< 누가복음 3 >

1 디베료 가이사가 위에 있은지 열다섯 해 곧 본디오 빌라도가 유대의 총독으로, 헤롯이 갈릴리의 분봉왕으로, 그 동생 빌립이 이두래와 드라고닛 지방의 분봉왕으로, 루사니아가 아빌레네의 분봉왕으로,
ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။-
2 안나스와 가야바가 대제사장으로 있을 때에 하나님의 말씀이 빈 들에서 사가랴의 아들 요한에게 임한지라
အန္န​နှင့်​က​ယာ​ဖ​တို့​သည်​ကား​ယဇ်​ပု​ရော​ဟိတ် မင်း​များ​ဖြစ်​ကြ​၏။ ထို​အ​ခါ​တော​ကန္တာ​ရ​၌​ရှိ သော​ဇာ​ခ​ရိ​၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​၏။-
3 요한이 요단 강 부근 각처에 와서 죄 사함을 얻게 하는 회개의 침례를 전파하니
သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။-
4 선지자 이사야의 책에 쓴 바 광야에 외치는 자의 소리가 있어 가로되 너희는 주의 길을 예비하라 그의 첩경을 평탄케 하라
ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊ `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။
5 모든 골짜기가 메워지고 모든 산과 작은 산이 낮아지고 굽은 것이 곧아지고 험한 길이 평탄하여질 것이요
ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို ဖြို​ရ​ကြ​မည်။ လမ်း​ကောက်​များ​ကို​ဖြောင့်​စေ​၍​လမ်း​ကြမ်း​များ​ကို ချော​မော​ပြေ​ပြစ်​စေ​ရ​မည်။
6 모든 육체가 하나님의 구원하심을 보리라 함과 같으니라
လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟု တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။
7 요한이 침례 받으러 나오는 무리에게 이르되 독사의 자식들아 누가 너희를 가르쳐 장차 올 진노를 피하라 하더냐
ယော​ဟန်​က​မိ​မိ​၏​ထံ​မှ​ဗတ္တိ​ဇံ​ခံ​ယူ​ရန်​လာ​ကြ ကုန်​သော​လူ​အ​ပေါင်း​တို့​အား ``အ​ချင်း​မြွေ​ဆိုး အ​မျိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​အ​မျက်​တော်​၏ ဘေး​မှ​ရှောင်​ပြေး​ရန်​သင်​တို့​အား​အ​ဘယ်​သူ သတိ​ပေး​ဘိ​သ​နည်း။-
8 그러므로 회개에 합당한 열매를 맺고 속으로 아브라함이 우리 조상이라 말하지 말라 내가 너희에게 이르노니 하나님이 능히 이 돌들로도 아브라함의 자손이 되게 하시리라
နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-
9 이미 도끼가 나무 뿌리에 놓였으니 좋은 열매 맺지 아니하는 나무마다 찍혀 불에 던지우리라
သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။
10 무리가 물어 가로되 그러하면 우리가 무엇을 하리이까
၁၀လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​၏။
11 대답하여 가로되 옷 두 벌 있는 자는 옷 없는 자에게 나눠 줄 것이요 먹을 것이 있는 자도 그렇게 할 것이니라 하고
၁၁ထို​အ​ခါ​ယော​ဟန်​က ``အင်္ကျီ​နှစ်​ထည်​ရှိ​သူ​သည် အင်္ကျီ​မ​ရှိ​သူ​အား​တစ်​ထည်​ဝေ​မျှ​စေ။ စား​သောက် စ​ရာ​ရှိ​သူ​သည်​လည်း​ထို​နည်း​တူ​ဝေ​မျှ​စေ'' ဟု ပြန်​ပြော​၏။
