< 에스겔 45 >

1 너희는 제비 뽑아 땅을 나누어 기업을 삼을 때에 한 구역을 거룩한 땅으로 삼아 여호와께 예물로 드릴지니 그 장은 이만 오천척이요 광은 일만척이라 그 구역 안 전부가 거룩하리라
ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း​တို့​အား​မြေ​ယာ ကို​ခွဲ​ဝေ​ပေး​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မြေ​တစ်​ကွက်​ကို​မြင့်​မြတ်​သန့်​ရှင်း​သော​နယ် မြေ​အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။ ယင်း​သည် အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။ ထို​နယ်​မြေ​တစ်​ခု​လုံး​သည်​မြင့်​မြတ်​သန့် ရှင်း​လိမ့်​မည်။-
2 그 중에서 성소에 속할 땅은 장이 오백척이요 광이 오백척이니 네모 반듯하며 그 외에 사면 오십척으로 뜰이 되게 하되
ဗိ​မာန်​တော်​အ​တွက်​စ​တု​ရန်း​ရှစ်​ရာ​လေး ဆယ်​ပေ​ရှိ​သော​မြေ​ကွက်​ပါ​ဝင်​ရ​မည်။ ထို မြေ​ကွက်​ပတ်​လည်​တွင်​အ​နံ​ရှစ်​ဆယ့်​လေး ပေ​ရှိ​သော​မြေ​လပ်​ရှိ​ရ​မည်။-
3 이 척량한 중에서 장 이만 오천척과 광 일만 척을 척량하고 그 가운데 성소를 둘지니 지극히 거룩한 곳이요
အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​တည်း ဟူ​သော​ဗိ​မာန်​တော်​တည်​ရှိ​မည်။-
4 그 땅의 거룩한 구역이라 여호와께 가까이 나아가서 성소에서 수종드는 제사장에게 돌려 그 집을 위하여 있는 곳이 되게 하며 성소를 위하여 있는 거룩한 곳이 되게 하고
ဗိ​မာန်​တော်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော် သို့​ချဉ်း​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​သီး​သန့်​ထား​ရာ သန့်​ရှင်း​မြင့်​မြတ်​သည့်​ဌာ​န​ပါ​ရှိ​၍ သူ​တို့ နေ​ထိုင်​ရန်​အိမ်​များ​ရှိ​ရာ​အ​ပိုင်း​နှင့်​ဗိ​မာန် တော်​တည်​ရှိ​ရာ​အ​ပိုင်း​ပါ​ရှိ​လိမ့်​မည်။-
5 또 장 이만 오천척과 광 일만 척을 척량하여 전에서 수종드는 레위 사람에게 돌려 그들의 산업을 삼아 촌 이십을 세우게 하고
ကျန်​မြေ​ကွက်​တစ်​ဝက်​တွင်​ဗိ​မာန်​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​တွက်​မြို့​များ​တည်​ဆောက်​ရန်​ဖြစ် ရ​မည်။
6 구별한 거룩한 구역 옆에 광 오천척과 장 이만 오천척을 척량하여 성읍의 기지를 삼아 이스라엘 온 족속에게 돌리고
မြို့​တစ်​မြို့​တည်​ရန်​အ​တွက်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ရှစ်​မိုင်​ရှိ​သော​မြေ​ယာ​ကို​လည်း​ဖယ် ထား​ရ​မည်။ ထို​မြေ​ယာ​သည်​သန့်​ရှင်း​မြင့် မြတ်​သည့်​နယ်​မြေ​နှင့်​ကပ်​လျက်​နေ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရန် အ​တွက်​ဖြစ်​ရ​မည်။
7 드린바 거룩한 구역과 성읍의 기지 된 땅의 좌우편 곧 드린바 거룩한 구역의 옆과 성읍의 기지 옆의 땅을 왕에게 돌리되 서편으로 향하여 서편 국경까지와 동편으로 향하여 동편 국경까지니 그장이 구역 하나와 서로 같을지니라
