< 누가복음 6 >

1 안식일에 예수께서 밀밭 사이로 지나가실새 제자들이 이삭을 잘라 손으로 비비어 먹으니
ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​ဂျုံ​ခင်း​များ​ကို ဖြတ်​၍​လျှောက်​သွား​တော်​မူ​စဉ် တ​ပည့်​တော် သည်​ဂျုံ​များ​ကို​ဆွတ်​၍​ပွတ်​နယ်​စား​ကြ​၏။-
2 어떤 바리새인들이 말하되 어찌하여 안식일에 하지 못할 일을 하느뇨
ဖာ​ရိ​ရှဲ​အ​ချို့​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဥ​ပုသ်​နေ့​၌​မ​ပြု​အပ်​သော​အ​မှု​ကို​ပြု​ဘိ သ​နည်း'' ဟု​မေး​ကြ​၏။
3 예수께서 대답하여 가라사대 다윗이 자기와 및 함께한 자들이 시장할 때에 한 일을 읽지 못하였느냐
သ​ခင်​ယေ​ရှု​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော် တစ်​စု​တို့​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ အ​ဘယ် သို့​ပြု​မူ​ခဲ့​ကြောင်း​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ သ​လော။-
4 그가 하나님의 전에 들어가서 다만 제사장 외에는 먹지 못하는 진설병을 집어 먹고 함께한 자들에게도 주지 아니하였느냐
သူ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​သို့​ဝင်​၍ ပ​ညတ်​တ​ရား​အ​ရ​ယဇ်​ပု​ရော​ဟိတ်​များ​မှ တစ်​ပါး မည်​သူ​မျှ​မ​စား​ထိုက်​သော​ရှေ့​တော် မုန့်​ကို​ယူ​၍​စား​ခဲ့​၏။ မိ​မိ​၏​အ​ဖော်​များ အား​လည်း​ပေး​ခဲ့​၏။-
5 또 가라사대 인자는 안식일의 주인이니라 하시더라
လူ​သား​သည်​ဥ​ပုသ်​နေ့​၏​အ​ရှင်​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
6 또 다른 안식일에 예수께서 회당에 들어가사 가르치실새 거기 오른손 마른 사람이 있는지라
အ​ခြား​သော​ဥ​ပုသ်​နေ့​တစ်​နေ့​၌​သ​ခင်​ယေ​ရှု သည် တ​ရား​ဇ​ရပ်​သို့​ဝင်​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ တ​ရား​ဇ​ရပ်​ထဲ​တွင်​ညာ​လက်​သေ​သူ တစ်​ယောက်​ရှိ​၏။-
7 서기관과 바리새인들이 예수를 송사할 빙거를 찾으려 하여 안식일에 병 고치시는가 엿보니
ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ကိုယ်​တော်​ကို​စွပ်​စွဲ​ရန်​အ​ကြောင်း​ရှာ​လို​သ​ဖြင့် ဥ​ပုသ်​နေ့​၌​ထို​သူ​၏​ရော​ဂါ​ကို​ကိုယ်​တော် ပျောက်​ကင်း​စေ​တော်​မူ​မည်​မ​မူ​မည်​ကို​စောင့် ကြည့်​နေ​ကြ​၏။-
8 예수께서 저희 생각을 아시고 손마른 사람에게 이르시되 일어나 한가운데 서라 하시니 저가 일어나 서거늘
ကိုယ်​တော်​သည်​ထို​သူ​တို့​၏​စိတ်​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် လက်​သေ​သူ​အား ``နေ​ရာ မှ​ထ​ပြီး​ရှေ့​သို့​လာ​၍​ရပ်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​နေ​ရာ​မှ​ထ​ပြီး​ရှေ့​သို့​သွား​၍​ရပ်​၏။-
9 예수께서 저희에게 이르시되 내가 너희에게 묻노니 안식일에 선을 행하는 것과 악을 행하는 것, 생명을 구하는 것과 멸하는 것, 어느 것이 옳으냐 하시며
ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ပ​ညတ်​တ​ရား​အ​ရ ဥ​ပုသ်​နေ့​၌ အ​ကောင်း​ကို​ပြု​အပ်​သ​လော၊ အ​ဆိုး ကို​ပြု​အပ်​သ​လော၊ လူ့​အ​သက်​ကို​ကယ်​အပ် သ​လော၊ သတ်​အပ်​သ​လော၊ သင်​တို့​အား​ငါ​မေး​၏'' ဟု​မိန့်​တော်​မူ​၏။-
