< 이사야 48 >

1 야곱 집이여 이스라엘의 이름으로 일컬음을 받으며 유다의 근원에서 나왔으며 거룩한 성 백성이라 칭하며 그 이름이 만군의 여호와이신 이스라엘의 하나님을 의지하면서 성실치 아니하고 의로움이 없이 여호와의 이름으로 맹세하며 이스라엘의 하나님을 부르는 너희는 들을지어다
အ​ချင်း​ယု​ဒ​မှ​ဆင်း​သက်​လာ​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​ကျိန်​ဆို​ကာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော်​လည်း သင်​တို့​၏​စ​ကား​များ​သည်​တစ်​ခွန်း​မျှ​မ​မှန်။
2 (1절과 같음)
သို့​ပါ​လျက်​သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း မြင့်​မြတ်​သည့်​မြို့​တော်​သား​များ​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု​နာ​မည် တွင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို မှီ​ခို​အား​ကိုး​သူ​များ​ဟူ​၍​လည်း​ကောင်း ဂုဏ်​ယူ​ပြော​ဆို​ကြ​ပေ​သည်။
3 여호와께서 가라사대 내가 옛적에 장래사를 고하였고 내 입에서 내어 보였고 내가 홀연히 그 일을 행하여 이루었느니라
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထာ​ဝ​ရ ဘု​ရား​က၊ ``ရှေး​အ​ခါ​က၊ငါ​သည်​ဖြစ်​ပျက်​မည့်​အ​မှု အ​ရာ​ကို ကြို​တင်​ဟော​ကြား​ခဲ့​၏။ ထို​နောက်​ထို​အ​ရာ​ကို​ရုတ်​တ​ရက်​ဖြစ်​ပေါ် လာ​စေ​၏။
4 내가 알거니와 너는 완악하며 네 목의 힘줄은 무쇠요 네 이마는 놋이라
သင်​တို့​သည်​သံ​ကဲ့​သို့​တင်း​မာ​လျက်၊ ကြေး​ဝါ​ကဲ့​သို့​မာ​ကြော​လျက်၊ခေါင်း​မာ နေ​ကြ​လိမ့်​မည်​ကို​ငါ​သိ​၏။
5 그러므로 내가 이 일을 옛적부터 네게 고하였고 성사하기 전에 그것을 네게 보였느니라 그렇지 않았더면 네 말이 내 신의 행한 바요 내 새긴 신상과 부어만든 신상의 명한 바라 하였으리라
ငါ​သည်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​မီ​က ပင်​လျှင် ကြို​တင်​၍၊သင်​တို့​၏​အ​နာ​ဂတ်​ကို ဟော​ကြား​ခဲ့​ပေ​သည်။ ယင်း​သို့​ပြု​ရ​ခြင်း​မှာ​ဤ​အ​မှု​အ​ရာ​များ​ကို သင်​တို့​လုပ်​သည့်​ရုပ်​တု​များ​က​ဖြစ်​ပေါ်​စေ​သည်​ဟု သင်​တို့​မ​ပြော​မ​ဆို​နိုင်​ကြ​စေ​ရန်​ပင်​ဖြစ်​၏။
6 네가 이미 들었으니 이것을 다 보라 너희가 선전치 아니하겠느뇨 이제부터 내가 새 일 곧 네가 알지 못하던 은비한 일을 네게 보이노니
``ငါ​သည်​ကြို​တင်​ဟော​ကြား​ခဲ့​သ​မျှ​သော အ​မှု​တို့​သည်​ယ​ခု​ဖြစ်​ပျက်​ကြ​လေ​ပြီ။ ငါ​၏​ဟော​ကြား​ချက်​များ​မှန်​လျက်​နေ​သည်​ကို သင်​တို့​ဝန်​ခံ​ကြ​ရ​ပေ​မည်။ ယ​ခု​ငါ​သည်​နောင်​အ​ခါ​၌​ဖြစ်​ပျက်​မည့် အ​မှု​အ​ရာ​သစ်​များ၊ ယ​ခင်​အ​ခါ​က​မ​ဖော်​ပြ​ခဲ့​ဘူး​သည့် အ​မှု​အ​ရာ​များ​ကို​သင်​တို့​အား​ဖော်​ပြ​ပါ​အံ့။
7 이 일들은 이제 창조된 것이요 옛적 것이 아니라 오늘 이전에는 네가 듣지 못하였느니라 그렇지 않았더면 네가 말하기를 내가 이미 알았노라 하였으리라
ယ​ခု​မှ​သာ​လျှင်​ငါ​သည်​ထို​အ​မှု​တို့​ကို ဖြစ်​ပျက်​စေ​မည်။ ယင်း​သို့​သော​အ​မှု​များ​သည်​ယ​ခင်​က မ​ဖြစ်​မ​ပျက်​ခဲ့​ဘူး​ကြ။ အ​ကယ်​၍​ဖြစ်​ပျက်​ခဲ့​သည်​ဆို​ပါ​မူ၊ ထို​အ​ရာ​တို့​၏​အ​ကြောင်း​ကို​ငါ​တို့​သိ​ရှိ​ပြီး ဟု သင်​တို့​ဆို​ကြ​လိမ့်​မည်။