နန်း​စံ​နေ​ဆဲ​မင်း​သား​အ​တွက်​မြေ​ယာ​တစ် ကွက်​ကို​လည်း​ဖယ်​ထား​ရ​မည်။ ယင်း​သည်​သန့် ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​အ​နောက်​ဘက် နယ်​နိ​မိတ်​မှ​အ​နောက်​ဘက်​သို့​လား​သော်​မြေ ထဲ​ပင်​လယ်​အ​ထိ၊ အ​ရှေ့​ဘက်​သို့​လား​သော် တိုင်း​ပြည်​၏​အ​ရှေ့​နယ်​နိ​မိတ်​အ​ထိ​ဖြစ်​ရ မည်။ ယင်း​၏​အ​လျား​သည်​ဣ​သ​ရေ​လ​အ​မျိုး နွယ်​တစ်​နွယ်​အ​တွက်​သတ်​မှတ်​ထား​သည့်​နယ် မြေ​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။-
8 이 땅으로 왕에게 돌려 이스라엘 중에 기업을 삼게 하면 나의 왕들이 다시는 내 백성을 압제하지 아니하리라 그 나머지 땅은 이스라엘 족속에게 그 지파대로 나눠 줄지니라
ဤ​နယ်​မြေ​သည်​နန်း​စံ​နေ​ဆဲ​ဖြစ်​သော​မင်း သား​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။ သို့​မှ​သာ​လျှင် သူ​သည်​ပြည်​သူ​တို့​အား​နှိပ်​စက်​က​လူ​မ​ပြု တော့​ဘဲ​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး​တို့ အား​ကြွင်း​ကျန်​သည့်​မြေ​ယာ​များ​ကို​ပိုင် ဆိုင်​ခွင့်​ပေး​လိမ့်​မည်။
9 나 주 여호와가 말하노라 이스라엘의 치리자들아 너희에게 족하니라 너희는 강포와 겁탈을 제하여 버리고 공평과 공의를 행하여내 백성에게 토색함을 그칠지니라 나 주 여호와의 말이니라
အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​ဣသ​ရေ​လ မင်း​သား​တို့၊ သင်​တို့​အ​ပြစ်​ကူး​လွန်​လျက် နေ​သည်​မှာ​ကြာ​လေ​ပြီ။ သင်​တို့​၏​အ​ကြမ်း ဖက်​မှု​နှင့်​နှိပ်​စက်​က​လူ​ပြု​မှု​တို့​ကို​ရပ်​စဲ ကြ​လော့။ မှန်​ရာ​တ​ရား​မျှ​တ​ရာ​တို့​ကို​ပြု ကျင့်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​တိုင်း​ပြည်​မှ​နောက်​ထပ်​ဘယ်​အ​ခါ​၌​မျှ မ​နှင်​မ​ထုတ်​ရ​ကြ။ ဤ​ကား​သင်​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။
10 너희는 공평한 저울과, 공평한 에바와, 공평한 밧을 쓸지니
၁၀``လူ​တိုင်း​ပင်​အ​လေး​မှန်​တင်း​မှန်​ကို​အ​သုံး ပြု​ရ​ကြ​မည်။
11 에바와 밧은 그 용량을 동일히 하되 호멜의 용량을 따라 밧은 호멜 십분지 일을 담게 하고 에바도 호멜 십분지 일을 담게 할 것이며
၁၁``ကုန်​ခြောက်​ကို​ခြင်​တွယ်​သည့်​ဧ​ဖာ​သည် အရည်​ကို​ခြင်​တွယ်​သည့်​ဗတ်​နှင့်​တူ​ညီ​ရ​မည်။ ဟောမဲ​ကို​အ​မှီ​ပြု​၍​ခြင်​တွယ်​ရ​သည်။ တစ်​ဟော​မဲ​တွင်​တစ်​ဆယ်​ဧ​ဖာ​သို့​မ​ဟုတ် တစ်​ဆယ်​ဗက်​ရှိ​သ​တည်း။
12 세겔은 이십 게라니 이십 세겔과, 이십 오 세겔과, 십 오 세겔로 너희 마네가 되게 하라
၁၂``သင်​တို့​၏​အ​လေး​များ​သည်​အောက်​ပါ အ​တိုင်း​ဖြစ်​ရ​မည်။ နှစ်​ဆယ်​ဂေ​ရာ​သည်​တစ်​ကျပ်၊ခြောက်​ဆယ်​ကျပ် သည်​တစ်​မာ​နေ​ဖြစ်​၏။
13 너희의 마땅히 드릴 예물이 이러하니 밀 한 호멜에서는 에바 육분지 일을 드리고 보리 한 호멜에서도 에바 육분지 일을 드리며