10 무리를 둘러 보시고 그 사람에게 이르시되 네 손을 내밀라 하시니 저가 그리하매 그 손이 회복된지라
၁၀ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​လှည့်​ကြည့် တော်​မူ​ပြီး​လျှင် လက်​သေ​သူ​အား ``သင့်​လက်​ကို ဆန့်​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လက်​ကို ဆန့်​လိုက်​သော​အ​ခါ အ​ကောင်း​ပ​က​တိ​ဖြစ် လေ​၏။
11 저희는 분기가 가득하여 예수를 어떻게 처치할 것을 서로 의논하니라
၁၁ဖာ​ရိ​ရှဲ​တို့​သည်​များ​စွာ​ဒေါ​သ​ဖြစ်​လျက် သ​ခင်​ယေ​ရှု​အား​အ​ဘယ်​သို့​အ​ရေး​ယူ​ရ မည်​ကို​တိုင်​ပင်​ကြ​၏။
12 이 때에 예수께서 기도하시러 산으로 가사 밤이 맞도록 하나님께 기도하시고
၁၂ထို​နောက်​ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တစ်​ည​လုံး​ဘု​ရား သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။-
13 밝으매 그 제자들을 부르사 그 중에서 열둘을 택하여 사도라 칭하셨으니
၁၃မိုး​လင်း​သော​အ​ခါ​တ​ပည့်​တော်​တို့​ကို​အ​ထံ တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ထို​သူ​တို့​အ​နက် တစ်​ဆယ့်​နှစ်​ပါး​ကို​ရွေး​ချယ်​၍​တ​မန်​တော် နာ​မည်​ဖြင့်​သ​မုတ်​တော်​မူ​၏။-
14 곧 베드로라고도 이름 주신 시몬과 및 그 형제 안드레와 및 야고보와 요한과 빌립과 바돌로매와
၁၄ထို​တစ်​ဆယ့်​နှစ်​ပါး​ကား​ပေ​တ​ရု​ဟု​ကိုယ်​တော် မှည့်​ခေါ်​သူ​ရှိ​မုန်​နှင့်​ရှိ​မုန်​၏​ညီ​အန္ဒြေ၊ ယာ​ကုပ် နှင့်​ယော​ဟန်၊ ဖိလိပ္ပု​နှင့်​ဗာ​သော​လ​မဲ၊-
15 마태와 도마와 및 알패오의 아들 야고보와 및 셀롯이라 하는 시몬과
၁၅မ​ဿဲ​နှင့်​သော​မ၊ အာ​လ​ဖဲ​၏​သား​ယာ​ကုပ်၊ မျိုး ချစ်​စိတ်​ထက်​သန်​သူ​ရှိ​မုန်၊-
16 및 야고보의 아들 유다와 및 예수를 파는 자 될 가룟 유다라
၁၆ယာ​ကုပ်​၏​သား​ယု​ဒ​နှင့်​နောင်​အ​ခါ​ကိုယ်​တော် ကို​သစ္စာ​ဖောက်​သူ​ယု​ဒ​ရှ​ကာ​ရုတ်​တို့​တည်း။
17 예수께서 저희와 함께 내려오사 평지에 서시니 그 제자의 허다한 무리와 또 예수의 말씀도 듣고 병 고침을 얻으려고 유대 사방과 예루살렘과 및 두로와 시돈의 해안으로부터 온 많은 백성도 있더라
၁၇ကိုယ်​တော်​သည်​တ​မန်​တော်​တို့​နှင့်​အ​တူ​တောင် ပေါ်​က​ဆင်း​သက်​တော်​မူ​၍​မြေ​ညီ​ရာ​သို့​ရောက် တော်​မူ​၏။ ထို​နေ​ရာ​မှာ​တ​ပည့်​တော်​စု​ကြီး တစ်​စု​အ​ပြင်၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ​ရှိ​တု​ရု၊ ဇိ​ဒုန်​မြို့​များ​မှ​လည်း​ကောင်း​လာ​ကြ​သူ အ​မြောက်​အ​မြား​ရှိ​၏။-
18 더러운 귀신에게 고난 받는 자들도 고침을 얻은지라
၁၈ထို​သူ​တို့​သည်​ကိုယ်​တော်​၏​တ​ရား​တော်​ကို ကြား​နာ​ရန်​နှင့်​မိ​မိ​တို့​၏​အ​နာ​ရော​ဂါ​များ ပျောက်​ကင်း​စေ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​၏။ ညစ်​ညမ်း​သော​နတ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ​များ လည်း​လာ​၍​အ​နာ​ရော​ဂါ​ပျောက်​ကင်း​သွား​၏။-
19 온 무리가 예수를 만지려고 힘쓰니 이는 능력이 예수께로 나서 모든 사람을 낫게 함이러라