8 네가 과연 듣지도 못하였고 알지도 못하였으며 네 귀가 옛적부터 열리지 못하였었나니 이는 네가 궤휼하고 궤휼하여 모태에서부터 패역한 자라 칭함을 입은 줄을 내가 알았음이라
သင်​တို့​အား​ယုံ​ကြည်​စိတ်​ချ​၍ မ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မွေး​ဖွား​လာ​ချိန်​မှ​ပင်​အ​စ​ပြု​၍ သူ​ပုန်​များ​ဟု​အ​ခေါ်​ခံ​ရ​ကြ​သည်​ကို​လည်း ကောင်း ငါ​သိ​၏။ ထို့​ကြောင့်​ဤ​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို သင်​တို့​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့ နား​မ​လည်​ခဲ့။ ယ​ခင်​က​တည်း​က​သင်​တို့​သည်​လည်း​နား​မ​ပွင့်။
9 내 이름을 위하여 내가 노하기를 더디 할 것이며 내 영예를 위하여 내가 참고 너를 멸절하지 아니하리라
``ငါ​၏​နာ​မ​တော်​ကို​လူ​တို့​ထော​မ​နာ​ပြု​ကြ​စေ​ရန်၊ ငါ​သည်​မိ​မိ​၏​အ​မျက်​ကို​ထိန်း​ချုပ်​၍​ထား​မည်။ မိ​မိ​ဒေါ​သ​ကို​ချုပ်​တည်း​၍​သင်​တို့​အား ဖျက်​ဆီး​သုတ်​သင်​မှု​ကို​မ​ပြု​ဘဲ​နေ​မည်။
10 보라, 내가 너를 연단하였으나 은처럼 하지 아니하고 너를 고난의 풀무에서 택하였노라
၁၀ငွေ​ကို​မီး​ဖို​တွင်​ထည့်​၍​ချွတ်​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​မီး​ဖြင့် စုံ​စမ်း​စစ်​ဆေး​ပြီး​ဖြစ်​၏။
11 내가 나를 위하며 내가 나를 위하여 이를 이룰 것이라 어찌 내 이름을 욕되게 하리요 내 영광을 다른 자에게 주지 아니하리라
၁၁ငါ​သည်​အ​ဘယ်​အ​မှု​ကို​မ​ဆို​မိ​မိ​၏ ဂုဏ်​သိက္ခာ​ကို​ထောက်​၍​ပြု​တတ်​၏။ ငါ​၏​နာ​မ​တော်​အ​သ​ရေ​ပျက်​စေ​ရန်​ပြု လိမ့်​မည်​မ​ဟုတ်။ ငါ​တစ်​ပါး​တည်း​သာ​လျှင်​ခံ​ယူ​ထိုက်​သည့် ဘုန်း​အ​သ​ရေ​ကို​လည်း၊ အ​ခြား​အ​ဘယ်​သူ​အား​မျှ​ခံ​ယူ​စေ​လိမ့် မည်​မ​ဟုတ်။
12 야곱아, 나의 부른 이스라엘아 나를 들으라 나는 그니 나는 처음이요 또 마지막이라
၁၂ထာ​ဝ​ရ​ဘု​ရား​က ``အို ငါ​ခေါ်​ယူ​တော်​မူ​သည့်​လူ​မျိုး​တော်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင်​တည်​နေ​တော်​မူ​သော အ​ရှင်၊ဖြစ်​တော်​မူ​၏။
13 과연 내 손이 땅의 기초를 정하였고 내 오른손이 하늘에 폈나니 내가 부르면 천지가 일제히 서느니라
၁၃ငါ​၏​လက်​တော်​သည်​ကမ္ဘာ​မြေ​ကြီး အုတ်​မြစ်​များ​ကို​ချ​၍၊ မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​ခဲ့​၏။ ငါ​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​ကို ဆင့်​ခေါ်​သော​အ​ခါ၊သူ​တို့​သည်​ချက်​ချင်း ပေါ်​ပေါက်​လာ​ကြ​ပါ​သည်​တ​ကား။
14 너희는 다 모여 들으라 나 여호와의 사랑하는 자가 나의 뜻을 바벨론에 행하리니 그의 팔이 갈대아인에게 임할 것이라 그들 중에 누가 이 일을 예언하였느뇨
၁၄သင်​တို့​အ​ပေါင်း​သည်​စု​ဝေး​၍​ငါ​ပြော​သည် ကို နား​ထောင်​ကြ​လော့။ ငါ​ရွေး​ချယ်​ထား​သူ​သည်​ဗာ​ဗု​လုန်​ပြည်​ကို တိုက်​ခိုက်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​၏​အ​လို​တော်​ကျ​ဆောင်​ရွက်​ပေး​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ဘယ်​ရုပ်​တု​က​မျှ​ကြို​တင်​၍​မ​ဟော​ကြား နိုင်​ခဲ့။
15 나 곧 내가 말하였고 또 내가 그를 부르며 그를 인도하였나니 그길이 형통하리라