12 세리들도 침례를 받고자 하여 와서 가로되 선생이여 우리는 무엇을 하리이까 하매
၁၂အ​ခွန်​ခံ​သူ​တို့​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ရန်​ရောက်​လာ ကြ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
13 가로되 정한 세 외에는 늑징치 말라 하고
၁၃ယော​ဟန်​က ``သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ​ရှိ သည်​ထက်​ပို​၍ အ​ခွန်​အ​ကောက်​မ​ခွဲ​မ​ခံ​ကြ နှင့်'' ဟု​ပြန်​ပြော​၏။
14 군병들도 물어 가로되 우리는 무엇을 하리이까 하매 가로되 사람에게 강포하지 말며 무소하지 말고 받는 요를 족한 줄로 알라 하니라
၁၄စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။
15 백성들이 바라고 기다리므로 모든 사람들이 요한을 혹 그리스도신가 심중에 의논하니
၁၅လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။-
16 요한이 모든 사람에게 대답하여 가로되 나는 물로 너희에게 침례를 주거니와 나보다 능력이 많으신 이가 오시나니 나는 그 신들메를 풀기도 감당치 못하겠노라 그는 성령과 불로 너희에게 침례를 주실 것이요
၁၆သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။-
17 손에 키를 들고 자기의 타작 마당을 정하게 하사 알곡은 모아 곡간에 들이고 쭉정이는 꺼지지 않는 불에 태우시리라
၁၇မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​ရှင်း​လင်း​ပစ်​ရန် လက်​တော်​တွင်​ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​သည် ဖြစ်​၍ ဂျုံ​စ​ပါး​များ​ကို​ကျီ​တွင်​စု​သိမ်း​၍​အ​ဖျင်း များ​ကို​မူ ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး​တွင်​ကျွမ်း လောင်​စေ​တော်​မူ​လတ္တံ့'' ဟု​သူ​တို့​အား​ဆို​၏။
18 또 기타 여러가지로 권하여 백성에게 좋은 소식을 전하였으나
၁၈ယော​ဟန်​သည်​အ​ခြား​နှိုး​ဆော်​ချက်​များ​ဖြင့် လူ​တို့​အား​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ ညာ​၏။-
19 분봉왕 헤롯은 그 동생의 아내 헤로디아의 일과 또 그의 행한 모든 악한 일을 인하여 요한에게 책망을 받고
၁၉သို့​ရာ​တွင်​ဟေ​ရုဒ်​ဘု​ရင်​သည်​မိ​မိ​ညီ​ဖြစ်​သူ​၏ ဇ​နီး​ဟေ​ရော​ဒိ​ကို​သိမ်း​ပိုက်​ခြင်း​နှင့်​ပတ်​သက်​၍ လည်း​ကောင်း၊ မိ​မိ​ကူး​လွန်​ခဲ့​သော​အ​ပြစ်​အ​ပေါင်း နှင့်​ပတ်​သက်​၍​လည်း​ကောင်း​ယော​ဟန်​က​သူ့​အား ဆုံး​မ​ခဲ့​၏။-
20 이 위에 한 가지 악을 더하여 요한을 옥에 가두니라
၂၀ထို​နောက်​ယော​ဟန်​ကို​ထောင်​ထဲ​တွင်​ချုပ်​နှောင်​ထား စေ​ခြင်း​ဖြင့် ဟေ​ရုဒ်​သည်​ကူး​လွန်​ပြီး​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​တို့​ထက်​ဆိုး​ရွား​သော​အ​ပြစ် ကို​ကူး​လွန်​လေ​သည်။
21 백성이 다 침례를 받을새 예수도 침례를 받으시고 기도하실 때에 하늘이 열리며
