< 누가복음 19 >

1 예수께서 여리고로 들어 지나가시더라
သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​ကို​ဖြတ်​၍ ကြွ​တော်​မူ​၏။-
2 삭개오라 이름하는 자가 있으니 세리장이요 또한 부자라
ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။-
3 저가 예수께서 어떠한 사람인가 하여 보고자 하되 키가 작고 사람이 많아 할 수 없어
သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။-
4 앞으로 달려가 보기 위하여 뽕나무에 올라가니 이는 예수께서 그리로 지나가시게 됨이러라
ထို့​ကြောင့်​ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန်​ကြွ​တော် မူ​မည့်​လမ်း​အ​တိုင်း​ရှေ့​သို့​ပြေး​၍ သ​ဖန်း​ပိုး စာ​ပင်​ပေါ်​ကို​တက်​၏။-
5 예수께서 그 곳에 이르사 우러러 보시고 이르시되 `삭개오야, 속히 내려오라 내가 오늘 네 집에 유하여야 하겠다' 하시니
ကိုယ်​တော်​သည်​ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော်​၍​ကြည့်​တော်​မူ​ပြီး​လျှင် ``ဇက္ခဲ၊ အ​မြန်​ဆင်း ခဲ့​လော့။ ယ​နေ့​သင်​၏​အိမ်​တွင်​ငါ​တည်း​ခို​မည်'' ဟု မိန့်​တော်​မူ​၏။
6 급히 내려와 즐거워하며 영접하거늘
ဇက္ခဲ​သည်​သစ်​ပင်​ပေါ်​မှ​အ​မြန်​ဆင်း​၍ ကိုယ်​တော်​အား​ဝမ်း​မြောက်​စွာ​ကြို​ဆို​၏။-
7 뭇사람이 보고 수군거려 가로되 `저가 죄인의 집에 유하러 들어갔도다' 하더라
ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ က ``ထို​သူ​သည်​အ​ပြစ်​ကူး​သူ​တစ်​ယောက်​၏ အိမ်​တွင်​တည်း​ခို​ရန်​သွား​လေ​ပြီ​တ​ကား'' ဟု ညည်း​ညူ​ကြ​၏။
8 삭개오가 서서 주께 여짜오되 `주여 보시옵소서 내 소유의 절반을 가난한 자들에게 주겠사오며 만일 뉘 것을 토색한 일이 있으면 사 배나 갚겠나이다'
ဇက္ခဲ​သည်​ရပ်​လျက်​သ​ခင်​ဘု​ရား​အား ``အ​ရှင်၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို​ဆင်း​ရဲ​သူ တို့​အား​ပေး​ကမ်း​ပါ​မည်။ အ​ကယ်​၍​အ​ကျွန်ုပ် သည်​လူ​တစ်​စုံ​တစ်​ယောက်​ထံ​မှ မ​တ​ရား တောင်း​ယူ​ထား​မိ​သော​ငွေ​ရှိ​ပါ​လျှင် ထို​ငွေ ၏​လေး​ဆ​ကို​ပြန်​၍​ပေး​ပါ​မည်'' ဟု​လျှောက်​၏။
9 예수께서 이르시되 `오늘 구원이 이 집에 이르렀으니 이 사람도 아브라함의 자손임이로다
သ​ခင်​ယေ​ရှု​က ``ဤ​သူ​သည်​လည်း​အာ​ဗြ​ဟံ ၏​သား​မြေး​ဖြစ်​သ​ဖြင့်​ကယ်​တင်​ခြင်း​ကျေး​ဇူး သည်​ယ​နေ့​ပင်​ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။-
10 인자의 온 것은 잃어버린 자를 찾아 구원하려 함이니라'
၁၀လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။
11 저희가 이 말씀을 듣고 있을 때에 비유를 더하여 말씀하시니 이는 자기가 예루살렘에 가까이 오셨고 저희는 하나님의 나라가 당장에 나타날 줄로 생각함이러라
၁၁ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။-
12 가라사대 `어떤 귀인이 왕위를 받아 가지고 오려고 먼 나라로 갈때에
၁၂
13 그 종 열을 불러 은 열 므나를 주며 이르되 내가 돌아오기까지 장사하라 하니라
၁၃ခ​ရီး​မ​ပြု​မီ​မိ​မိ​၏​အ​စေ​ခံ​ဆယ်​ယောက်​ကို ခေါ်​ယူ​ကာ `ငါ​ပြန်​လာ​သည်​အ​ထိ​ကုန်​သွယ် လျက်​နေ​ကြ​လော့' ဟု​ဆို​၍​ရွှေ​ဒင်္ဂါး​တစ်​ပြား စီ​ပေး​၏။-
14 그런데 그 백성이 저를 미워하여 사자를 뒤로 보내어 가로되 우리는 이 사람이 우리의 왕 됨을 원치 아니하노이다 하였더라
၁၄သို့​ရာ​တွင်​သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​ကြ​သ​ဖြင့် `ထို​သူ​၏​အ​အုပ်​အ​ချုပ် ကို​ငါ​တို့​မ​ခံ​လို' ဟု​စေ​တ​မန်​များ​ကို​သူ့ နောက်​သို့​လွှတ်​၍​လျှောက်​ထား​စေ​၏။
15 귀인이 왕위를 받아 가지고 돌아와서 은 준 종들의 각각 어떻게 장사한 것을 알고자 하여 저희를 부르니
၁၅ထို​သူ​ကား​ဘု​ရင်​အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​၏။ သူ​သည်​ချက်​ချင်း​ပင်​မိ​မိ​ရင်း​နှီး​ငွေ​ပေး​ခဲ့​သည့် အ​စေ​ခံ​များ​ကို ကုန်​သွယ်​၍​အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို​သိ​လို​သ​ဖြင့်​သူ​တို့​အား ဆင့်​ခေါ်​၏။-
