< 에스겔 14 >

1 이스라엘 장로 두어 사람이 나아와 내 앞에 앉으니
ဣသရေလအမျိုးအသက်ကြီးသူ အချို့တို့သည် လာ၍ ငါ့ရှေ့မှာ ထိုင်ကြ၏။
2 여호와의 말씀이 내게 임하여 가라사대
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
3 인자야! 이 사람들이 자기 우상을 마음에 들이며 죄악의 거치는 것을 자기 앞에 두었으니 그들이 내게 묻기를 내가 조금인들 용납하랴
အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့ မေးလျှောက် ခြင်းကို ငါခံရမည်လော။
4 그런즉 너는 그들에게 말하여 이르라 나 주 여호와가 말하노라 이스라엘 족속 중에 무릇 그 우상을 마음에 들이며 죄악의 거치는 것을 자기 앞에 두고 선지자에게 나아오는 자에게는 나 여호와가 그 우상의 많은대로 응답하리니
ထိုကြောင့်၊အရှင်ထာဝရဘုရား၏ အမိန့်တော် ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည် ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားလျက် ပရောဖက်ထံသို့ရောက်လာ၏။ ထိုသူ၌ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။
5 이는 이스라엘 족속이 다 그 우상으로 인하여 나를 배반하였으므로 내가 그들의 마음에 먹은대로 그들을 잡으려 함이니라
ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကို သူတို့ စိတ်သဘောရှိသည်နှင့်အညီ ငါဘမ်းမည်။ ထိုသူအပေါင်း တို့သည် မိမိတို့ရုပ်တုများကြောင့် ငါနှင့်ကွာဝေးကြပြီ။
6 그런즉 너는 이스라엘 족속에게 이르기를 주 여호와의 말씀에 너희는 마음을 돌이켜 우상을 떠나고 얼굴을 돌이켜 모든 가증한 것을 떠나라
ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော် ကို ဣသရေလအမျိုးအား ဆင့်ဆိုရမည်မှာ၊ နောင်တရ၍ ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့မှ မျက်နှာလွှဲကြလော့။
7 이스라엘 족속과 이스라엘 가운데 우거하는 외인 중에 무릇 나를 떠나고 자기 우상을 마음에 들이며 죄악의 거치는 것을 자기 앞에 두고 자기를 위하여 내게 묻고자 하여 선지자에게 나아오는 자에게는 나 여호와가 친히 응답하여
ငါနှင့်ကွာပြီးလျှင်၊ ကိုယ်စိတ်နှလုံး၌ ကိုယ် ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ် ဒုစရိုက်သစ်တုံးကို ထားလျက်ပင်၊ ငါ့အလိုကို မေးမြန်း ခြင်းငှါ၊ ပရောဖက်ထံသို့လာသော ဣသရေလအမျိုးသား ဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါး အမျိုး သားဖြစ်စေ၊ ငါထာဝရဘုရားသည် ကိုယ် အလိုအလျောက် ပြန်ပြောသဖြင့်၊
8 그 사람을 대적하여 그들로 놀라움과 감계와 속담거리가 되게 하여 내 백성 가운데서 끊으리니 너희가 나를 여호와인 줄 알리라
ထိုသူတဘက်၌ငါသည် မျက်နှာထား၍ သူ့ကို နိမိတ်ဖြစ်စေမည်။ စကားပုံလည်းဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
9 만일 선지자가 유혹을 받고 말을 하면 나 여호와가 그 선지자로 유혹을 받게 하였음이어니와 내가 손을 펴서 내 백성 이스라엘 가운데서 그를 멸할 것이라
ပရောဖက်သည်ဟောပြော၍မှားယွင်းလျှင်၊ ထိုပရောဖက်ကို ငါထာဝရဘုရားမှားယွင်းစေ၏။ ထိုသူကိုငါသည် ဒဏ်ခတ်၍၊ ငါ၏ဣသရေလအမျိုးထဲမှ ပယ်ရှားမည်။
10 선지자의 죄악과 그에게 묻는 자의 죄악이 같은즉 각각 자기의 죄악을 담당하리니
၁၀သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံ ရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက် ကို ဆည်းကပ်သောသူခံရသော ဒဏ်နှင့်တူရလိမ့်မည်။
11 이는 이스라엘 족속으로 다시는 미혹하여 나를 떠나지 않게 하며 다시는 모든 범죄함으로 스스로 더럽히지 않게 하여 그들로 내 백성을 삼고 나는 그들의 하나님이 되려 함이니라 나 주 여호와의 말이니라 하셨다 하라
၁၁ထိုသို့ဖြစ်လျှင်၊ နောက်တဖန် ဣသရေလအမျိုး သည် ငါ့ကို မစွန့်ပစ်၊ လမ်းမလွှဲ၊ မှားယွင်းခြင်း အပြစ် ရှိသမျှတို့နှင့် နောက်တဖန်မညစ်ညှုးဘဲ၊ ငါ၏လူဖြစ်ရကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
12 여호와의 말씀이 또 내게 임하여 가라사대
၁၂တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
13 인자야 가령 어느 나라가 불법하여 내게 범죄하므로 내가 손을 그 위에 펴서 그 의뢰하는 양식을 끊어 기근을 내려서 사람과 짐승을 그 나라에서 끊는다 하자
