< Deuteronomii 5 >

1 Vocavitque Moyses omnem Israelem, et dixit ad eum: Audi Israel ceremonias atque iudicia, quæ ego loquor in auribus vestris hodie: discite ea, et opere complete.
တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ်၍၊ အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အား ငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ ကျင့်ခြင်းငှာ သတိပြုမည် အကြောင်း နားထောင်ကြလော့။
2 Dominus Deus noster pepigit nobiscum fœdus in Horeb.
ငါတို့ဘုရားသခင် ထာဝရဘုရားသည် ဟောရပ် တောင်၌ ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။
3 Non cum patribus nostris iniit pactum, sed nobiscum qui in præsentiarum sumus, et vivimus.
ထိုပဋိညာဉ်တရားကို ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင် အသက်ရှင်၍ ဤအရပ်၌ ရှိသမျှသော ငါတို့နှင့် ပြုတော်မူ၏။
4 Facie ad faciem locutus est nobis in monte de medio ignis.
ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲက သင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။
5 Ego sequester et medius fui inter Dominum et vos in tempore illo, ut annunciarem vobis verba eius. Timuistis enim ignem, et non ascendistis in montem, et ait:
ထိုအခါ သင်တို့သည် မီးကိုကြောက်၍ တောင် ပေါ်သို့ မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာ ရပ်နေ၏။
6 Ego Dominus Deus tuus, qui eduxi te de Terra Ægypti de domo servitutis.
မိန့်မြွက်တော်မူသော စကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
7 Non habebis deos alienos in conspectu meo.
ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။
8 Non facies tibi sculptile, nec similitudinem omnium, quæ in cælo sunt desuper, et quæ in terra deorsum, et quæ versantur in aquis sub terra.
အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက် ရေထဲ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့ မလုပ်နှင့်။
9 Non adorabis ea, et non coles. Ego enim sum Dominus Deus tuus: Deus æmulator, reddens iniquitatem patrum super filios in tertiam et quartam generationem his qui oderunt me,
ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူ တို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊
10 et faciens misericordiam in multa millia diligentibus me, et custodientibus præcepta mea.
၁၀ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကို ပြသောဘုရား ဖြစ်၏။
11 Non usurpabis nomen Domini Dei tui frustra: quia non erit impunitus qui super re vana nomen eius assumpserit.
၁၁သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမ တော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူ ကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။
12 Observa diem Sabbati, ut sanctifices eum, sicut præcepit tibi Dominus Deus tuus.
၁၂သင်၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကို စောင့်လော့။
13 Sex diebus operaberis, et facies omnia opera tua.
၁၃ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။
14 Septimus dies Sabbati est, id est, requies Domini Dei tui. Non facies in eo quidquam operis tu, et filius tuus, et filia, servus et ancilla, et bos, et asinus, et omne iumentum tuum, et peregrinus qui est intra portas tuas: ut requiescat servus tuus, et ancilla tua, sicut et tu.
၁၄သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်း အစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌ နေ သော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာ နေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ်စွာ နေရကြမည်။
15 Memento quod et ipse servieris in Ægypto, et eduxerit te inde Dominus Deus tuus in manu forti, et brachio extento. Idcirco præcepit tibi ut observares diem Sabbati.
၁၅သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင် တော်မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်း ကြောင့်၊ သင်သည် ဥပုပ်နေ့ကို စောင့်ရမည်ဟု သင်၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၏။
16 Honora patrem tuum et matrem, sicut præcepit tibi Dominus Deus tuus, ut longo vivas tempore, et bene sit tibi in Terra, quam Dominus Deus tuus daturus est tibi.
၁၆သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနား တော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ မိဘကို ရိုသေစွာပြုလော့။
17 Non occides.
၁၇လူအသက်ကို မသတ်နှင့်။
18 Neque mœchaberis.
၁၈သူ့မယားကိုမပြစ်မှားနှင့်။
19 Furtumque non facies.
၁၉သူ့ဥစ္စာကို မခိုးနှင့်။
20 Nec loqueris contra proximum tuum falsum testimonium.
၂၀ကိုယ်နှင့်စပ်ဆိုင်သောသူ တဘက်၌ မမှန်သော သက်သေကို မခံနှင့်။
21 Non concupisces uxorem proximi tui: non domum, non agrum, non servum, non ancillam, non bovem, non asinum, et universa quæ illius sunt.