16 그 첫째가 나아와 가로되 주여 주의 한 므나로 열 므나를 남겼나이다
၁၆ပ​ထ​မ​အ​စေ​ခံ​သည်​လာ​၍`အ​ရှင်၊ အ​ရှင်​ပေး ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ဆယ်​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။-
17 주인이 이르되 잘 하였다 착한 종이여 네가 지극히 작은 것에 충성하였으니 열 고을 권세를 차지하라 하고
၁၇မင်း​ကြီး​က `ကောင်း​လေ​စွ၊ သင်​သည်​အ​စေ​ခံ ကောင်း​တစ်​ယောက်​ဖြစ်​ပေ​၏။ သေး​ငယ်​သော​အ​မှု တွင်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့် သင့်​အား​ငါ​သည်​မြို့ ကြီး​ဆယ်​မြို့​ကို​အ​ပိုင်​စား​ပေး​၏' ဟု​မိန့်​တော် မူ​၏။-
18 그 둘째가 와서 가로되 주여 주의 한 므나로 다섯 므나를 만들었나이다
၁၈ဒု​တိ​ယ​အ​စေ​ခံ​သည်​လည်း​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ငါး​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။-
19 주인이 그에게도 이르되 너도 다섯 고을을 차지하라 하고
၁၉မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။-
20 또 한 사람이 와서 가로되 주여 보소서 주의 한 므나가 여기 있나이다 내가 수건으로 싸 두었었나이다
၂၀အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။-
21 이는 당신이 엄한 사람인 것을 내가 무서워함이라 당신은 두지 않은 것을 취하고 심지 않은 것을 거두나이다
၂၁အ​ရှင်​သည်​ခက်​ထန်​သူ​ဖြစ်​သ​ဖြင့်​အ​ရှင့် အား​ကျွန်ုပ်​ကြောက်​ရွံ့​ပါ​၏။ အ​ရှင်​သည်​မိ​မိ မ​ပိုင်​သည့်​အ​ရာ​ကို​သိမ်း​ယူ​တတ်​ပါ​၏။ မိ​မိ မ​စိုက်​မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း တတ်​ပါ​၏' ဟု​လျှောက်​၏။-
22 주인이 이르되 악한 종아 내가 네 말로 너를 판단하노니 너는 내가 두지 않은 것을 취하고 심지 않은 것을 거두는 엄한 사람인 줄을 알았느냐
၂၂မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။-
23 그러면 어찌하여 내 은을 은행에 두지 아니하였느냐 그리하였으면 내가 와서 그 변리까지 찾았으리라 하고
၂၃ငါ​ပေး​သည့်​ငွေ​ကို​ငါ​ပြန်​လာ​ချိန်​အ​တိုး​နှင့် တ​ကွ​ပြန်​လည်​ပေး​ဆပ်​နိုင်​ရန်​အ​ဘယ်​ကြောင့် ဘဏ်​တွင်​အပ်​နှံ​၍​မ​ထား​သ​နည်း' ဟု​မေး​၏။-
24 곁에 섰는 자들에게 이르되 그 한 므나를 빼앗아 열 므나 있는 자에게 주라 하니
၂၄အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။-
25 저희가 가로되 주여 저에게 이미 열 므나가 있나이다
၂၅လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။-
26 주인이 가로되 내가 너희에게 말하노니 무릇 있는 자는 받겠고 없는 자는 그 있는 것도 빼앗기리라
၂၆မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။-
27 그리고 나의 왕 됨을 원치 아니하던 저 원수들을 이리로 끌어다가 내 앞에서 죽이라 하였느니라'
၂၇ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။
28 예수께서 이 말씀을 하시고 예루살렘을 향하여 앞서서 가시더라
၂၈ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။-
29 감람원이라는 산의 벳바게와 베다니에 가까이 왔을 때에 제자 중 둘을 보내시며
၂၉သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။-
30 이르시되 `너희 맞은편 마을로 가라 그리로 들어가면 아직 아무 사람도 타 보지 않은 나귀 새끼의 매여 있는 것을 보리니 풀어 끌고 오너라
၃၀ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။-
31 만일 누가 너희에게 어찌하여 푸느냐? 묻거든 이렇게 말하되 주가 쓰시겠다! 하라' 하시매
၃၁အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
32 보내심을 받은 자들이 가서 그 말씀하신 대로 만난지라
၃၂စေ​လွှတ်​ခြင်း​ခံ​ရ​သူ​တို့​သည်​လည်း​သွား​ကြ သော​အ​ခါ ကိုယ်​တော်​မိန့်​ကြား​တော်​မူ​သည့် အ​တိုင်း​အ​ရာ​ခပ်​သိမ်း​ကို​တွေ့​မြင်​ကြ​၏။ -
33 나귀 새끼를 풀 때에 그 임자들이 이르되 `어찌하여 나귀 새끼를 푸느냐?'
