< Genesis 24 >

1 Erat autem Abraham senex, dierumque multorum: et Dominus in cunctis benedixerat ei.
အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကို ကောင်းကြီး ပေးတော်မူပြီ။
2 Dixitque ad servum seniorem domus suæ, qui præerat omnibus quæ habebat: Pone manum tuam subter femur meum,
အာဗြဟံသည်၊ မိမိအိမ်သားတို့တွင် အသက်ကြီး ၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
3 ut adiurem te per Dominum, Deum cæli et terræ, ut non accipias uxorem filio meo de filiabus Chananæorum, inter quos habito:
သင်သည်၊ ငါနေသော ခါနာန်အမျိုးသမီးတို့ တွင်၊ ငါ့သားဘို့ မယားကို မရွေးမယူဘဲ၊
4 sed ad terram et cognationem meam proficiscaris, et inde accipias uxorem filio meo Isaac.
ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သား ဣဇာက်အဘို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင် ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေ ပါမည်ဟုဆို၏။
5 Respondit servus: Si noluerit mulier venire mecum in terram hanc, numquid reducere debeo filium tuum ad locum, de quo egressus es?
ကျွန်ကလည်း၊ မိန်းမသည်ဤပြည်သို့ ကိုယ်တော် ၏သားကို တဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
6 Dixitque Abraham: Cave nequando reducas filium meum illuc.
အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွား နှင့်။ သတိပြုလော့။
7 Dominus Deus cæli, qui tulit me de domo patris mei, et de terra nativitatis meæ, qui locutus est mihi, et iuravit mihi, dicens: Semini tuo dabo terram hanc: ipse mittet Angelum suum coram te, et accipies inde uxorem filio meo:
ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာပြည်မှ ၎င်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု၊ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူ သော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌ စေလွှတ်တော်မူ သဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဘို့ မယားကို ယူရလိမ့် မည်။
8 sin autem mulier noluerit sequi te, non teneberis iuramento: filium meum tantum ne reducas illuc.
မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်၊ သင် သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
9 Posuit ergo servus manum sub femore Abraham domini sui, et iuravit illi super sermone hoc.
ကျွန်သည် သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျန်ဆိုလေ၏။
10 Tulitque decem camelos de grege domini sui, et abiit, ex omnibus bonis eius portans secum, profectusque perrexit in Mesopotamiam ad urbem Nachor.
၁၀ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
11 Cumque camelos fecisset accumbere extra oppidum iuxta puteum aquæ vespere, tempore quo solent mulieres egredi ad hauriendam aquam, dixit:
၁၁မိန်းမများရေခပ်သော ညဦးယံအချိန်၌၊ မြို့ပြင် ရေတွင်းနားမှာ ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်၊
12 Domine Deus domini mei Abraham, occurre, obsecro, mihi hodie, et fac misericordiam cum domino meo Abraham.
၁၂အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရား ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
13 Ecce ego sto prope fontem aquæ, et filiæ habitatorum huius civitatis egredientur ad hauriendam aquam.
၁၃အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာ ရပ်နေ၍၊ ထိုမြို့သူသတို့ သမီးတို့သည်၊ ရေခပ်ခြင်းငှါလာကြသည် တွင်၊
14 Igitur puella, cui ego dixero: Inclina hydriam tuam ut bibam: et illa responderit, Bibe, quin et camelis tuis dabo potum: ipsa est, quam præparasti servo tuo Isaac: et per hoc intelligam quod feceris misericordiam cum domino meo.
၁၄အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကို ချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလား အုပ်တို့ကိုလည်း ရေတိုက်ပါမည်ဟု၊ ပြန်ဆိုသော သမီး သည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဘို့ ခန့်ထားတော် မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏ သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါ မည်ဟု လျှောက်ဆို၏။
15 Necdum intra se verba compleverat, et ecce Rebecca egrediebatur, filia Bathuel, filii Melchæ uxoris Nachor fratris Abraham, habens hydriam in scapula sua:
၁၅ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
16 puella decora nimis, virgoque pulcherrima, et incognita viro: descenderat autem ad fontem, et impleverat hydriam, ac revertebatur.