၁၉ကိုယ်​တော်​၏​ထံ​တော်​မှ​တန်​ခိုး​ထွက်​၍​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​သော​ကြောင့် လူ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို​တို့ ထိ​နိုင်​ရန်​ကြိုး​စား​ကြ​၏။
20 예수께서 눈을 들어 제자들을 보시고 가라사대 가난한 자는 복이 있나니 하나님의 나라가 너희 것임이요
၂၀သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​ကို ကြည့်​တော်​မူ​ပြီး​လျှင် ``ဆင်း​ရဲ​သူ​တို့၊ သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​သင်​တို့​၏​နိုင်​ငံ ဖြစ်​၏။
21 이제 주린 자는 복이 있나니 너희가 배부름을 얻을 것임이요 이제 우는 자는 복이 있나니 너희가 웃을 것임이요
၂၁``ယ​ခု​အ​ခါ​ဆာ​ငတ်​နေ​သူ​တို့၊သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ဝ​ပြော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ ``ငို​ကြွေး​နေ​ကြ​သူ​တို့၊သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ရယ်​မော​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။
22 인자를 인하여 사람들이 너희를 미워하며 멀리하고 욕하고 너희 이름을 악하다 하여 버릴 때에는 너희에게 복이 있도다
၂၂``လူ​သား​ကြောင့်​သင်​တို့​ကို​လူ​များ​မုန်း​ကြ​သော အ​ခါ​၌​လည်း​ကောင်း၊ ပစ်​ပယ်​ကြ​သော​အ​ခါ​၌ လည်း​ကောင်း၊ သင်​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ရှုတ်​ချ ကြ​သော​အ​ခါ​၌​လည်း​ကောင်း​သင်​တို့​သည်​မင်္ဂလာ ရှိ​ကြ​၏။-
23 그 날에 기뻐하고 뛰놀라 하늘에서 너희 상이 큼이라 저희 조상들이 선지자들에게 이와 같이 하였느니라
၂၃ထို​သို့​တွေ့​ကြုံ​ခံ​စား​ရ​သော​အ​ခါ​ဝမ်း​မြောက် ကြ​လော့။ ရွှင်​မြူး​သ​ဖြင့်​က​ခုန်​ကြ​လော့။ ကောင်း ကင်​ဘုံ​တွင်​သင်​တို့​ရ​မည့်​အ​ကျိုး​ကား​ကြီး လှ​၏။ ဤ​သို့​သင်​တို့​အား​ပြု​ကျင့်​သူ​များ ၏​ဘိုး​ဘေး​များ​သည်​ရှေး​ပ​ရော​ဖက်​တို့​ကို ဤ​နည်း​အ​တိုင်း​ပင်​နှိပ်​စက်​ခဲ့​ကြ​၏။
24 그러나 화 있을진저 너희 부요한 자여 너희는 너희의 위로를 이미 받았도다
၂၄``သို့​သော်​ကြွယ်​ဝ​ချမ်း​သာ​သူ​တို့၊သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ယ​ခု​ဘ​ဝ​၌​သက်​သာ​စွာ​နေ​ထိုင် ရ​ကြ​၏။
25 화 있을진저 너희 이제 배부른 자여 너희는 주리리로다 화 있을진저 너희 이제 웃는 자여 너희가 애통하며 울리로다
၂၅``ယ​ခု​အ​ခါ​ဝ​စွာ​စား​သောက်​ရ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ဆာ​ငတ်​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။ ယ​ခု​အ​ခါ​ရယ်​မော​ကြ​သူ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​ပူ​ဆွေး​ငို​ယို​ရ​မည့်​အ​ချိန်​ရောက်​လိမ့်​မည်။
26 모든 사람이 너희를 칭찬하면 화가 있도다 저희 조상들이 거짓 선지자들에게 이와 같이 하였느니라
၂၆``လူ​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ချီး​မွမ်း ကြ​သော​အ​ခါ​သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ ဤ​သူ​တို့​၏​ဘိုး​ဘေး​များ​သည် မိစ္ဆာ​ပ​ရော​ဖက်​များ​ကို​ဤ​နည်း​အ​တိုင်း ချီး​မွမ်း​ခဲ့​ကြ​လေ​ပြီ။
