< 사사기 17 >

1 에브라임 산지에 미가라 이름하는 사람이 있더니
အ​ခါ​တစ်​ပါး​က​မိက္ခာ​အ​မည်​ရှိ​သော​လူ တစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ တွင်​နေ​ထိုင်​၏။-
2 그 어미에게 이르되 `어머니께서 은 일천 일백을 잃어버리셨으므로 저주하시고 내 귀에도 말씀하셨더니 보소서 그 은이 내게 있나이다 내가 그것을 취하였나이다' 어미가 가로되 `내 아들이 여호와께 복 받기를 원하노라' 하니라
သူ​သည်​မိ​မိ​၏​မိခင်​အား``မိ​ခင်​၏​ငွေ​တစ်​ဆယ့် တစ်​ပိ​ဿာ​ပျောက်​ဆုံး​သွား​စဉ်​အ​ခါ​က​ခိုး ယူ​သူ​အား မိ​ခင်​ကျိန်​ဆဲ​ခဲ့​သည်​ကို​ကျွန်​တော် ကြား​ရ​ပါ​သည်။ ထို​ငွေ​သည်​ကျွန်​တော့်​မှာ ရှိ​ပါ​သည်။ ကျွန်​တော်​ယူ​မိ​ပါ​သည်'' ဟု ပြော​လေ​သည်။ သူ​၏​မိ​ခင်​က​လည်း``ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။-
3 미가가 은 일천 일백을 그 어미에게 도로 주매 어미가 가로되 `내가 내 아들을 위하여 한 신상을 새기며 한 신상을 부어만들 차로 내 손에서 이 은을 여호와께 거룩히 드리노라 그러므로 내가 이제 이 은을 네게 도로 돌리리라'
သူ​သည်​ထို​ငွေ​ကို​မိခင်​အား​ပြန်​၍​ပေး​၏။ ထို အ​ခါ​မိ​ခင်​ဖြစ်​သူ​က``ငါ့​သား၊ ကျိန်​စာ မ​သင့်​စိမ့်​သော​ငှာ​ငါ​ကိုယ်​တိုင်​ပင်​ထို​ငွေ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​ဆက်​ကပ်​မည်။ ငွေ​ဖြင့်​မွမ်း​မံ​ထား​သည့်​သစ်​သား​ရုပ်​တု တစ်​ခု​ကို​ပြု​လုပ်​ရာ​တွင် ထို​ငွေ​ကို​အ​သုံး ပြု​မည်​ဖြစ်​၍​သင့်​အား​ပြန်​ပေး​မည်'' ဟု​ဆို​၏။-
4 미가가 그 은을 어미에게 도로 주었으므로 어미가 그 은 이백을 취하여 은장색에게 주어 한 신상을 새기며 한 신상을 부어 만들었더니 그 신상이 미가의 집에 있더라
သား​ဖြစ်​သူ​သည်​လည်း​ထို​ငွေ​ကို​မ​ယူ​ဘဲ အ​မိ​အား​ပြန်​၍​ပေး​လေ​သည်။ ထို​အ​ခါ မိ​ခင်​သည်​ငွေ​နှစ်​ပိ​ဿာ​ကို​ယူ​၍​ပန်း​ထိမ် အား​ပေး​အပ်​ကာ သစ်​သား​ရုပ်​တု​တစ်​ခု ထု​လုပ်​စေ​ပြီး​လျှင်​ငွေ​ဖြင့်​မွမ်း​မံ​စေ​၏။ ထို​ရုပ်​တု​ကို​မိက္ခာ​၏​အိမ်​တွင်​ထား​ရှိ သတည်း။
5 이 사람 미가에게 신당이 있으므로 또 에봇과 드라빔을 만들고 한 아들을 세워 제사장을 삼았더라
ဤ​မိက္ခာ​ဆို​သူ​၌ မိ​မိ​ကိုယ်​ပိုင်​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တစ်​ခု​ရှိ​၏။ သူ​သည်​ရုပ်​တု များ​နှင့်​သင်​တိုင်း​တော်​တစ်​ခု​ကို​ပြု​လုပ် ပြီး​လျှင် မိ​မိ​သား​တစ်​ယောက်​အား​မိ​မိ ၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ခန့်​ထား လေ​သည်။-
6 그 때에는 이스라엘에 왕이 없으므로 사람마다 자기 소견에 옳은 대로 행하였더라
ထို​ကာ​လ​၌​ဣ​သ​ရေ​လ​လူ​မျိုး​တွင်​ဘု​ရင် မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ​၏​စိတ် သ​ဘော​အ​တိုင်း​ပြု​လုပ်​လေ​သည်။
