< Ii Samuelis 23 >

1 Hæc autem sunt verba David novissima. Dixit David filius Isai: Dixit vir, cui constitutum est de Christo Dei Iacob, egregius psaltes Israel:
ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ချိုမြိန်စွာ သီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရော ဖက်စကားဟူမူကား၊
2 Spiritus Domini locutus est per me, et sermo eius per linguam meam.
ထာဝရဘုရား၏ ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ တည်၏။
3 Dixit Deus Israel mihi, locutus est Fortis Israel, Dominator hominum, iustus dominator in timore Dei:
ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလ အမျိုး၏ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည် ကား၊ လူတို့ကို အုပ်စိုးသော သူသည်တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။
4 sicut lux auroræ, oriente sole, mane absque nubibus rutilat, et sicut pluviis germinat herba de terra.
မိုဃ်းမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့၎င်း၊ မိုဃ်းရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5 Nec tanta est domus mea apud Deum, ut pactum æternum iniret mecum firmum in omnibus atque munitum. Cuncta enim salus mea, et omnis voluntas: nec est quidquam ex ea quod non germinet.
ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာ စီရင်၍ မပျက် နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။
6 Prævaricatores autem quasi spinæ evellentur universi: quæ non tolluntur manibus.
အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။
7 Et si quis tangere voluerit eas, armabitur ferro et ligno lanceato, igneque succensæ comburentur, usque ad nihilum.
ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
8 Hæc nomina fortium David. Sedens in cathedra sapientissimus princeps inter tres, ipse est quasi tenerrimus ligni vermiculus, qui octingentos interfecit impetu uno.
ဒါဝိဒ်၏အမှုတော်ထမ်းသူရဲကြီးတို့၏ အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုးယာဧရှာဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တခါ တည်းတိုက်၍ လုပ်ကြံလေ၏။
9 Post hunc, Eleazar filius patrui eius Ahohites inter tres fortes, qui erant cum David quando exprobraverunt Philisthiim, et congregati sunt illuc in prælium.
သူနောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံး ယောက်အဝင်ဖြစ်၏။ စစ်တိုက်ခြင်းငှါ စုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ် သွားသောအခါ၊
10 Cumque ascendissent viri Israel, ipse stetit et percussit Philisthæos donec deficeret manus eius, et obrigesceret cum gladio: fecitque Dominus salutem magnam in die illa: et populus, qui fugerat, reversus est ad cæsorum spolia detrahenda.
၁၀ထိုသူသည် လက်ညောင်း၍ထား၌မှီလျက်နေရ သည်တိုင်အောင် ထ၍ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ကြီးစွာသော အောင်မြင်ခြင်း ကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူခြင်းငှါသာ ပြန်လာကြ၏။
11 Et post hunc, Semma filius Age de Arari. Et congregati sunt Philisthiim in statione: erat quippe ibi ager lente plenus. Cumque fugisset populus a facie Philisthiim,
၁၁သူ့နောက်မှာ ဟရရိအမျိုးအာဂိ၏သားရှမ္မ သည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြ သောအခါ၊
12 stetit ille in medio agri, et tuitus est eum, percussitque Philisthæos: et fecit Dominus salutem magnam.
၁၂ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မ လျက် ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသော အောင်ခြင်းကို ပြုတော်မူ၏။
13 Necnon et ante descenderant tres qui erant principes inter triginta, et venerant tempore messis ad David in speluncam Odollam: castra autem Philisthinorum erant posita in Valle gigantum.
၁၃ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာ ကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိ လူတို့သည် ရေဖိမ်ချိုင်၌တပ်ချလျက် ရှိကြ၏။
14 Et David erat in præsidio: porro statio Philisthinorum tunc erat in Bethlehem.
၁၄ထိုအခါဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။
15 Desideravit ergo David, et ait: O si quis mihi daret potum aquæ de cisterna, quæ est in Bethlehem iuxta portam!
၁၅ဒါဝိဒ်ကလည်း၊ တစုံတယောက်သော သူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသော စိတ်နှင့် ဆိုသော်၊
16 Irruperunt ergo tres fortes castra Philisthinorum, et hauserunt aquam de cisterna Bethlehem, quæ erat iuxta portam, et attulerunt ad David: at ille noluit bibere, sed libavit eam Domino,
၁၆ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကို ဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌သွန်းလျက်၊
17 dicens: Propitius sit mihi Dominus, ne faciam hoc: num sanguinem hominum istorum, qui profecti sunt, et animarum periculum bibam? Noluit ergo bibere. Hæc fecerunt tres robustissimi.
