non peperit: fecit divitias, et non in iudicio: in dimidio dierum suorum derelinquet eas, et in novissimo suo erit insipiens.
၁၁ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
12 Solium gloriæ altitudinis a principio, locus sanctificationis nostræ:
၁၂ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ်၏။
13 Expectatio Israel Domine: omnes, qui te derelinquunt, confundentur: recedentes a te, in terra scribentur: quoniam dereliquerunt venam aquarum viventium Dominum.
၁၃အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း။
14 Sana me Domine, et sanabor: salvum me fac, et salvus ero: quoniam laus mea tu es.
၁၄အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။
15 Ecce ipsi dicunt ad me: Ubi est verbum Domini? Veniat.
၁၅ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
16 Et ego non sum turbatus, te pastorem sequens: et diem hominis non desideravi, tu scis. Quod egressum est de labiis meis, rectum in conspectu tuo fuit.
၁၆အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့် တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။
17 Non sis tu mihi formidini, spes mea tu in die afflictionis.
၁၇အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေး ရောက်သော ကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
18 Confundantur qui me persequuntur, et non confundar ego: paveant illi, et non paveam ego: induc super eos diem afflictionis, et duplici contritione contere eos.
၁၈အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။
19 Hæc dicit Dominus ad me: Vade, et sta in porta filiorum populi, per quam ingrediuntur reges Iuda, et egrediuntur, et in cunctis portis Ierusalem:
၁၉ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ၌ သွား၍ရပ်လျက်၊
20 et dices ad eos: Audite verbum Domini reges Iuda, et omnis Iuda, cunctique habitatores Ierusalem, qui ingredimini per portas istas.
၂၀လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့။
21 Hæc dicit Dominus: Custodite animas vestras, et nolite portare pondera in die Sabbati: nec inferatis per portas Ierusalem.
၂၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
22 Et nolite eiicere onera de domibus vestris in die Sabbati, et omne opus non facietis: sanctificate diem Sabbati, sicut præcepi patribus vestris.
၂၂ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့။
23 Et non audierunt, nec inclinaverunt aurem suam: sed induraverunt cervicem suam ne audirent me, et ne acciperent disciplinam.
၂၃ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
24 Et erit: Si audieritis me, dicit Dominus, ut non inferatis onera per portas civitatis huius in die sabbati: et si sanctificaveritis diem sabbati, ne faciatis in eo omne opus:
၂၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊
25 Ingredientur per portas civitatis huius reges et principes, sedentes super solium David, et ascendentes in curribus et equis, ipsi et principes eorum, viri Iuda, et habitatores Ierusalem: et habitabitur civitas hæc in sempiternum.
၂၅ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။
26 Et venient de civitatibus Iuda, et de circuitu Ierusalem, et de terra Beniamin, et de campestribus, et de montuosis, et ab Austro, portantes holocaustum, et victimam, et sacrificium, et thus, et inferent oblationem in domum Domini.
၂၆မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
27 Si autem non audieritis me ut sanctificetis diem sabbati, et ne portetis onus, et ne inferatis per portas Ierusalem in die sabbati: succendam ignem in portis eius, et devorabit domos Ierusalem, et non extinguetur.
၂၇သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရု ရှလင်မြို့တံခါးများသို့မဝင်၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည်။

< Jeremiæ 17 >