< 민수기 26 >

1 염병 후에 여호와께서 모세와 제사장 아론의 아들 엘르아살에게 일러 가라사대
ရော​ဂါ​ကပ်​လွန်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည် မော​ရှေ​နှင့်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ တို့​အား၊-
2 이스라엘 자손의 온 회중의 총수를 그 조상의 집을 따라 조사하되 이스라엘 중에 무릇 이십세 이상으로 능히 싸움에 나갈 만한 자를 계수하라 하시니
``ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထဲ​မှ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​၍ စစ်​မှု​ထမ်း နိုင်​သော​ယောကျာ်း​ဦး​ရေ​စာ​ရင်း​ကို မိ​သား​စု အ​လိုက်​ကောက်​ယူ​လော့'' ဟု​မိန့်​တော်​မူ​၏။-
3 모세와 제사장 엘르아살이 여리고 맞은편 요단 가 모압 평지에서 그들에게 고하여 가로되
မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​အ​မိန့်​တော် အ​တိုင်း အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​သူ ယောကျာ်း​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ယော်​ဒန် မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌​စု​ရုံး​ရောက် ရှိ​လာ​ကြ​သည်။ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ကြ​သော​အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ ဣ​သ​ရေ​လ အ​မျိုး​သား​ထဲ​မှ​ယောကျာ်း​ဦး​ရေ​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​သည်။
4 `여호와께서 애굽 땅에서 나온 모세와 이스라엘 자손에게 명하신대로 너희는 이십세 이상된 자를 계수하라' 하시니
5 이스라엘의 장자는 르우벤이라 르우벤 자손은 하녹에게서 난 하녹 가족과, 발루에게서 난 발루 가족과
ရု​ဗင်​အ​နွယ်(ရု​ဗင်​သည်​ယာ​ကုပ်​၏​သား​ဦး ဖြစ်​၏) သား​ချင်း​စု​များ​မှာ​ဟာ​နုတ်​၏​သား ချင်း​စု၊ ဖာ​လု​၏​သား​ချင်း​စု၊-
6 헤스론에게서 난 헤스론 가족과, 갈미에게서 난 갈미 가족이니
ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ကာ​မိ​၏​သား​ချင်း စု​တို့​ဖြစ်​သည်။
7 이는 르우벤 가족들이라 계수함을 입은 자가 사만 삼천 칠백 삼십명이요
ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း သုံး​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက်​ဖြစ်​သည်။-
8 발루의 아들은 엘리압이요
ဖာ​လု​၏​အ​ဆက်​အ​နွယ်​များ​မှာ​ဧ​လျာ​ဘ​နှင့်၊-
9 엘리압의 아들은 느무엘과, 다단과, 아비람이라 이 다단과, 아비람은 회중 가운데서 부름을 받은 자러니 고라의 무리에 들어가서 모세와 아론을 거스려 여호와께 패역할 때에
သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
10 땅이 그 입을 열어서 그 무리와 고라를 삼키매 그들이 죽었고 당시에 불이 이백 오십명을 삼켜 징계가 되게 하였으나
၁၀ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။-
11 그러나 고라의 아들들은 죽지 아니하였더라
၁၁သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။)
12 시므온 자손은 그 종족대로 이러하니 느무엘에게서 난 느무엘 가족과, 야민에게서 난 야민 가족과, 야긴에게서 난 야긴 가족과