27 그러나 너희 듣는 자에게 내가 이르노니 너희 원수를 사랑하며 너희를 미워하는 자를 선대하며
၂၇``သို့​ရာ​တွင်​ငါ​၏​တ​ရား​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​အား​ငါ​ဆို​သည်​ကား​ရန်​သူ​ကို​ချစ်​ကြ လော့။ သင်​တို့​ကို​မုန်း​သူ​အား​ကျေး​ဇူး​ပြု​ကြ လော့။-
28 너희를 저주하는 자를 위하여 축복하며 너희를 모욕하는 자를 위하여 기도하라
၂၈ကျိန်​ဆဲ​သူ​အား​မေတ္တာ​ပို့​ကြ​လော့။ စော်​ကား သူ​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
29 네 이 뺨을 치는 자에게 저 뺨도 돌려 대며 네 겉옷을 빼앗는 자에게 속옷도 금하지 말라
၂၉သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သူ​အား​အ​ခြား ပါး​တစ်​ဖက်​ကို​လည်း​ရိုက်​စေ​ဦး​လော့။ သင် ၏​အ​ပေါ်​အင်္ကျီ​ကို​ယူ​သော​သူ​အား​ရှပ်​အင်္ကျီ ကို​လည်း​ယူ​ခွင့်​ပြု​လော့။-
30 무릇 네게 구하는 자에게 주며 네 것을 가져가는 자에게 다시 달라 하지 말며
၃၀သင့်​ထံ​တွင်​တောင်း​ခံ​လာ​သူ​တိုင်း​အား​ပေး လော့။ သင့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​သော​သူ​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။-
31 남에게 대접을 받고자 하는 대로 너희도 남을 대접하라
၃၁ကိုယ်​ကို​ပြု​စေ​လို​သည်​အ​တိုင်း​သူ​တစ်​ပါး တို့​အား​ပြု​ကြ​လော့။
32 너희가 만일 너희를 사랑하는 자를 사랑하면 칭찬 받을 것이 무엇이뇨 죄인들도 사랑하는 자를 사랑하느니라
၃၂``မိ​မိ​တို့​အား​ချစ်​သူ​များ​ကို​သာ​ချစ်​တုံ့​ပြန် ပါ​မူ အ​ဘယ်​သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို သင်​တို့​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ များ​ပင်​လျှင်​မိ​မိ​တို့​အား​ချစ်​သူ​တို့​ကို​ချစ် ကြ​၏။-
33 너희가 만일 선대하는 자를 선대하면 칭찬 받을 것이 무엇이뇨 죄인들도 이렇게 하느니라
၃၃သင်​တို့​အား​ကျေး​ဇူး​ပြု​သူ​များ​ကို​သာ​ကျေး ဇူး​တုံ့​ပြန်​ပါ​မူ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​၏။-
34 너희가 받기를 바라고 사람들에게 빌리면 칭찬 받을 것이 무엇이뇨 죄인들도 의수히 받고자 하여 죄인에게 빌리느니라
၃၄ထို​မှ​တစ်​ပါး​ပြန်​လည်​ဆပ်​ပေး​မည်​ဟု​ယုံ​ကြည် သူ​ကို​သာ​လျှင်​သင်​တို့​ချေး​ငှား​ကြ​ပါ​မူ အ​ဘယ် သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​ကြ​ပါ မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​ပြန်​လည်​ဆပ် ပေး​မည်​ဟု​မျှော်​လင့်​လျက်​အ​ချင်း​ချင်း​အား ချေး​ငှား​ကြ​၏။-
35 오직 너희는 원수를 사랑하고 선대하며 아무 것도 바라지 말고 빌리라 그리하면 너희 상이 클 것이요 또 지극히 높으신 이의 아들이 되리니 그는 은혜를 모르는 자와 악한 자에게도 인자로우시니라
၃၅သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။-
36 너희 아버지의 자비하심 같이 너희도 자비하라
၃၆သင်​တို့​၏​အ​ဖ​ဘု​ရား​သည်​သ​နား​ကြင်​နာ တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း​သ​နား ကြင်​နာ​ကြ​လော့။