၁၃``သင်​တို့​သည်​ပူ​ဇော်​သ​ကာ​များ​ဆက်​သ​ရာ တွင်​အောက်​ပါ​အ​ခြေ​ခံ​မူ​ကို​အ​သုံး​ပြု​ရ ကြ​မည်။ ဂျုံ​ဆန်​သို့​မ​ဟုတ်​မု​ယော​ဆန်​ကို ပေး​လှူ​သော​အ​ခါ​သင်​တို့​ရိတ်​သိမ်း​၍​ရ ရှိ​သည့် ဂျုံ​ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊မု​ယော ဆန်​ပ​မာ​ဏ​၏​ခြောက်​ဆယ်​ပုံ​တစ်​ပုံ၊သံ​လွင် ဆီ​ကို​သင်​တို့​၏​သံ​လွင်​ပင်​များ​မှ​ထွက်​ရှိ သ​မျှ​၏​တစ်​ရာ​ပုံ​တစ်​ပုံ​ကို​ပေး​လှူ​ရ​မည်။ (ယင်း​ကို​ဗတ်​ဖြင့်​ချိန်​တွယ်​ရ​မည်။ ဆယ်​ဗတ် လျှင်​တစ်​ဟောမဲ၊ သို့​မ​ဟုတ်​တစ်​ကော​ရ​ရှိ​၏။) ဣ​သ​ရေ​လ​ပြည်၊ ရေ​များ​သော​စား​ကျက် များ​မှ သိုး​အ​ကောင်​နှစ်​ရာ​လျှင်​တစ်​ကောင် ကျ​ပူ​ဇော်​ရ​မည်။ ``သင်​တို့​၏​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​ကြ​စေ ရန်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ​မီး​ရှို့​ရာ​ယဇ် နှင့်​မိတ်​သ​ဟာ​ယ​အ​တွက်​တိ​ရစ္ဆာန်​များ​ကို ယူ​ဆောင်​လာ​ရ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​၏။
14 기름은 정한 규례대로 한 고르에서 밧 십분지 일을 드릴지니 기름의 밧으로 말하면 한 고르는 십 밧 곧 한 호멜이며(십 밧은 한호멜이라)
၁၄
15 또 이스라엘 윤택한 초장의 떼 이백 마리에서는 한 어린 양을 드릴 것이라 백성을 속죄하기 위하여 이것들로 소제와 번제와 감사 제물을 삼을지니라 나 주 여호와의 말이니라
၁၅
16 이 땅 모든 백성은 이 예물로 이스라엘 왕에게 드리고
၁၆``ပြည်​သူ​အ​ပေါင်း​တို့​သည်​ဤ​ပူ​ဇော်​သကာ များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​မည်။-
17 왕은 본분대로 번제와 소제와 전제를 절기와 월삭과 안식일과 이스라엘 족속의 모든 정한 절기에 드릴지니 이스라엘 족속을 속죄하기 위하여 이 속죄제와 소제와 번제와 감사 제물을 갖출지니라
၁၇လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
18 나 여호와가 말하노라 정월 초 하룻날에 흠없는 수송아지 하나를 취하여 성소를 정결케 하되
၁၈အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည် ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌​ဗိ​မာန်​တော် ကို​သန့်​စင်​စေ​ရန်​အ​တွက် အ​ပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​ထီး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော် ရ​မည်။-
19 제사장이 그 속죄제 희생의 피를 취하여 전 문설주와 제단 아랫층 네 모퉁이와 안 뜰 문설주에 바를 것이요
၁၉ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ကောင်​၏​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ဗိ​မာန် တော်​တံ​ခါး​တိုင်​များ၊ ယဇ်​ပလ္လင်​၏​ထောင့် လေး​ထောင့်​နှင့် တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့ ဝင်​ရာ​တံ​ခါး​တိုင်​များ​ကို​သုတ်​ရ​မည်။-