၁၂ရှိ​မောင်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယေ မွေ​လ​၏​သား​ချင်း​စု၊ ယာ​မိန်​၏​သား​ချင်း​စု၊ ယာ​ခိန်​၏​သား​ချင်း​စု၊-
13 세라에게서 난 세라 가족과, 사울에게서 난 사울 가족이라
၁၃ဇေ​ရ​၏​သား​ချင်း​စု​နှင့်​ရှော​လ​၏ သား​ချင်း စု​တို့​ဖြစ်​သည်။-
14 이는 시므온 종족들이니 계수함을 입은 자가 이만 이천 이백명이었더라
၁၄ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ယောက်​ဖြစ်​သည်။
15 갓 자손은 그 종족대로 이러하니 스본에게서 난 스본 가족과, 학기에게서 난 학기 가족과, 수니에게서 난 수니 가족과
၁၅ဂဒ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ဇေ​ဖုန်​၏ သား​ချင်း​စု၊ ဟ္ဂိ​၏​သား​ချင်း​စု၊ ရှု​နိ​၏​သား ချင်း​စု၊-
16 오스니에게서 난 오스니 가족과, 에리에게서 난 에리 가족과
၁၆သြ​ဇ​နိ​၏​သား​ချင်း​စု၊ ဧ​ရိ​၏​သား​ချင်း​စု၊-
17 아롯에게서 난 아롯 가족과, 아렐리에게서 난 아렐리 가족이라
၁၇အာ​ရုဒ်​၏​သား​ချင်း​စု​နှင့်​အ​ရေ​လိ​တို့​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။-
18 이는 갓 자손의 종족들이니 계수함을 입은 자가 사만 오백명이었더라
၁၈ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။
19 유다의 아들은 에르와, 오난이라 이 에르와 오난은 가나안 땅에서 죽었고
၁၉ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ (ယု​ဒ ၏​သား​နှစ်​ယောက်​ဖြစ်​သော​ဧ​ရ​နှင့်​သြ​နန် တို့​သည်​ခါ​နာန်​ပြည်​တွင်​သေ​ဆုံး​ခဲ့​ကြ​၏။-)
20 유다의 자손은 그 종족대로 이러하니 셀라에게서 난 셀라 가족과, 베레스에게서 난 베레스 가족과, 세라에게서 난 세라 가족이며
၂၀ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊-
21 또 베레스 자손은 이러하니 헤스론에게서 난 헤스론 가족과, 하물에게서 난 하물 가족이라
၂၁ဟေ​ဇ​ရုံ​၏​သား​ချင်း​စု​နှင့်​ဟာ​မု​လ​၏​သား ချင်း​စု​တို့​ဖြစ်​သည်။-
22 이는 유다 종족들이니 계수함을 입은 자가 칠만 육천 오백명이었더라
၂၂ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခု​နစ်​သောင်း ခြောက်​ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။
23 잇사갈 자손은 그 종족대로 이러하니 돌라에게서 난 돌라 가족과, 부와에게서 난 부니 가족과
၂၃ဣ​သ​ခါ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ တော​လ ၏​သား​ချင်း​စု၊ ဖု​ဝါ​၏​သား​ချင်း​စု၊-
24 야숩에게서 난 야숩 가족과 시므론에게서 난 시므론 가족이라
၂၄ယာ​ရှုပ်​၏​သား​ချင်း​စု​နှင့်​ရှိ​မ​ရုန်​၏​သား​ချင်း​စု တို့​ဖြစ်​သည်။-
25 이는 잇사갈 종족들이니 계수함을 입은 자가 육만 사천 삼백명이었더라
၂၅ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ ခြောက်​သောင်း လေး​ထောင့်​သုံး​ရာ​ယောက်​ဖြစ်​သည်။
26 스불론 자손들은 그 종족대로 이러하니 세렛에게서 난 세렛 가족과, 엘론에게서 난 엘론 가족과, 얄르엘에게서 난 얄르엘 가족이라
၂၆ဇာ​ဗု​လုန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​သ​ရက် ၏​သား​ချင်း​စု၊ ဧ​လုန်​၏​သား​ချင်း​စု​နှင့်​ယာ လေ​လ​၏​သား​ချင်း​စု​တို့​ဖြစ်​သည်။-