7 유다 가족에 속한 유다 베들레헴에 한 소년이 있으니 그는 레위인으로서 거기 우거하였더라
ထို​ကာ​လ​၌​ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင် နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​သည်၊-
8 이 사람이 거할 곳을 찾고자 하여 그 성읍 유다 베들레헴을 떠나서 행하다가 에브라임 산지로 가서 미가의 집에 이르매
အ​ခြား​တစ်​မြို့​တစ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင် ရန်​ဗက်​လင်​မြို့​မှ​ထွက်​ခွာ​လာ​စဉ် ဧ​ဖ​ရိမ် တောင်​ကုန်း​ဒေ​သ​ရှိ​မိက္ခာ​၏​အိမ်​သို့​ရောက် ရှိ​လာ​လေ​သည်။-
9 미가가 그에게 묻되 `너는 어디서부터 오느뇨' 그가 이르되 `나는 유다 베들레헴의 레위인으로서 거할 곳을 찾으러 가노라'
မိက္ခာ​က``သင်​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု​မေး​၏။ သူ​က``အ​ကျွန်ုပ်​သည်​ယု​ဒ​ပြည်​ဗက် လင်​မြို့​မှ​လေ​ဝိ​အ​မျိုး​သား​ဖြစ်​၍​နေ​ထိုင်​ရန် အ​ရပ်​ကို​ရှာ​နေ​သူ​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော လေ​သည်။
10 미가가 그에게 이르되 `네가 나와 함께 거하여 나를 위하여 아비와 제사장이 되라 내가 해마다 은 열과 의복 한 벌과 식물을 주리라' 하므로 레위인이 들어갔더니
၁၀မိက္ခာ​က​လည်း``အ​ကျွန်ုပ်​နှင့်​အ​တူ​နေ​ပါ​လော့။ အ​ကျွန်ုပ်​အား​အ​ကြံ​ဉာဏ်​ပေး​သူ၊ အ​ကျွန်ုပ်​၏ ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​နေ​ပါ​လော့။ သင့် အား​တစ်​နှစ်​လျှင်​ငွေ​ဒင်္ဂါး​တစ်​ဆယ်​နှင့်​ဝတ်​စုံ ကို​လည်း​ကောင်း၊ အ​စား​အ​စာ​ကို​လည်း​ကောင်း အ​ကျွန်ုပ်​ထောက်​ပံ့​ပါ​မည်'' ဟု​ဆို​လေ​သော်၊-
11 레위인이 그 사람과 함께 거하기를 만족히 여겼으니 이는 그 소년이 미가의 아들 중 하나같이 됨이라
၁၁လေ​ဝိ​လူ​ငယ်​သည်​မိက္ခာ​နှင့်​အ​တူ​နေ​ထိုင် ရန်​သ​ဘော​တူ​လိုက်​၏။ သူ​သည်​မိက္ခာ​၏​သား သ​ဖွယ်​အ​တူ​နေ​ထိုင်​လေ​သည်။
12 미가가 레위인을 거룩히 구별하매 소년이 미가의 제사장이 되어 그 집에 거한지라
၁၂မိက္ခာ​သည်​သူ့​အား​မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဖြင့်​ခန့်​ထား​သ​ဖြင့် သူ​သည်​မိက္ခာ​၏​အိမ်​၌​နေ​ထိုင် လေ​သည်။-
13 이에 미가가 가로되 `레위인이 내 제사장이 되었으니 이제 여호와께서 내게 복 주실 줄을 아노라' 하니라
၁၃မိက္ခာ​က​လည်း``ယ​ခု​ငါ​သည်​လေဝိ​အ​မျိုး​သား တစ်​ဦး​အား မိ​မိ​၏​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ရ​ရှိ​ထား​လေ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​အ​စ​စ​အ​ရာ​ရာ​၌ ငါ့​အား​တိုး​တက် အောင်​မြင်​စေ​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

< 사사기 17 >