< Ii Regum 3 >

1 Ioram vero filius Achab regnavit super Israel in Samaria anno decimo octavo Iosaphat regis Iudæ. Regnavitque duodecim annis.
ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ရှစ် နှစ် တွင် ၊ အာဟပ် သား ယောရံ သည်ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို စိုးစံ ၏
2 Et fecit malum coram Domino, sed non sicut pater suus et mater: tulit enim statuas Baal, quas fecerat pater eius.
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။ သို့ရာတွင် မိဘ ကဲ့သို့ မ ပြု။ ခမည်း တော်လုပ် သော ဗာလ ရုပ်တု ကို ပယ်ရှား ၏
3 Verumtamen in peccatis Ieroboam filii Nabat, qui peccare fecit Israel, adhæsit, nec recessit ab eis.
သို့သော်လည်း ဣသရေလ အမျိုးကို ပြစ်မှား စေ သော နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ် ကို မ ရှောင် ၊ မှီဝဲ ၏
4 Porro Mesa rex Moab, nutriebat pecora multa, et solvebat regi Israel centum millia agnorum, et centum millia arietum cum velleribus suis.
မောဘ မင်းကြီး မေရှာ သည်သိုးထိန်း ကြီး ဖြစ် ၍ ၊ ဣသရေလ ရှင်ဘုရင် အား သိုးသငယ် တသိန်း နှင့် အမွေး ပါသောသိုးထီး တသိန်း ကို ဆက် ရ၏
5 Cumque mortuus fuisset Achab, prævaricatus est fœdus, quod habebat cum rege Israel.
အာဟပ် သေ သောအခါ ၊ မောဘ မင်းကြီး သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏
6 Egressus est igitur rex Ioram in die illa de Samaria, et recensuit universum Israel.
ထိုအခါ ယောရံ မင်းကြီး သည် ရှမာရိ မြို့ထဲ က ထွက် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို စာရင်း ယူ၏
7 Misitque ad Iosaphat regem Iuda, dicens: Rex Moab recessit a me, veni mecum contra eum ad prælium. Qui respondit: Ascendam: qui meus est, tuus est: populus meus, populus tuus: et equi mei, equi tui.
ယုဒ ရှင်ဘုရင် ယောရှဖတ် ထံ သို့လူကိုစေလွှတ် ၍ ၊ မောဘ မင်းကြီး သည် ငါ့ ကို ပုန်ကန် ပြီ။ မောဘ ပြည်ကို စစ်တိုက် ခြင်းငှါ ငါ နှင့်အတူ လိုက် မည်လော ဟု မေး လျှင် ၊ ယောရှဖတ်က ငါလိုက် မည်။ ငါ သည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏ လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ပြန်ပြော ၏
8 Dixitque: Per quam viam ascendemus? At ille respondit: Per desertum Idumææ.
အဘယ် လမ်း ဖြင့် စစ်ချီရမည်နည်းဟုမေး သော် ၊ ဧဒုံ တော လမ်း ဖြင့် ချီ ရမည်ဟုပြန်ပြော ၏
9 Perrexerunt igitur rex Israel, et rex Iuda, et rex Edom, et circuierunt per viam septem dierum, nec erat aqua exercitui, et iumentis, quæ sequebantur eos.
ထိုသို့ ဣသရေလ ရှင်ဘုရင် ၊ ယုဒ ရှင်ဘုရင် ၊ ဧဒုံ ရှင် ဘုရင်တို့သည် ဝိုင်း ၍ ခုနှစ် ရက် ခရီး သွား ကြ၏။ ဗိုလ်ခြေ များ သောက်စရာ၊ ပါသောတိရစ္ဆာန် များသောက် စရာ ရေ မ ရှိ။
10 Dixitque rex Israel: Heu, heu, heu! Congregavit nos Dominus tres reges, ut traderet in manus Moab.
၁၀ဣသရေလ ရှင်ဘုရင် က၊ ခက် လှပြီ။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို ၏
11 Et ait Iosaphat: Est ne hic propheta Domini, ut deprecemur Dominum per eum? Et respondit unus de servis regis Israel: Est hic Eliseus filius Saphat, qui fundebat aquam super manus Eliæ.