၂၁လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊-
22 성령이 형체로 비둘기 같이 그의 위에 강림하시더니 하늘로서 소리가 나기를 너는 내 사랑하는 아들이라 내가 너를 기뻐하노라 하시니라
၂၂သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင် ဖြင့် ကိုယ်​ခန္ဓာ​ပုံ​သဏ္ဌာန်​ထင်​ရှား​စွာ​ဖြင့်​ကိုယ်​တော် ၏​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ မိုး​ကောင်း​ကင် မှ ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ် သား​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။
23 예수께서 가르치심을 시작할 때에 삼심 세쯤 되시니라 사람들의 아는 대로는 요셉의 아들이니 요셉의 이상은 헬리요
၂၃အ​မှု​တော်​စ​တင်​ဆောင်​ရွက်​ချိန်​၌​သ​ခင်​ယေ​ရှု သည်​အ​သက်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​ထင် မြင်​ယူ​ဆ​ချက်​အ​ရ​ကိုယ်​တော်​သည်​ယော​သပ်​၏ သား​ဖြစ်​၏။ ယော​သပ်​သည်​ဧ​လိ​၏​သား​တည်း။-
24 그 이상은 맛닷이요 그 이상은 레위요 그 이상은 멜기요 그 이상은 얀나요 그 이상은 요셉이요
၂၄ဧ​လိ​ကား​မ​ဿတ်​၏​သား၊ မ​ဿတ်​ကား​လေ​ဝိ​၏ သား၊ လေ​ဝိ​ကား​မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​ကား ယန္န​၏​သား၊ ယန္န​ကား​ယော​သပ်​၏​သား​ဖြစ်​၏။-
25 그 이상은 맛다디아요 그 이상은 아모스요 그 이상은 나훔이요 그 이상은 에슬리요 그 이상은 낙개요
၂၅ယော​သပ်​သည်​မတ္တ​သိ​၏​သား၊ မတ္တ​သိ​သည်​အာ​မုတ် ၏​သား၊ အာ​မုတ်​သည်​နာ​ဟုံ​၏​သား၊ နာ​ဟုံ​သည် ဧ​သ​လိ​၏​သား၊ ဧ​သ​လိ​သည်​န္ဂဲ​၏​သား၊ န္ဂဲ သည်​မာ​အတ်​၏​သား​ဖြစ်​၏။-
26 그 이상은 마앗이요 그 이상은 맛다디아요 그 이상은 서머인이요 그 이상은 요섹이요 그 이상은 요다요
၂၆မာ​အတ်​ကား​မတ္တ​သိ​၏​သား၊ မတ္တ​သိ​ကား​ရှေ​မိ​၏ သား၊ ရှေ​မိ​ကား​ယော​သပ်​၏​သား၊ ယော​သပ်​ကား ယု​ဒ​၏​သား၊ ယု​ဒ​ကား​ယော​ဟန္န​၏​သား​ဖြစ်​၏။-
27 그 이상은 요아난이요 그 이상은 레사요 그 이상은 스룹바벨이요 그 이상은 스알디엘이요 그 이상은 네리요
၂၇ယော​ဟန္န​သည်​ရေ​သ​၏​သား၊ ရေ​သ​သည်​ဇေ​ရု​ဗ ဗေ​လ​၏​သား၊ ဇေ​ရု​ဗ​ဗေ​လ​သည်​ရှာ​လ​သေ​လ ၏​သား၊ ရှာ​လ​သေ​လ​သည်​နေ​ရိ​၏​သား၊ နေ​ရိ​သည် မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​သည်​အဒ္ဒိ​၏​သား​ဖြစ်​၏။-
28 그 이상은 멜기요 그 이상은 앗디요 그 이상은 고삼이요 그 이상은 엘마담이요 그 이상은 에르요
၂၈အဒ္ဒိ​ကား​ကော​သံ​၏​သား၊ ကော​သံ​ကား​ဧ​လ မော​ဒံ​၏​သား၊ ဧ​လ​မော​ဒံ​ကား​ဧ​ရ​၏​သား ဖြစ်​၏။-
29 그 이상은 예수요 그 이상은 엘리에서요 그 이상은 요림이요 그 이상은 맛닷이요 그 이상은 레위요
