< 레위기 3 >

1 사람이 만일 화목제의 희생을 예물로 드리되 소로 드리려거든 수컷이나 암컷이나 흠 없는 것으로 여호와 앞에 드릴지니
နွားကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။
2 그 예물의 머리에 안수하고 회막 문에서 잡을 것이요, 아론의 자손 제사장들은 그 피를 제단 사면에 뿌릴 것이며
ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။
3 그는 또 그 화목제의 희생중에서 여호와께 화제를 드릴지니 곧 내장에 덮인 기름과, 내장에 붙은 모든 기름과,
အအူကို ဖုံးသောဆီဥ၊ -
4 두 콩팥과, 그 위의 기름 곧 허리 근방에 있는 것과, 간에 덮인 꺼풀을 콩팥과 함께 취할 것이요
အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊
5 아론의 자손은 그것을 단 윗불 위에 있는 나무 위 번제물 위에 사를지니 이는 화제라 여호와께 향기로운 냄새니라
အာရုန်၏ သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
6 만일 여호와께 예물로 드리는 화목제의 희생이 양이면 수컷이나 암컷이나 흠 없는 것으로 드릴지며
ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည်။
7 만일 예물로 드리는 것이 어린 양이면 그것을 여호와 앞으로 끌어다가
သိုးသငယ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊
8 그 예물의 머리에 안수하고 회막 앞에서 잡을 것이요, 아론의 자손은 그 피를 단 사면에 뿌릴 것이며
ပူဇော်သော သိုး၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။
9 그는 그 화목제의 희생 중에서 여호와께 화제를 드릴지니 그 기름 곧 미려골에서 벤바 기름진 꼬리와, 내장에 덮힌 기름과, 내장에 붙은 모든 기름과,
အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကို ဖုံးသော အဆီဥ၊ အအူနှင့် ဆိုင်သမျှသော အဆီဥ၊ -
10 두 콩팥과, 그 위의 기름 곧 허리 근방에 있는 것과, 간에 덮인 꺼풀을 콩팥과 함께 취할 것이요
၁၀ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
11 제사장은 그것을 단 위에 불사를지니 이는 화제로 여호와께 드리는 식물이니라
၁၁ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။
12 만일 예물이 염소면 그것을 여호와 앞으로 끌어다가
၁၂ဆိတ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊-
13 그 머리에 안수하고 회막 앞에서 잡을 것이요, 아론의 자손은 그 피를 단 사면에 뿌릴 것이며
၁၃ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
14 그는 그 중에서 예물을 취하여 여호와께 화제를 드릴지니 곧 내장에 덮인 기름과, 내장에 붙은 모든 기름과,
၁၄အအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊-
15 두 콩팥과, 그 위의 기름 곧 허리 근방에 있는 것과, 간에 덮인 꺼풀을 콩팥과 함께 취할 것이요
၁၅ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သက္ကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
16 제사장은 그것을 단 위에 불사를지니 이는 화제로 드리는 식물이요, 향기로운 냄새라 모든 기름은 여호와의 것이니라
၁၆ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။
17 너희는 기름과 피를 먹지 말라! 이는 너희 모든 처소에서 대대로 영원한 규례니라!
၁၇သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။

< 레위기 3 >