၁၁ယောရှဖတ် ကလည်း၊ ထာဝရဘုရား ၌ မေး လျှောက် မည်အကြောင်း ၊ ထာဝရဘုရား ၏ ပရောဖက် တယောက်မျှမ ရှိသလောဟုမေး လျှင် ၊ ဣသရေလ ရှင်ဘုရင် ၏ ကျွန် တယောက် က၊ ဧလိယ လက် ထောက် ရှာဖတ် သား ဧလိရှဲ ရှိပါ၏ဟု လျှောက် သော်၊ “
12 Et ait Iosaphat: Est apud eum sermo Domini. Descenditque ad eum rex Israel, et Iosaphat rex Iuda, et rex Edom.
၁၂ယောရှဖတ် က၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် သူ ၌ရှိ တော်မူသည်ဟုဆို လျက် ၊ ရှင် ဘုရင်သုံးပါးတို့သည် ဧလိရှဲ ထံသို့ သွား ကြ၏
13 Dixit autem Eliseus ad regem Israel: Quid mihi et tibi est? Vade ad prophetas patris tui, et matris tuæ. Et ait illi rex Israel: Quare congregavit Dominus tres reges hos, ut traderet eos in manus Moab?
၁၃ဧလိရှဲ သည် ဣသရေလ ရှင်ဘုရင် အား လည်း ၊ ငါ သည်သင် နှင့် အဘယ် သို့ဆိုင်သနည်း။ သင့် အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက် တို့ထံသို့ သွား လော့ဟု ဆို လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ မ ဆိုပါနှင့်။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို သော်၊ “
14 Dixitque ad eum Eliseus: Vivit Dominus exercituum, in cuius conspectu sto, quod si non vultum Iosaphat regis Iudæ erubescerem, non attendissem quidem te, nec respexissem.
၁၄ဧလိရှဲ က၊ ငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ အကယ်၍ယုဒ ရှင်ဘုရင် ယောရှဖတ် ၏ မျက်နှာ ကို ငါ မ ထောက် လျှင်၊ သင့် ကို ငါမ ကြည့် မ မြင် လို
15 Nunc autem adducite mihi psaltem. Cumque caneret psaltes, facta est super eum manus Domini, et ait:
၁၅စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီး သောအခါ ၊ ထာဝရဘုရား ၏ လက် တော်သည် ဧလိရှဲ အပေါ် သို့ ရောက် ၍၊ “
16 Hæc dicit Dominus: Facite alveum torrentis huius fossas, et fossas.
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ချိုင့် ပတ်လည် ၌ ဆယ် ပေါင်းတို့ကို လုပ် ကြလော့
17 Hæc enim dicit Dominus: Non videbitis ventum, neque pluviam: et alveus iste replebitur aquis, et bibetis vos, et familiæ vestræ, et iumenta vestra.
၁၇အကြောင်း မူကား၊ သင် တို့နှင့် တိရစ္ဆာန် တို့သည် သောက် စရာဘို့ လေ မ လာ ၊ မိုဃ်း မ ရွာ ဘဲ ဤ ချိုင့် သည် ရေ နှင့် ပြည့် လိမ့်မည်
18 Parumque est hoc in conspectu Domini: insuper tradet etiam Moab in manus vestras.
၁၈ထို အမှုသည် ထာဝရဘုရား ရှေ့ တော်၌ သာမည အမှုဖြစ်သေး၏။ မောဘ လူတို့ကိုလည်း သင် တို့လက် သို့ အပ် တော်မူမည်
19 Et percutietis omnem civitatem munitam, et omnem urbem electam, et universum lignum fructiferum succidetis, cunctosque fontes aquarum obturabitis, et omnem agrum egregium operietis lapidibus.
၁၉သင်တို့သည် ခိုင်ခံ့ ထူးဆန်းသော မြို့ ရှိသမျှ တို့ကို လုပ်ကြံ ကြလိမ့်မည်။ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြလိမ့်မည်။ ရေ တွင်း ရှိသမျှ တို့ကို မြေ ဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှ တို့ကို ကျောက်ခဲ နှင့် ဖျက် ကြ လိမ့်မည်ဟု မိန့် တော်မူ၏
20 Factum est igitur mane, quando sacrificium offerri solet, et ecce, aquæ veniebant per viam Edom, et repleta est terra aquis.