၁၅သူ့​အား​အ​မိန့်​ပေး​၍​ခေါ်​ယူ​သူ​မှာ​ငါ​ပင် ဖြစ်​ပေ​သည်။ ငါ​သည်​သူ့​အား​လမ်း​ပြ​ပို့​ဆောင်​၍ အောင်​မြင်​မှု​ကို​ပေး​ခဲ့​၏။
16 너희는 내게 가까이 나아와 이 말을 들으라 내가 처음부터 그것을 비밀히 말하지 아니하였나니 그 말이 있을 때부터 내가 거기 있었노라 하셨느니라 이제는 주 여호와께서 나와 그 신을 보내셨느니라
၁၆``ယ​ခု​ငါ​၏​အ​နီး​သို့​ချဉ်း​ကပ်​၍​ငါ​ပြော​ဆို သည်​ကို နား​ထောင်​ကြ​လော့။ အ​စ​အ​ဦး​က​ပင်​လျှင်​ငါ​သည်​သင်​တို့​အား ပွင့်​လင်း​စွာ​ဖော်​ပြ​ခဲ့​၏။ ထို​အ​ဖြစ်​အ​ပျက်​စ​၍​ဖြစ်​စဉ်​က​ပင် ငါ​ရှိ​ခဲ့​၏ ဟု​မိန့်​တော်​မူ​၏။ (ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ငါ့ အား​တန်​ခိုး​တော်​ကို​ပေး​၍​စေ​လွှတ်​တော်​မူ ပြီ။)
17 너희의 구속자시요 이스라엘의 거룩하신 자이신 여호와께서 가라사대 나는 네게 유익하도록 가르치고 너를 마땅히 행할 길로 인도하는 너희 하나님 여호와라
၁၇ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊ သင်​တို့​အား​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အ​ကျိုး​ငှာ​သွန်​သင်​တော်​မူ​၍၊ သင်​တို့​သွား​ရ​မည့်​ခ​ရီး​လမ်း​ကို ပြ​ညွှန်​တော်​မူ​လို​သည့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
18 슬프다 네가 나의 명령을 듣지 아니하였도다 만일 들었더면 네 평강이 강과 같았겠고 네 의가 바다 물결 같았을 것이며
၁၈``အ​ကယ်​၍​သင်​တို့​သာ​လျှင်​ငါ​၏​အ​မိန့် တော်​များ​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငြိမ်​သက်​ခြင်း​ချောင်း​ရေ​ကဲ့​သို့၊သင်​တို့​အ​တွက် စီး​ဆင်း​လာ​မည်​သာ။ အောင်​မြင်​ခြင်း​သည်​လည်း​ကမ်း​ခြေ​တွင် ရိုက်​ခတ်​သည့်​လှိုင်း​လုံး​များ​ကဲ့​သို့​သင်​တို့​အ​တွက် ပေါ်​ထွက်​လာ​မည်​သာ။
19 네 자손이 모래 같았겠고 네 몸의 소생이 모래 알갱이 같아서 그 이름이 내 앞에서 끊어지지 아니하였겠고 없어지지 아니하였으리라 하셨느니라
၁၉သင်​တို့​၏​သား​မြေး​များ​သည်​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြုန်း​စေ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။
20 너희는 바벨론에서 나와서 갈대아인을 피하고 즐거운 소리로 이를 선파하여 들리며 땅 끝까지 반포하여 이르기를 여호와께서 그종 야곱을 구속하셨다 하라
၂၀ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။ ``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။
21 여호와께서 그들을 사막으로 통과하게 하시던 때에 그들로 목마르지 않게 하시되 그들을 위하여 바위에서 물이 흘러나게 하시며 바위를 쪼개사 물로 솟아나게 하셨느니라
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား၊ ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ရေ​မ​ငတ်​ကြ။ ကိုယ်​တော်​သည်၊သူ​တို့​အ​တွက်​ကျောက်​ဆောင်​ထဲ​မှ ရေ​စီး​၍​ထွက်​စေ​တော်​မူ​၏။ ကျောက်​ကို​ကွဲ​အက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ထွက်​၍​လာ​၏။
22 여호와께서 말씀하시되 악인에게는 평강이 없다 하셨느니라
၂၂``သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။

< 이사야 48 >