၁၆ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
17 Occurritque ei servus, et ait: Pauxillum aquæ mihi ad bibendum præbe de hydria tua.
၁၇ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊
18 Quæ respondit: Bibe domine mi. Celeriterque deposuit hydriam super ulnam suam, et dedit ei potum.
၁၈မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။
19 Cumque ille bibisset, adiecit: Quin et camelis tuis hauriam aquam, donec cuncti bibant.
၁၉ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊
20 Effundensque hydriam in canalibus, recurrit ad puteum ut hauriret aquam: et haustam omnibus camelis dedit.
၂၀အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
21 Ipse autem contemplabatur eam tacitus, scire volens utrum prosperum iter suum fecisset Dominus, an non.
၂၁ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
22 Postquam autem biberunt cameli, protulit vir inaures aureas, appendentes siclos duos, et armillas totidem pondo siclorum decem.
၂၂ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
23 Dixitque ad eam: Cuius es filia? indica mihi: est in domo patris tui locus ad manendum?
၂၃သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊
24 Quæ respondit: Filia sum Bathuelis, filii Melchæ, quem peperit ipsi Nachor.
၂၄မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
25 Et addidit, dicens: Palearum quoque et fœni plurimum est apud nos, et locus spatiosus ad manendum.
၂၅ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။
26 Inclinavit se homo, et adoravit Dominum,
၂၆ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊
27 dicens: Benedictus Dominus Deus domini mei Abraham, qui non abstulit misericordiam et veritatem suam a domino meo, et recto itinere me perduxit in domum fratris domini mei.
၂၇ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
28 Cucurrit itaque puella, et nunciavit in domum matris suæ omnia quæ audierat.
၂၈သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
29 Habebat autem Rebecca fratrem nomine Laban, qui festinus egressus est ad hominem, ubi erat fons.
၂၉ရေဗက္က၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
30 Cumque vidisset inaures et armillas in manibus sororis suæ, et audisset cuncta verba referentis: Hæc locutus est mihi homo: venit ad virum, qui stabat iuxta camelos, et prope fontem aquæ:
၃၀သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊
31 dixitque ad eum: Ingredere, benedicte Domini: cur foris stas? præparavi domum, et locum camelis.
၃၁ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32 Et introduxit eum in hospitium: ac destravit camelos, deditque paleas et fœnum, et aquam ad lavandos pedes eius, et virorum qui venerant cum eo.
၃၂ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။
33 Et appositus est in conspectu eius panis. Qui ait: Non comedam, donec loquar sermones meos. Respondit ei: Loquere.
၃၃သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
34 At ille: Servus, inquit, Abraham sum:
၃၄ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ ကျွန်ဖြစ်ပါ၏။
35 et Dominus benedixit domino meo valde, magnificatusque est: et dedit ei oves et boves, argentum et aurum, servos et ancillas, camelos et asinos.
၃၅ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
36 Et peperit Sara uxor domini mei filium domino meo in senectute sua, deditque illi omnia quæ habuerat.
၃၆ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင် အသက်အိုသောအခါ၊ သူ့အားသားကို ဘွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ။
37 Et adiuravit me dominus meus, dicens: Non accipies uxorem filio meo de filiabus Chananæorum, in quorum terra habito:
၃၇ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးဘဲ၊
38 sed ad domum patris mei perges, et de cognatione mea accipies uxorem filio meo:
၃၈ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။
39 ego vero respondi domino meo: Quid si noluerit venire mecum mulier?
၃၉အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
40 Dominus, ait, in cuius conspectu ambulo, mittet Angelum suum tecum, et diriget viam tuam: accipiesque uxorem filio meo de cognatione mea, et de domo patris mei.
၄၀သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။
41 Innocens eris a maledictione mea, cum veneris ad propinquos meos, et non dederint tibi.
၄၁ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော၏။
42 Veni ergo hodie ad fontem aquæ, et dixi: Domine Deus domini mei Abraham, si direxisti viam meam, in qua nunc ambulo,
၄၂ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင်၊
43 ecce sto iuxta fontem aquæ, et virgo, quæ egredietur ad hauriendam aquam, audierit a me: Da mihi pauxillum aquæ ad bibendum ex hydria tua:
၄၃အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက် ဘို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊
44 et dixerit mihi: Et tu bibe, et camelis tuis hauriam: ipsa est mulier quam præparavit Dominus filio domini mei.
၄၄သောက်ပါ။သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ် တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို၏။
45 Dumque hæc tacitus mecum volverem, apparuit Rebecca veniens cum hydria, quam portabat in scapula: descenditque ad fontem, et hausit aquam. Et aio ad eam: Da mihi paululum bibere.
၄၅ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
46 Quæ festinans deposuit hydriam de humero, et dixit mihi: Et tu bibe, et camelis tuis tribuam potum. Bibi, et adaquavit camelos.