၂၀နံနက် အချိန် ဘောဇဉ် ပူဇော်သက္ကာကို ပူဇော် သောအခါ ၊ ရေ သည် ဧဒုံ လမ်း ဖြင့် လာ ၍ တပြည်လုံး ကို လွှမ်း လေ၏
21 Universi autem Moabitæ audientes quod ascendissent reges ut pugnarent adversum eos, convocaverunt omnes qui accincti erant balteo desuper, et steterunt in terminis.
၂၁ရှင် ဘုရင်တို့သည် စစ်ချီ၍ လာ ကြောင်း ကို မောဘ ပြည်သားအပေါင်း တို့သည် ကြား သောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှ တို့ကို စုဝေး စေ၍ ၊ ပြည် စွန်းနား မှာ တပ်ချ ကြ၏
22 Primoque mane surgentes, et orto iam sole ex adverso aquarum, viderunt Moabitæ econtra aquas rubras quasi sanguinem,
၂၂နံနက် စောစောထ သောအခါ ၊ ရေ ပေါ် မှာ နေ ရောင်ထင် ၍ ၊ ပြည် တဘက် ၌ ရေ သည်အသွေး ကဲ့သို့ နီ သည်ကို မောဘ ပြည်သားတို့သည် မြင် ကြလျှင်၊”
23 dixeruntque: Sanguis gladii est: pugnaverunt reges contra se, et cæsi sunt mutuo: nunc perge ad prædam Moab!
၂၃အသွေး ဖြစ်၏။ စင်စစ်ရှင် ဘုရင်တို့သည် တယောက် ကိုတယောက်လုပ်ကြံ ၍ သေ ကြပြီ။ သို့ဖြစ်၍ မောဘ ပြည်သားတို့၊ လု ယူကြလော့ဟု ဆို ကြ၏
24 Perrexeruntque in castra Israel: porro consurgens Israel, percussit Moab: at illi fugerunt coram eis. Venerunt igitur qui vicerant, et percusserunt Moab,
၂၄ဣသရေလ တပ် သို့ ရောက် သောအခါ ၊ ဣသရေလ လူတို့သည် ထ ၍ မောဘ ပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် မောဘ ပြည်ထဲသို့ တိုင်အောင်လိုက် ၍ လုပ်ကြံ ကြ၏
25 et civitates destruxerunt: et omnem agrum optimum, mittentes singuli lapides, repleverunt: et universos fontes aquarum obturaverunt: et omnia ligna fructifera succiderunt, ita ut muri tantum fictiles remanerent: et circumdata est civitas a fundibulariis, et magna ex parte percussa.
၂၅မြို့ တို့ကိုဖြိုဖျက် ကြ၏။ ကောင်း သော မြေကွက် ရှိသမျှ တို့အပေါ်မှာ လူ အပေါင်းတို့သည် ကျောက်ခဲ ပစ်ချ ၍ ဖုံးလွှမ်း ကြ၏။ ရေ တွင်း ရှိသမျှ တို့ကိုလည်း မြေ ဖို့ ၍ ၊ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြ၏။ ကိရဟရက် မြို့၌ သာ မြို့ရိုး ကို ချန် ထားရာတွင်၊ လောက်လွှဲ သမားတို့သည် ဝိုင်း ၍ ပစ် ကြ၏
26 Quod cum vidisset rex Moab, prævaluisse scilicet hostes, tulit secum septingentos viros educentes gladium, ut irrumperent ad regem Edom: et non potuerunt.
၂၆မောဘ မင်းကြီး သည် အတိုက်မခံနိုင်သည်ကို သိ သောအခါ ၊ ထား ကိုင် သောသူ ခုနစ် ရာ ကို ခေါ် ၍ ဧဒုံ ရှင်ဘုရင် ၏ တပ် ကို ဖျက် မည်ဟု အားထုတ် သော်လည်း မ ဖျက်နိုင်။
27 Arripiensque filium suum primogenitum, qui regnaturus erat pro eo, obtulit holocaustum super murum: et facta est indignatio magna in Israel, statimque recesserunt ab eo, et reversi sunt in terram suam.
၂၇နောက်မှ မိမိ ကိုယ်စား နန်း ထိုင်ထိုက်သော သားဦး ကို ယူ ၍ မြို့ရိုး ပေါ် မှာ မီးရှို့ ရာယဇ်ပြု လေ၏။ ဣသရေလ အမျိုးသားတို့သည် သူတပါးအမျက် ထွက်ခြင်း ကို ခံရ သောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ် ပြည် သို့ ပြန်သွား ကြ၏

< Ii Regum 3 >