၁၃အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ် လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည်လက်ကို ဆန့်၍မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရ ကို ခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
14 비록 노아, 다니엘, 욥, 이 세사람이 거기 있을지라도 그들은 자기의 의로 자기의 생명만 건지리라 나 주 여호와의 말이니라
၁၄နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော် လည်း၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက် ဝိညာဉ်ကိုသာ ကယ်နှုတ်ရသော အခွင့်ရှိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
15 가령 내가 사나운 짐승으로 그 땅에 통행하여 적막케 하며 황무케 하여 사람으로 그 짐승을 인하여 능히 통행하지 못하게 한다 하자
၁၅သားရဲတို့သည် ပြည်၌ပေါ်လာ၍ ဖျက်ဆီးသော ကြောင့်၊ အဘယ်သူမျှမနေနိုင်သဖြင့် လူဆိတ်ညံလျှင်၊
16 비록 이 세 사람이 거기 있을지라도 나의 삶을 두고 맹세하노니 그들은 자녀도 건지지 못하고 자기만 건지겠고 그 땅은 황무하리라 나 주 여호와의 말이니라
၁၆ထိုသူသုံးယောက်ရှိသော်လည်း၊ ငါ၏အသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကို မကယ်နှုတ်ရ။ ကိုယ်တိုင် သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက် ရှိရ လိမ့်မည်။
17 가령 내가 칼로 그 땅에 임하게 하고 명하기를 칼아 이 땅에 통행하라 하여 사람과 짐승을 거기서 끊는다 하자
၁၇သို့မဟုတ်၊ အိုထား၊ ထိုပြည်ကိုလုပ်ကြံလော့ဟု ငါဆိုလျက်၊ ထားဘေးကို ရောက်စေသောကြောင့်၊ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
18 비록 이 세 사람이 거기 있을지라도 나의 삶을 두고 맹세하노니 그들은 자녀도 건지지 못하고 자기만 건지리라 나 주 여호와의 말이니라
၁၈ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင် သည်အတိုင်း ကိုယ်သားသမီးကိုမကယ်မနှုတ်ရ၊ ကိုယ်တိုင်သာချမ်းသာရကြလိမ့်မည်။
19 가령 내가 그 땅에 온역을 내려 죽임으로 내 분을 그 위에 쏟아 사람과 짐승을 거기서 끊는다 하자
၁၉သို့မဟုတ်၊ ထိုပြည်၌ ကာလနာကို ငါစေလွှတ် သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ် ပယ်ရှင်းခြင်းငှါ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊
20 비록 노아, 다니엘, 욥이 거기 있을지라도 나의 삶을 두고 맹세하오니 그들은 자녀도 건지지 못하고 자기의 의로 자기의 생명만 건지리라 나 주 여호와의 말이니라 하시니라
၂၀နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည် အတိုင်းကိုယ်သားသမီးကို မကယ်မနှုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကို သာ ကယ်နှုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21 주 여호와께서 가라사대 내가 나의 네 가지 중한 벌 곧 칼과 기근과 사나운 짐승과 온역을 예루살렘에 함께 내려 사람과 짐승을 그 중에서 끊으리니 그 해가 더욱 심하지 않겠느냐
၂၁ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော် မူသားကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှါ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီး တတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သော အခါ။ ထိုမျှမက လွှတ်ခဲလိမ့်မည် မဟုတ်လော။
22 그러나 그 가운데 면하는 자가 남아 있어 끌려 나오리니 곧 자녀들이라 그들이 너희에게로 나아 오리니 너희가 그 행동과 소위를 보면 내가 예루살렘에 내린 재앙 곧 그 내린 모든 일에 대하여 너희가 위로를 받을 것이라
၂၂သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်းသား သမီးအချို့ရှိကြလိမ့်မည်။ သူတို့ သည် သင်တို့ရှိရာသို့ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမူအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်း မရှိ၊ သက်သာခြင်း ရှိကြလိမ့်မည်။
23 너희가 그 행동과 소위를 볼 때에 그들로 인하여 위로를 받고 내가 예루살렘에서 행한 모든 일이 무고히 한 것이 아닌 줄을 알리라 나 주 여호와의 말이니라
၂၃သူတို့ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့ သည် မြင်သောအခါ သက်သာရကြလိမ့်မည်။ ယေရု ရှလင်မြို့ကကို ငါပြုလေသမျှတို့၌၊ အကြောင်းမရှိဘဲ မပြုသည်ကိုသိကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

< 에스겔 14 >