27 이는 스불론 종족들이니 계수함을 입은 자가 육만 오백명이었더라
၂၇ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ခြောက်​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။
28 요셉의 아들들은 그 종족대로 므낫세와 에브라임이요
၂၈ယော​သပ်​အ​နွယ်​များ​မှာ မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ဖြစ်​သည်။ ယော​သပ်​သည် မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ၏​ဖ​ခင်​ဖြစ်​သည်။
29 므낫세의 자손 중 마길에게서 난 것은 마길 가족이라 마길이 길르앗을 낳았고 길르앗에게서 난 것은 길르앗 가족이라
၂၉မ​နာ​ရှေ​အ​နွယ်၊ မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​သည် ဂိ​လဒ်​၏​ဖ​ခင်​ဖြစ်​သည်။ ဂိ​လဒ်​မှ​ဆင်း​သက် သော​သား​ချင်း​စု​များ​မှာ၊-
30 길르앗 자손은 이러하니 이에셀에게서 난 이에셀 가족과, 헬렉에게서 난 헬렉 가족과
၃၀ယေ​ဇေ​ရ​၏​သား​ချင်း​စု၊ ဟေ​လက်​၏​သား​ချင်း စု၊-
31 아스리엘에게서 난 아스리엘 가족과, 세겜에게서 난 세겜 가족과
၃၁အ​သ​ရေ​လ​၏​သား​ချင်း​စု၊ ရှေ​ခင်​၏​သား​ချင်း​စု၊-
32 스미다에게서 난 스미다 가족과, 헤벨에게서 난 헤벨 가족이며
၃၂ရှ​မိ​ဒ​၏​သား​ချင်း​နှင့်​ဟေ​ဖာ​၏​သား​ချင်း​စု​တို့ ဖြစ်​ကြ​သည်။-
33 헤벨의 아들 슬로브핫은 아들이 없고 딸 뿐이라 그 딸의 이름은 말라와, 노아와, 호글라와, 밀가와, 디르사니
၃၃ဟေ​ဖာ​၏​သား​ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ ထို​သ​မီး​များ​၏​နာ​မည် များ​မှာ​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မ​လ​ကာ နှင့်​တိ​ရ​ဇာ​တို့​ဖြစ်​သည်။-
34 이는 므낫세의 종족들이라 계수함을 입은 자가 오만 이천 칠백명이었더라
၃၄ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း နှစ်​ထောင့်​ခု​နစ်​ရာ​ယောက်​ဖြစ်​သည်။
35 에브라임 자손은 그 종족대로 이러하니 수델라에게서 난 수델라 가족과, 베겔에게서 난 베겔 가족과, 다한에게서 난 다한 가족이며
၃၅ဧ​ဖ​ရိမ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ရှု​သ​လ​၏ သား​ချင်း​စု၊ ဗေ​ခါ​၏​သား​ချင်း​စု​နှင့်​တာ​ဟန်​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။-
36 수델라 자손은 이러하니 에란에게서 난 에란 가족이라
၃၆ဧ​ရန်​၏​သား​ချင်း​စု​သည် ရှု​သ​လ​မှ​ဆင်း​သက် လာ​သည်။-
37 이는 에브라임 자손의 종족들이니 계수함을 입은 자가 삼만 이천 오백명이라 이상은 그 종족을 따른 요셉 자손이었더라
၃၇ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ သုံး​သောင်း​နှစ် ထောင့်​ငါး​ရာ​ယောက်​ဖြစ်​သည်။ ဤ​သား​ချင်း​စု​တို့​သည်​ယော​သပ်​မှ​ဆင်း​သက် လာ​သည်။
38 베냐민 자손들은 그 종족대로 이러하니 벨라에게서 난 벨라 가족과, 아스벨에게서 난 아스벨 가족과, 아히람에게서 난 아히람 가족과
၃၈ဗင်္ယာ​မိန်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ဗေ​လ ၏​သား​ချင်း​စု၊ အာ​ရှ​ဗေ​လ​၏​သား​ချင်း​စု၊ အ​ဟိ​ရံ​၏​သား​ချင်း​စု၊-
39 스부밤에게서 난 스부밤 가족과, 후밤에게서 난 후밤 가족이며