20 그 달 칠일에도 모든 그릇 범죄한 자와 부지중 범죄한 자를 위하여 역시 그렇게 하여 전을 속죄할지니라
၂၀မည်​သူ​မ​ဆို​အ​မှု​မဲ့​အ​မှတ်​မဲ့​သော်​လည်း ကောင်း၊ မ​သိ​နား​မ​လည်​သ​ဖြင့်​သော်​လည်း ကောင်း​အ​ပြစ်​ကူး​လွန်​မိ​ခဲ့​လျှင်​ထို​သူ အ​ပြစ်​ဖြေ​ရန်​အ​တွက်​ထို​လ​ဆန်း​ခု​နစ် ရက်​နေ့​၌​ဤ​နည်း​အ​တိုင်း​ပင်​ပြု​ရ​မည်။ ဤ နည်း​အား​ဖြင့်​သင်​သည်​ဗိ​မာန်​တော်​ကို​သန့် စင်​စွာ​ထား​ရှိ​ရ​မည်။
21 정월 십 사일에는 유월절 곧 칠일 절기를 지키며 누룩 없는 떡을 먹을 것이라
၂၁ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​လေး​ရက်​နေ့ ၌​ပ​သ​ခါ​ပွဲ​တော်​ကို​စ​တင်​ကျင်း​ပ​ရ​မည်။ လူ​တိုင်း​ပင်​တ​ဆေး​မဲ့​မုန့်​ကို​ခု​နစ်​ရက်​တိုင် တိုင်​စား​ရ​ကြ​မည်။-
22 그 날에 왕은 자기와 이 땅 모든 백성을 위하여 송아지 하나를 갖추어 속죄제를 드릴 것이요
၂၂ပွဲ​တော်​ပ​ထ​မ​နေ့​၌​နန်း​စံ​နေ​ဆဲ​မင်း​သား သည်​မိ​မိ​၏​အ​တွက်​နှင့်​လူ​အ​ပေါင်း​တို့ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​နွား​ထီး တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
23 또 절기 칠일 동안에는 그가 나 여호와를 위하여 번제를 갖추되 곧 칠일 동안에 매일 흠 없는 수송아지 일곱과 수양 일곱이며 또 매일 수염소 하나를 갖추어 속죄제를 드릴 것이며
၂၃သူ​သည်​ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​နေ့​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​အ​ပြစ်​အ​နာ​ဆာ​ကင်း သည့်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ထီး​ခု​နစ် ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဆိတ်​ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
24 또 소제를 갖추되 수송아지 하나에는 밀가루 한 에바요 수양 하나에도 한 에바며 밀가루 한 에바에는 기름 한 힌씩이며
၂၄ယဇ်​ပူ​ဇော်​သော​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​လျှင်​မုန့်​ညက်​တင်း​ဝက်၊ သံ​လွင်​ဆီ တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော်​ရ မည်။
25 칠월 십 오일 절기 칠일 동안에도 이대로 행하여 속죄제와 번제며 그 밀가루와 기름을 드릴지니라
၂၅``သတ္တ​မ​လ၊ လ​ဆန်း​ဆယ့်​ငါး​ရက်​နေ့​၌​အ​စ ပြု​သော​သ​ကေ​နေ​ပွဲ​တော်​အ​တွက်​မင်း​သား သည်​ပွဲ​တော်​ရက်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ် အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ မုန့်​ညက်​နှင့် သံ​လွင်​ဆီ​ပူ​ဇော်​သကာ​တို့​ကို​ယ​ခင်​က​နည်း အ​တိုင်း​ပူ​ဇော်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

< 에스겔 45 >