37 비판치 말라 그리하면 너희가 비판을 받지 않을 것이요 정죄하지 말라 그리하면 너희가 정죄를 받지 않을 것이요 용서하라 그리하면 너희가 용서를 받을 것이요
၃၇``သူ​တစ်​ပါး​တို့​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​မ​စစ် ကြော​မ​စီ​ရင်​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး တို့​အား​မ​ရှုတ်​ချ​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင် သည်​သင်​တို့​အား​မ​ရှုတ်​ချ​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​ကြ​လော့။ သို့ မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-
38 주라 그리하면 너희에게 줄 것이니 곧 후히 되어 누르고 흔들어 넘치도록 하여 너희에게 안겨 주리라 너희의 헤아리는 그 헤아림으로 너희도 헤아림을 도로 받을 것이니라
၃၈သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ​ပေး​ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ရက် ရော​စွာ​ပေး​တော်​မူ​လိမ့်​မည်။ သိပ်​နှိပ်​လှုပ်​ခါ ပြည့်​လျှံ​သော​တောင်း​ပ​မာ​ဏ​ဖြင့်​သင်​တို့​၏ လက်​ထဲ​သို့​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် သူ​တစ်​ပါး​အား​ချိန်​တွယ်​ပေး​သည့်​တောင်း ပ​မာ​ဏ​အ​တိုင်း​ဘု​ရား​သ​ခင်​သည်​သင်​တို့ အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
39 또 비유로 말씀하시되 소경이 소경을 인도할 수 있느냐 둘이 다 구덩이에 빠지지 아니하겠느냐
၃၉ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``မျက်​မ​မြင်​သည်​အ​ခြား​မျက်​မ​မြင် ကို​လမ်း​ပြ​နိုင်​သ​လော။ ထို​သူ​နှစ်​ဦး​လုံး​ပင် တွင်း​ထဲ​သို့​လိမ့်​ကျ​မည်​မ​ဟုတ်​လော။-
40 제자가 그 선생보다 높지 못하나 무릇 온전케 된 자는 그 선생과 같으리라
၄၀တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ သို့​ရာ​တွင်​ပ​ညာ သင်​ပြီး​ဆုံး​သော​အ​ခါ​တ​ပည့်​သည်​ဆ​ရာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။''
41 어찌하여 형제의 눈 속에 있는 티는 보고 네 눈 속에 있는 들보는 깨닫지 못하느냐
၄၁``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​မျက်​စိ​၌​ရှိ သော​သစ်​တုံး​ကြီး​ကို​မ​မြင်​ဘဲ ညီ​အစ်​ကို မျက်​စိ​၌​ရှိ​သော​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။-
42 너는 네 눈 속에 있는 들보를 보지 못하면서 어찌하여 형제에게 말하기를 형제여 나로 네 눈 속에 있는 티를 빼게 하라 할 수 있느냐 외식하는 자여 먼저 네 눈 속에서 들보를 빼어라 그 후에야 네가 밝히 보고 형제의 눈 속에 있는 티를 빼리라
၄၂အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား`သင်​၏​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော ဘိ​သ​နည်း။ အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ ၌​ရှိ​သော​သစ်​တုံး​ကြီး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင်​သည်​သင့်​ညီ​အစ်​ကို​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ကောင်း​စွာ​မြင်​၍​ထုတ်​ယူ နိုင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