၃၃သူ​တို့​သည်​မြည်း​ကြိုး​ကို​ဖြေ​နေ​စဉ်​မြည်း​ရှင် က ``သင်​တို့​အ​ဘယ်​ကြောင့်​မြည်း​ကြိုး​ကို​ဖြေ သ​နည်း'' ဟု​မေး​၏။
34 대답하되 `주께서 쓰시겠다!' 하고
၃၄သူ​တို့​က ``ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်'' ဟု​ဖြေ​ကြား​၏။-
35 그것을 예수께로 끌고 와서 자기들의 겉옷을 나귀 새끼 위에 걸쳐 놓고 예수를 태우니
၃၅ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။-
36 가실 때에 저희가 자기의 겉옷을 길에 펴더라
၃၆ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။
37 이미 감람산에서 내려가는 편까지 가까이 오시매 제자의 온 무리가 자기의 본 바 모든 능한 일을 인하여 기뻐하며 큰 소리로 하나님을 찬양하여
၃၇ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။-
38 가로되 `찬송하리로다 주의 이름으로 오시는 왕이여! 하늘에는 평화요 가장 높은 곳에는 영광이로다' 하니
၃၈ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။
39 무리 중 어떤 바리새인들이 말하되 `선생이여, 당신의 제자들을 책망하소서' 하거늘
၃၉ထို​အ​ခါ​လူ​ပ​ရိ​သတ်​အ​ထဲ​မှ​ဖာ​ရိ​ရှဲ​အ​ချို့ တို့​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​၏​တ​ပည့်​တော် များ​အား​တိတ်​ဆိတ်​စေ​ရန်​ဆုံး​မ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။
40 대답하여 가라사대 `내가 너희에게 말하노니 만일 이 사람들이 잠잠하면 돌들이 소리지르리라' 하시니라
၄၀ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
41 가까이 오사 성을 보시고 우시며
၄၁ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-
42 가라사대 `너도 오늘날 평화에 관한 일을 알았더면 좋을 뻔하였거니와 지금 네 눈에 숨기웠도다
၄၂ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။-
43 날이 이를지라 네 원수들이 토성을 쌓고 너를 둘러 사면으로 가두고
၄၃ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-
44 또 너와 및 그 가운데 있는 네 자식들을 땅에 메어치며 돌 하나도 돌위에 남기지 아니하리니 이는 권고 받는 날을 네가 알지 못함을 인함이니라' 하시니라
၄၄သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
45 성전에 들어가사 장사하는 자들을 내어 쫓으시며
၄၅ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​၏။ ကိုယ်​တော်​က `ငါ​၏​အိမ်​တော်​ကို ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ် လတ္တံ့' ဟု​ကျမ်း​စာ​လာ​သည်​မ​ဟုတ်​လော။ သို့ ရာ​တွင်​သင်​တို့​သည်​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ'' ဟု​ဆို​၍​ဗိ​မာန် တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။
46 저희에게 이르시되 `기록된 바 내집은 기도하는 집이 되리라 하였거늘 너희는 강도의 굴혈을 만들었도다' 하시니라
၄၆
47 예수께서 날마다 성전에서 가르치시니 대제사장들과 서기관들과 백성의 두목들이 그를 죽이려고 꾀하되
၄၇ကိုယ်​တော်​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ကိုယ်​တော် ကို​သတ်​ရန်​အ​ခွင့်​ရှာ​လျက်​နေ​ကြ​၏။-
48 백성이 다 그에게 귀를 기울여 들으므로 어찌할 방침을 찾지 못하였더라
၄၈သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏ တ​ရား​စ​ကား​များ​ကို​အ​ထူး​အာ​ရုံ​စိုက်​၍ နာ​ယူ​နေ​ကြ​သော​ကြောင့်​ကိုယ်​တော်​အား အ​ဘယ်​နည်း​ဖြင့်​သတ်​ရ​မည်​ကို​မ​သိ​ကြ။

< 누가복음 19 >