၃၉ရှု​ဖံ​၏​သား​ချင်း​စု​နှင့်​ဟု​ဖံ​၏​သား​ချင်း​စု​တို့ ဖြစ်​သည်။-
40 벨라의 아들은 아릇과, 나아만이라 아릇에게서 아릇 가족과, 나아만에게서 나아만 가족이 났으니
၄၀အာ​ရ​ဒ​၏​သား​ချင်း​စု​နှင့်​နေ​မန်​၏​သား​ချင်း စု​တို့​သည် ဗေ​လ​မှ​ဆင်း​သက်​လာ​ကြ​သည်။-
41 이는 그들의 종족을 따른 베냐민 자손이라 계수함을 입은 자가 사만 오천 육백명이었더라
၄၁ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း​ငါး ထောင့်​ခြောက်​ရာ​ယောက်​ဖြစ်​သည်။
42 단 자손은 그 종족대로 이러하니라 수함에게서 수함 가족이 났으니 이는 그들의 종족을 따른 단 가족들이라
၄၂ဒန်​အ​နွယ်​မှ​ရှု​ဟံ​သား​ချင်း​စု​၏၊-
43 수함 모든 가족의 계수함을 입은 자가 육만 사천 사백명이었더라
၄၃ဦး​ရေ​မှာ​ခြောက်​သောင်း​လေး​ထောင့်​လေး​ရာ​ယောက် ဖြစ်​သည်။
44 아셀 자손은 그 종족대로 이러하니 임나에게서 난 임나 가족과, 이스위에게서 난 이스위 가족과, 브리아에게서 난 브리아 가족이며
၄၄အာ​ရှာ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ​ယိ​မ​န သား​ချင်း​စု၊ ယေ​သ​ဝိ​သား​ချင်း​စု​နှင့်​ဗေ​ရိ သား​ချင်း​စု​တို့​ဖြစ်​သည်။-
45 브리아의 자손 중 헤벨에게서 난 헤벨 가족과, 말기엘에게서 난 말기엘 가족이며
၄၅ဟေ​ဗေ​ရ​သား​ချင်း​စု​နှင့်​မာ​လ​ချေ​လ​၏ သား​ချင်း​စု​တို့​သည် ဗေ​ရိ​မှ​ဆင်း​သက်​လာ​သည်။-
46 아셀의 딸의 이름은 세라라
၄၆အာ​ရှာ​တွင်​စာ​ရာ​နာ​မည်​ရှိ​သ​မီး​တစ်​ယောက် ရှိ​၏။-
47 이는 아셀 자손의 종족들이니 계수함을 입은 자가 오만 삼천 사백명이었더라
၄၇ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​ငါး​သောင်း သုံး​ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။
48 납달리 자손은 그 종족대로 이러하니 야셀에게서 난 야셀 가족과, 구니에게서 난 구니 가족과
၄၈န​ဿ​လိ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယာ​ဇေ​လ ၏​သား​ချင်း​စု၊ ဂု​နိ​၏​သား​ချင်း​စု၊-
49 예셀에게서 난 예셀 가족과, 실렘에게서 난 실렘 가족이라
၄၉ယေ​ဇ​ရ​၏​သား​ချင်း​စု​နှင့်​ရှိလ္လင်​သား​ချင်း​စု တို့​ဖြစ်​သည်။-
50 이는 그 종족을 따른 납달리 가족들이니 계수함을 입은 자가 사만 오천 사백명이었더라
၅၀ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​လေး​သောင်း​ငါး ထောင့်​လေး​ရာ​ယောက်​ဖြစ်​သည်။
51 이스라엘 자손의 계수함을 입은 자가 육십만 일천 칠백 삼십명이었더라
၅၁ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။
52 여호와께서 모세에게 일러 가라사대
၅၂ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား``အ​နွယ် တို့​၏​ဦး​ရေ​အ​နည်း​အ​များ​အ​လိုက်​ခါ​နာန် ပြည်​ကို​ခွဲ​ဝေ​ပေး​လော့။ လူ​ဦး​ရေ​များ​သော အ​နွယ်​တို့​အ​တွက်​မြေ​ပို​၍​လည်း​ကောင်း၊ လူ​ဦး ရေ​နည်း​သော​အ​နွယ်​တို့​အ​တွက်​မြေ​လျော့​နည်း ၍​လည်း​ကောင်း​စာ​ရေး​တံ​ချ​၍​ဝေ​ပေး​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
53 이 계수대로 땅을 나눠 주어 기업을 삼게 하라
၅၃