43 못된 열매 맺는 좋은 나무가 없고 또 좋은 열매 맺는 못된 나무가 없느니라
၄၃``အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​ကို​မ​သီး​နိုင်။ ညံ့​သော​အ​ပင်​သည်​အ​သီး​ကောင်း​ကို​မ​သီး​နိုင်။-
44 나무는 각각 그 열매로 아나니 가시나무에서 무화과를, 또는 찔레에서 포도를 따지 못하느니라
၄၄အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း​ကို​သိ​ရ ၏။ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း​လူ​တို့ မ​ဆွတ်​မ​ခူး​နိုင်​ကြ။-
45 선한 사람은 마음의 쌓은 선에서 선을 내고 악한 자는 그 쌓은 악에서 악을 내나니 이는 마음에 가득한 것을 입으로 말함이니라
၄၅ကောင်း​သော​သူ​သည်​ကောင်း​သော​အ​ရာ​များ​နှင့် ပြည့်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ ကောင်း​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သူ​မူ​ကား​ဆိုး​ယုတ်​သော​အ​ရာ​များ ကို​ထုတ်​ဖော်​တတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် စိတ်​နှ​လုံး​တွင်​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ ကို​နှုတ်​က​မြွက်​ဆို​တတ်​သော​ကြောင့်​တည်း။
46 너희는 나를 불러 주여 주여 하면서도 어찌하여 나의 말하는 것을 행치 아니하느냐
၄၆``သင်​တို့​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့်​ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ် ကြ​သ​နည်း။-
47 내게 나아와 내 말을 듣고 행하는 자마다 누구와 같은 것을 너희에게 보이리라
၄၇ငါ့​ထံ​သို့​လာ​၍​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ ပြီး​လျှင်​လိုက်​လျှောက်​သော​သူ​ကို​ပုံ​ဥ​ပ​မာ​ဖြင့် ပြ​ပေ​အံ့။-
48 집을 짓되 깊이 파고 주초를 반석 위에 놓은 사람과 같으니 큰 물이 나서 탁류가 그 집에 부딪히되 잘 지은 연고로 능히 요동케 못하였거니와
၄၈ထို​သူ​သည်​မြေ​ကို​နက်​စွာ​တူး​ပြီး​မှ​ကျောက်​ပေါ် တွင်​အုတ်​မြစ်​ချ​၍​အိမ်​ကို​တည်​ဆောက်​သူ​နှင့်​တူ ၏။ ရေ​ကြီး​သော​အ​ခါ​မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို တိုက်​ခတ်​လေ​၏။ သို့​သော်​ရေ​အ​ဟုန်​သည်​အိမ်​ကို မ​လှုပ်​ရှား​စေ​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အိမ် ကို​ခိုင်​ခန့်​စွာ​တည်​ဆောက်​ထား​သော​ကြောင့်​ဖြစ်​၏။-
49 듣고 행치 아니하는 자는 주초 없이 흙 위에 집 지은 사람과 같으니 탁류가 부딪히매 집이 곧 무너져 파괴됨이 심하니라 하시니라
၄၉သို့​ရာ​တွင်​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ​ပြီး နောက်​မ​လိုက်​လျှောက်​သော​သူ​မူ​ကား​အုတ်​မြစ် မ​ချ​ဘဲ​မြေ​ပေါ်​မှာ​အိမ်​ကို​တည်​ဆောက်​သူ နှင့်​တူ​၏။ မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို​တိုက်​ခတ် လျှင်​ချက်​ချင်း​ပြို​လဲ​သွား​၏။ ထို​အိမ်​၏ အ​ပျက်​အ​စီး​ကား​ကြီး​လှ​စွာ​တ​ကား'' ဟု မိန့်​တော်​မူ​၏။

< 누가복음 6 >