၁၇အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှု သည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ် အသက်ကိုမနှမြောဘဲသွားသော သူတို့၏အသွေးဖြစ်ပါ သည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကိုပြုကြ၏။
18 Abisai quoque frater Ioab filius Sarviæ, princeps erat de tribus: ipse est qui levavit hastam suam contra trecentos, quos interfecit, nominatus in tribus,
၁၈ဇေရုယာသားယွာဘညီအဘိရှဲသည်လည်း သူရဲ သုံးယောက်တွင် အကြီးဖြစ်၏။ သူသည်လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲ သုံးယောက်အဝင်နေရာရသတည်း။
19 et inter tres nobilior, eratque eorum princeps, sed usque ad tres primos non pervenerat.
၁၉သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော် လည်း ပဌမသူရဲသုံးယောက်တို့ကိုမမှီ။
20 Et Banaias filius Ioiadæ viri fortissimi, magnorum operum, de Cabseel: ipse percussit duos leones Moab, et ipse descendit, et percussit leonem in media cisterna in diebus nivis.
၂၀အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား သူရဲယောယဒ၏ သားဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။
21 Ipse quoque interfecit virum Ægyptium, virum dignum spectaculo, habentem in manu hastam: itaque cum descendisset ad eum in virga, vi extorsit hastam de manu Ægyptii, et interfecit eum hasta sua.
၂၁ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည်လှံကို ကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝေးကိုသာ ကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့်သူ့ကို သတ်၏။
22 Hæc fecit Banaias filius Ioiadæ.
၂၂ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။
23 Et ipse nominatus inter tres robustos, qui erant inter triginta nobiliores: verumtamen usque ad tres non pervenerat: fecitque eum sibi David auricularium, a secreto.
၂၃ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပဌမ သူရဲသုံးယောက်တို့ကို မမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်းပေး၏။
24 Asael frater Ioab inter triginta, Elehanan filius patrui eius de Bethlehem,
၂၄ယွာဘညီအာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
25 Semma de Harodi, Elica de Harodi,
၂၅ဟရောဒိအမျိုးရှမ္မ၊ ဟရောဒိအမျိုးဧလိက၊
26 Heles de Phalti, Hira filius Acces de Thecua,
၂၆ဖာလတိအမျိုးဟေလက်၊ တေကောအမျိုး ဣကေရှ၏သား ဣရ၊
27 Abiezer de Anathoth, Mobonnai de Husati,
၂၇အနေသောသိအမျိုးအဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊
28 Selmon Ahohites, Maharai Netophathites,
၂၈အဟောဟိအမျိုးဇာလမုန်၊ နေတော ဖာသိအမျိုး မဟာရဲ၊
29 Heled filius Baana, et ipse Netophathites, Ithai filius Ribai de Gabaath filiorum Beniamin,
၂၉နေတာဖာသိအမျိုးဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုးဂိဗာမြို့နေ၊ ရိဘဲ၏ သားအိတ္တဲ၊
30 Banaia Pharathonites, Heddai de Torrente Gaas,
၃၀ပိရသောနိအမျိုးဗေနာယ၊ ဂါရှချိုင့် သားဟိဒ္ဒဲ၊
31 Abialbon Arbathites, Azmaveth de Beromi,
၃၁အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊
32 Eliaba de Salaboni. Filii Iassen, Ionathan,
၃၂ရှာလဗောနိ အမျိုးဧလျာဘ၊ ယာရှင်၏သား တို့တွင် ယောနသန်၊
33 Semma de Orori, Aiam filius Sarar Arorites,
၃၃ဟာရရိအမျိုးရှမ္မ၊ ဟာရရိအမျိုးရှာရ၏ သား အဟိအံ၊
34 Eliphelet filius Aasbai filii Machati, Eliam filius Achitophel Gelonites,
၃၄မာခါသိအမျိုးအဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သားဧလျံ၊
35 Hesrai de Carmelo, Pharai de Arbi,
၃၅ကရမေလ အမျိုးဟေဇရဲ၊ အာဘိအမျိုးဖာရဲ၊
36 Igaal filius Nathan de Soba, Bonni de Gadi,
၃၆ဇောဘအမျိုးနာသန်၏သား ဣဂါလ၊ ဂဒ်အမျိုး ဗာနိ၊
37 Selec de Ammoni, Naharai Berothites armiger Ioab filii Sarviæ,
၃၇အမ္မုန်အမျိုးဇေလက်၊ ဇေရုယာ၏သားယွာဘ ၏ လက်နက်ဆောင်လုလင် ဗေရောသိအမျိုးနဟာရဲ၊
38 Ira Iethrites, Gareb et ipse Iethrites,
၃၈ဣသရိ အမျိုးဣရ၊ ဣသရိအမျိုးဂါရက်၊
39 Urias Hethæus. Omnes triginta septem.
၃၉ဟိတ္တိအမျိုးဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက် တည်း။

< Ii Samuelis 23 >