54 수가 많은 자에게는 기업을 많이 줄 것이요 수가 적은 자에게는 기업을 적게 줄 것이니 그들의 계수함을 입은 수대로 각기 기업을 주되
၅၄
55 오직 그 땅을 제비뽑아 나누어 그들의 조상 지파의 이름을 따라 얻게 할지니라
၅၅
56 그 다소를 물론하고 그 기업을 제비 뽑아 나눌지니라
၅၆
57 레위인의 계수함을 입은 자는 그 종족대로 이러하니 게르손에게서 난 게르손 가족과, 고핫에게서 난 고핫 가족과, 므라리에게서 난 므라리 가족이며
၅၇လေ​ဝိ​အ​နွယ်​တွင်​ဂေ​ရ​ရှုံ​သား​ချင်း​စု၊ ကော ဟတ်​သား​ချင်း​စု​နှင့်​မေ​ရာ​ရိ​သား​ချင်း​စု တို့​ပါ​ဝင်​ကြ​သည်။-
58 레위 종족들은 이러하니 립니 가족과, 헤브론 가족과, 말리 가족과, 무시 가족과, 고라 가족이라, 고핫은 아므람을 낳았으며
၅၈ထို​သူ​တို့​မှ​တစ်​ဆင့်​လိ​ဗ​နိ​သား​ချင်း​စု၊ ဟေ ဗြော​နိ​သား​ချင်း​စု၊ မာ​လိ​သား​ချင်း​စု၊ မု​ရှိ သား​ချင်း​စု​နှင့်​ကော​ရ​သိ​သား​ချင်း​စု​တို့ ဆင်း​သက်​လာ​ကြ​သည်။ ကော​ဟတ်​၏​သား အာ​မ​ရံ​သည်၊-
59 아므람의 처의 이름은 요게벳이니 레위의 딸이요 애굽에서 레위에게서 난 자라 그가 아므람에게서 아론과 모세와 그 누이 미리암을 낳았고
၅၉လေ​ဝိ​၏​သ​မီး​ယော​ခေ​ဗက်​၏​ခင်​ပွန်း​ဖြစ် သည်။ ယော​ခေ​ဗက်​သည်​အီ​ဂျစ်​ပြည်​၌​ဖွား မြင်​ခဲ့​သည်။ အာ​မ​ရံ​နှင့်​ယော​ခေ​ဗက်​တို့​သည် သား​များ​ဖြစ်​သော​အာ​ရုန်​နှင့်​မော​ရှေ၊ သ​မီး ဖြစ်​သော​မိ​ရိ​အံ​တို့​ကို​ရ​ကြ​သည်။-
60 아론에게서는 나답과, 아비후와, 엘르아살과, 이다말이 났더니
၆၀အာ​ရုန်​တွင်​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ နှင့်​ဣ​သ​မာ​ဟူ​၍​သား​လေး​ယောက်​ရှိ သည်။-
61 나답과 아비후는 다른 불을 여호와 앞에 드리다가 죽었더라
၆၁နာ​ဒပ်​နှင့်​အ​ဘိ​ဟု​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား မ​ပူ​ဇော်​ထိုက်​သော​မီး​ဖြင့်​ပူ​ဇော်​သော ကြောင့်​သေ​ဆုံး​ခဲ့​ကြ​၏။-
62 레위인의 일개월 이상으로 계수함을 입은 모든 남자가 이만 삼천명이었더라 그들은 이스라엘 자손 중 계수에 들지 아니하였으니 이는 이스라엘 자손 중에서 그들에게 준 기업이 없음이었더라
၆၂လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။
63 이는 모세와 제사장 엘르아살의 계수한 자라 그들이 여리고 맞은편 요단 가 모압 평지에서 이스라엘 자손을 계수한 중에는
၆၃ဤ​လူ​ဦး​ရေ​စာ​ရင်း​သည်​မော​ရှေ​နှင့်​ဧ​လာ​ဇာ တို့​က ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား ရှိ​မော​ဘ​လွင်​ပြင်​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​သား​ချင်း​စု​အ​လိုက်​ကောက်​ယူ သည့်​စာ​ရင်း​ဖြစ်​သ​တည်း။-
64 모세와 제사장 아론이 시내 광야에서 계수한 이스라엘 자손은 한사람도 들지 못하였으니
၆၄ဤ​လူ​ဦး​ရေ​စာ​ရင်း​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့ သိ​နာ​တော​ကန္တာ​ရ​၌​ကောက်​ယူ​ခဲ့​သော​ပ​ထ​မ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ပါ​ရှိ​ချေ။-
65 이는 여호와께서 그들에게 대하여 말씀하시기를 그들이 반드시 광야에서 죽으리라 하셨음이라 이러므로 여분네의 아들 갈렙과 눈의 아들 여호수아 외에는 한 사람도 남지 아니하였더라
၆၅ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။

< 민수기 26 >