၂၁ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယားကို တပ်မက် သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာ တစုံတခုမျှ တပ်မက် လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
22 Hæc verba locutus est Dominus ad omnem multitudinem vestram in monte de medio ignis et nubis, et caliginis, voce magna, nihil addens amplius: et scripsit ea in duabus tabulis lapideis, quas tradidit mihi.
၂၂ထိုစကားတော်ကို ထာဝရဘုရားသည် တောင် ပေါ်မှာ မီး၊ မိုဃ်းတိမ်၊ ထူထပ်သော မှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သက်တို့စည်းဝေးရာ ပရိသတ် အပေါင်းတို့အား မိန့်မြွက်တော်မူ၏။ ထပ်၍ မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြား ပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။
23 Vos autem postquam audistis vocem de medio tenebrarum, et montem ardere vidistis, accessistis ad me omnes principes tribuum et maiores natu, atque dixistis:
၂၃သင်တို့သည် မှောင်မိုက်ထဲက စကားသံကို ကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့မျိုးနွယ်တို့၌ မင်းဖြစ်သောသူ၊ အသက်ကြီးသူ တို့သည် ငါ့ထံသို့ချဉ်းကပ်၍၊
24 Ecce ostendit nobis Dominus Deus noster maiestatem et magnitudinem suam. Vocem eius audivimus de medio ignis, et probavimus hodie quod loquente Deo cum homine, vixerit homo.
၂၄အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အား ပြတော် မူပြီ။ မီးထဲက စကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့်နှုတ်ဆက်တော် မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည် သိမြင်ရပါပြီ။
25 Cur ergo moriemur, et devorabit nos ignis hic maximus? Si enim audierimus ultra vocem Domini Dei nostri, moriemur.
၂၅အကျွန်ုပ်တို့သည် အဘယ်ကြောင့် ယခုသေရပါ မည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံးပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသော အသံတော်ကိုတဖန်ကြားရလျှင် သေရပါလိမ့်မည်။
26 Quid est omnis caro, ut audiat vocem Dei viventis, qui de medio ignis loquitur sicut nos audivimus, et possit vivere?
၂၆အသက်ရှင်တော်မူသော ဘုရားသခင်သည်မီးထဲက မိန့်မြွက်တော် မူသော အသံတော်ကို အကျွန်ုပ်တို့ ကြားရ သကဲ့သို့ အဘယ်လူ သတ္တဝါသည် ကြား၍ အသက်ရှင် သနည်း။
27 Tu magis accede: et audi cuncta quæ dixerit Dominus Deus noster tibi: loquerisque ad nos, et nos audientes faciemus ea.
၂၇ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်ဟု လျှောက်ဆိုကြ၏။
28 Quod cum audisset Dominus, ait ad me: Audivi vocem verborum populi huius quæ locuti sunt tibi: bene omnia sunt locuti.
၂၈ထိုသို့ သင်တို့သည် ငါ့အားလျှောက်သော စကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရား ကလည်း၊ ဤလူမျိုးသည် သင့်အား လျှောက်သော စကားသံကို ငါကြားရပြီ။ လျှောက်လေသမျှသော စကား သည် လျောက်ပတ်ပေ၏။
29 Quis det talem eos habere mentem, ut timeant me, et custodiant universa mandata mea in omni tempore, ut bene sit eis et filiis eorum in sempiternum?
၂၉သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ် သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။
30 Vade et dic eis: Revertimini in tentoria vestra.
၃၀တဲများသို့ ပြန်သွားကြလော့ဟု သူတို့အား ပြောလော့။
31 Tu vero hic sta mecum, et loquar tibi omnia mandata mea, et ceremonias atque iudicia: quæ docebis eos, ut faciant ea in Terra, quam dabo illis in possessionem.
၃၁သင်မှာမူကား၊ ဤအရပ်၌ ငါ့အနားမှာရပ်နေ လော့။ သူတို့အား ငါအပိုင်ပေးသော ပြည်၌ သူတို့ကျင့်ဘို့ ရာ သင်သည် သူတို့အား သွန်သင်ရသော စီရင်ထုံး ဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
32 Custodite igitur et facite quæ præcepit Dominus Deus vobis: non declinabitis neque ad dexteram, neque ad sinistram:
၃၂သို့ဖြစ်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည် ကျင့်အံ့သော ငှာ စောင့်နေရကြမည်။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။
33 sed per viam, quam præcepit Dominus Deus vester, ambulabitis, ut vivatis, et bene sit vobis, et protelentur dies in terra possessionis vestræ.
၃၃သင်တို့ ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည် အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ ရှောက်သွား ရကြမည်။

< Deuteronomii 5 >