၂၉ဧ​ရ​သည်​ယော​ရှု​၏​သား၊ ယော​ရှု​သည်​ဧ​လျေ​ဇာ ၏​သား၊ ဧ​လျေ​ဇာ​သည်​ယော​ရိမ်​၏​သား၊ ယော​ရိမ် သည်​မဿတ်​၏​သား၊ မ​ဿတ်​သည်​လေ​ဝိ​၏​သား ဖြစ်​၏။-
30 그 이상은 시므온이요 그 이상은 유다요 그 이상은 요셉이요 그 이상은 요남이요 그 이상은 엘리아김이요
၃၀လေ​ဝိ​ကား​ရှိ​မောင်​၏​သား၊ ရှိ​မောင်​ကား​ယု​ဒ​၏​သား၊ ယု​ဒ​ကား​ယော​သပ်​၏​သား၊ ယော​သပ်​ကား​ယော​နန် ၏​သား၊ ယော​နန်​ကား​ဧ​လျာ​ကိမ်​၏​သား​ဖြစ်​၏။-
31 그 이상은 멜레아요 그 이상은 멘나요 그 이상은 맛다다요 그 이상은 나단이요 그 이상은 다윗이요
၃၁ဧ​လျာ​ကိမ်​သည်​မေ​လေ​၏​သား၊ မေ​လေ​သည်​မဲ​နန်​၏ သား၊ မဲ​နန်​သည်​မတ္တ​သ​၏​သား၊ မတ္တ​သ​သည်​နာ​သန်​၏ သား၊ နာ​သန်​သည်​ဒါ​ဝိဒ်​၏​သား​ဖြစ်​၏။-
32 그 이상은 이새요 그 이상은 오벳이요 그 이상은 보아스요 그 이상은 살몬이요 그 이상은 나손이요
၃၂ဒါ​ဝိဒ်​ကား​ယေ​ရှဲ​၏​သား၊ ယေ​ရှဲ​ကား​သြ​ဗက်​၏​သား၊ သြ​ဗက်​ကား​ဗော​ဇ​၏​သား၊ ဗောဇ​ကား​စာ​လ​မုန်​၏ သား၊ စာ​လ​မုန်​ကား​နာ​ရှုန်​၏​သား​ဖြစ်​၏။-
33 그 이상은 아미나답이요 그 이상은 아니요 그 이상은 헤스론이요 그 이상은 베레스요 그 이상은 유다요
၃၃နာ​ရှုန်​သည်​အ​မိ​န​ဒပ်​၏​သား၊ အ​မိ​န​ဒပ်​သည် အဒ်​မိန်​၏​သား၊ အဒ်​မိန်​သည်​အာ​ရံ​နိ​၏​သား၊ အာ​ရံ​နိ​သည်​ဟေ​ဇ​ရုံ​၏​သား၊ ဟေ​ဇ​ရုံ​သည် ဖာ​ရက်​၏​သား၊ ဖာ​ရက်​သည်​ယု​ဒ​၏​သား​ဖြစ်​၏။-
34 그 이상은 야곱이요 그 이상은 이삭이요 그 이상은 아브라함이요 그 이상은 데라요 그 이상은 나홀이요
၃၄ယု​ဒ​ကား​ယာ​ကုပ်​၏​သား၊ ယာ​ကုပ်​ကား​ဣဇာက်​၏ သား၊ ဣ​ဇာက်​ကား​အာ​ဗြ​ဟံ​၏​သား၊ အာ​ဗြ​ဟံ ကား​တေ​ရ​၏​သား၊ တေ​ရ​ကား​နာ​ခေါ်​၏​သား ဖြစ်​၏။-
35 그 이상은 스룩이요 그 이상은 르우요 그 이상은 벨렉이요 그 이상은 헤버요 그 이상은 살라요
၃၅နာ​ခေါ်​သည်​စေ​ရောက်​၏​သား၊ စေ​ရောက်​သည် ရာ​ဂေါ​၏​သား၊ ရာ​ဂေါ​သည်​ဖာ​လက်​၏​သား၊ ဖာလက်​သည်​ဟေ​ဗာ​၏​သား၊ ဟေ​ဗာ​သည် ရှာ​လ​၏​သား​ဖြစ်​၏။-
36 그 이상은 가이난이요 그 이상은 아박삿이요 그 이상은 셈이요 그 이상은 노아요 그 이상은 레멕이요
၃၆ရှာ​လ​ကား​ကာ​ဣ​နန်​၏​သား၊ ကာ​ဣ​နန်​ကား အာ​ဖာ​ဇဒ်​၏​သား၊ အာ​ဖာ​ဇဒ်​ကား​ရှေ​မ​၏ သား၊ ရှေ​မ​ကား​နော​ဧ​၏​သား၊ နော​ဧ​ကား လာ​မက်​၏​သား​ဖြစ်​၏။-
37 그 이상은 므두셀라요 그 이상은 에녹이요 그 이상은 야렛이요 그 이상은 마할랄렐이요 그 이상은 가이난이요
၃၇လာ​မက်​သည်​မ​သု​ရှ​လ​၏​သား၊ မ​သု​ရှ​လ​သည် ဧ​နောက်​၏​သား၊ ဧ​နောက်​သည်​ယာ​ရက်​၏​သား၊ ယာ​ရက်​သည်​မ​ဟာ​လေ​လ​၏​သား၊ မ​ဟာ လေ​လ​သည်​ကာ​ဣ​နန်​၏​သား​ဖြစ်​၏။-
38 그 이상은 에노스요 그 이상은 셋이요 그 이상은 아담이요 그 이상은 하나님이시니라
၃၈ကာ​ဣ​နန်​ကား​ဧ​နုတ်​၏​သား၊ ဧ​နုတ်​ကား​ရှေ​သ​၏ သား၊ ရှေ​သ​သည်​ကား​အာ​ဒံ​၏​သား၊ အာ​ဒံ​ကား ဘု​ရား​သ​ခင်​၏​သား​ဖြစ်​သ​တည်း။

< 누가복음 3 >