၄၆သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကို လည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။
47 Interrogavique eam, et dixi: Cuius es filia? Quæ respondit: Filia Bathuelis sum, filii Nachor, quem peperit ei Melcha. Suspendi itaque inaures ad ornandam faciem eius, et armillas posui in manibus eius.
၄၇ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ၏ မျက်နှာ၌နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊
48 Pronusque adoravi Dominum, benedicens Domino Deo domini mei Abraham, qui perduxit me recto itinere, ut sumerem filiam fratris domini mei filio eius.
၄၈ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။
49 Quam ob rem si facitis misericordiam et veritatem cum domino meo, indicate mihi: sin autem aliud placet, et hoc dicite mihi, ut vadam ad dextram, sive ad sinistram.
၄၉ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50 Responderuntque Laban et Bathuel: A Domino egressus est sermo: non possumus extra placitum eius quidquam aliud loqui tecum.
၅၀လာဗန်နှင့်ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
51 En Rebecca coram te est, tolle eam, et proficiscere, et sit uxor filii domini tui, sicut locutus est Dominus.
၅၁ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါ လော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏ သခင်သား၏ မယားဖြစ်စေဟုပြန်ဆို၏။
52 Quod cum audisset puer Abraham, procidens adoravit in terram Dominum.
၅၂ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53 Prolatisque vasis argenteis, et aureis, ac vestibus, dedit ea Rebecca pro munere: fratribus quoque eius, et matri dona obtulit.
၅၃ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
54 Inito convivio, vescentes pariter et bibentes manserunt ibi. Surgens autem mane, locutus est puer: Dimitte me, ut vadam ad dominum meum.
၅၄သူနှင့်သူ၏အဘော်အပေါင်းတို့သည်၊ စား သောက်၍ ညဉ့်ကို လွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
55 Responderuntque fratres eius, et mater: Maneat puella saltem decem dies apud nos, et postea proficiscetur.
၅၅မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
56 Nolite, ait, me retinere, quia Dominus direxit viam meam: dimittite me ut pergam ad dominum meum.
၅၆ထိုသူကလည်း၊ ကျွန်ုပ်ကို မဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့ သွားရသော အခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
57 Et dixerunt: Vocemus puellam, et quæramus ipsius voluntatem.
၅၇သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကို မေးပါဦးမည်ဟု ဆိုသည်နှင့်၊
58 Cumque vocata venisset, sciscitati sunt: Vis ire cum homine isto? Quæ ait: Vadam.
၅၈ရေဗက္ကကိုခေါ်၍ သင်သည်ဤလူနှင့်အတူ ယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည် ဟုဆို၏။
59 Dimiserunt ergo eam, et nutricem illius, servumque Abraham, et comites eius,
၅၉သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။
60 imprecantes prospera sorori suæ, atque dicentes: Soror nostra es, crescas in mille millia, et possideat semen tuum portas inimicorum suorum.
၆၀ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမ ဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
61 Igitur Rebecca, et puellæ illius, ascensis camelis, secutæ sunt virum: qui festinus revertebatur ad dominum suum:
၆၁ရေဗက္ကနှင့်သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူ လိုက်ကြ ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်သူ သွားလေ၏။
62 eo autem tempore deambulabat Isaac per viam quæ ducit ad Puteum, cuius nomen est Viventis, et videntis: habitabat enim in terra australi:
၆၂ထိုအခါ တောင်ပြည်အတွင်း၌ နေသော ဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည် ဖြစ်၍၊
63 et egressus fuerat ad meditandum in agro, inclinata iam die: cumque elevasset oculos, vidit camelos venientes procul.
၆၃ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ် သို့ထွက်သွား၍၊ မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏။
64 Rebecca quoque, conspecto Isaac, descendit de camelo,
၆၄ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
65 et ait ad puerum: Quis est ille homo qui venit per agrum in occursum nobis? Dixitque ei: Ipse est dominus meus. At illa tollens cito pallium, operuit se.
၆၅ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။
66 Servus autem cuncta, quæ gesserat, narravit Isaac.
၆၆ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊
67 Qui introduxit eam in tabernaculum Saræ matris suæ, et accepit eam uxorem: et in tantum dilexit eam, ut dolorem, qui ex morte matris eius acciderat, temperaret.
၆၇ဣဇာက်သည် မိမိအမိစာရာ၏ တဲသို့ ရေဗက္က ကို ဆောင်ယူ၍ စုံဘက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့ သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ ရောက် လေ၏။

< Genesis 24 >