< Mathayo 11 >
1 Ejile Yesu okubhabwila abheigisibhwa bhae akumi na bhabhili emukile nagenda omwiigisha no kulasha mumisi jebhwe,
၁သခင်ယေရှုသည်ထိုသို့တပည့်တော်တစ်ကျိပ် နှစ်ပါးတို့အား သြဝါဒပေးတော်မူပြီးနောက် အနီးအနားရှိမြို့များတွင် ဟောပြောသွန်သင် ရန်ထိုအရပ်မှထွက်ခွာတော်မူ၏။
2 na Yowana ali mwibhoelo ejile ongwa ebhikolwa bhya Kristo, natuma omusango okulabhila abheigisibhwa bhae,
၂ခရစ်တော်ပြုတော်မူသောအမှုအရာများ အကြောင်းကို ယောဟန်သည်ထောင်ထဲတွင်ကြား သိရသောအခါ မိမိ၏တပည့်များကိုစေ လွှတ်၍၊-
3 na nibhamubhusha ati,”Awe nawe unu kaja, angu aliyo oundi chimulinde?”
၃``အရှင်သည်ကြွလာတော်မူမည်ဟုဆိုသော အရှင်ပေလော။ သို့မဟုတ်အကျွန်ုပ်တို့သည် အခြားအရှင်တစ်ပါးကိုစောင့်မျှော်ရကြ ပါမည်လော'' ဟုမေးလျှောက်စေ၏။-
4 Yesu nasubhya naikati, kubhene “Mugende mujomubhwila Yowana ganu omulola na ganu omungwa.
၄သခင်ယေရှုကထိုသူတို့အား ``သင်တို့မြင်ရ ကြားရသည့်အရာများကိုယောဟန်ထံသွား ၍ပြောပြကြလော့။-
5 Abhanu bhanu bhatakulola abhabhona okulola, abhalema abhalibhata, abhagenge abhaosibhwa, abhasibhe bha matwi abhongwa lindi, abhafuye abhasululwa bhali bhaanga, na bhanu abhakene abhalasibhwa emisango Jo bhwana.
၅မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
6 Ana libhando unu takwitimata ingulu yani.
၆ငါ၏အပေါ်၌ယုံမှားခြင်းကင်းသူတို့သည် မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
7 Akatungu kanu abhanu bhanu nibhemuka, Yesu namba okwaika na liijo ingulu ya Yowana,”Niki chinu mwajiye okulola mwibhala lisaunga ndisingisibhwa no muyaga?
၇ယောဟန်၏တပည့်များပြန်သွားကြသောအခါ သခင်ယေရှုသည် ယောဟန်နှင့်စပ်လျဉ်း၍လူပရိ သတ်တို့အား ``သင်တို့သည်အဘယ်ကြောင့်တော ကန္တာရသို့သွားကြသနည်း။ လေတိုက်၍လှုပ်သော ကူပင်ကိုကြည့်ရှုကြရန်လော။-
8 Nawe niki chinu mwajiye okulola omunu afwae ebhifwalo bhyololo? Nichimali, bhanu abhafwala ebhifwalo bhyololo bhekae munyumba ja bhakama.
၈ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
9 Tali mwajiye okulola ki-Omulagi? Nichimali, enibhabhwila ati, nokukila Omulagi.
၉ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။-
10 Unu niwe andikiwe,'Lola, namulagilila omukosi wani imbele yo bhusu bhwao, unu kachuma injila yao imbele yao.
၁၀ယောဟန်ကားကျမ်းစာတော်တွင်၊ `နားထောင်လော့။ သင်၏လမ်းကိုအသင့်ဖြစ်စေရန်၊ ငါ၏စေတမန်ကိုသင့်အလျင်စေလွှတ်မည်' ဟု ဖော်ပြထား၏။- ယောဟန်ကားထိုစေတမန်ပင်တည်း။-
11 Anye enibhabhwila echimali, mubhamwi bhanu bhebhuywe abhagasi atalio unu Ali mukulu okukila Yawana Omubhatija. Nawe unu alimutilu mubhukama bhwa mulwile n mukulu okukila omwene.
၁၁လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
12 Okusoka munsiku ja Yowana Omubhatija okukinga woli, obhukama bhwa Mulwile ni bhwamanaga, na bhanu bha managa, abhabhugega kwa managa.
၁၂ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။-
13 Kulwokubha abhalagi ne bhilagilo, bhaliga nibhalaga okukinga ku Yowana.
၁၃ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။-
14 Na labha mwimaliliye okwikilisha, unu niwe Eliya, unu alija.
၁၄ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
15 Unu ali nokutwi kwokugwa nongwe.
၁၅ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့။
16 Nilususanyishe naki olwibhulo lunu? Nichijejekanyo cha bhana bhanu abhashana kulubhala lwa lisoko, bhanu bhenyanjile nokubhilikilana,
၁၆``ငါသည်ဤခေတ်လူတို့ကိုအဘယ်သို့ပုံနှိုင်း ရမည်နည်း။ သူတို့သည်စျေးရပ်ကွက်တွင်ထိုင်လျက် နေသည့်ကလေးသူငယ်များနှင့်တူကြ၏။ သူငယ် တစ်စုကအခြားတစ်စုအား `ငါတို့သည်တီးမှုတ် သော်လည်းသင်တို့မကမခုန်ကြ။-
17 nibhaikati,'Chabhabhumiye olukuli mutabhinile. Chalile, emwe mutalilile'
၁၇ငါတို့သည်ငိုချင်းကိုဆိုသော်လည်းသင်တို့ မငိုမကြွေးကြ' ဟုဟစ်အော်ပြောဆိုကြ၏။-
18 Kulwokubha Yowana ejile atalyaga mukate nolo kunywa omuvinyo, nibhaikati, 'Ana lisabwa.'
၁၈ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
19 Omwana wa Adamu ejile nalya nokunywa nibhaikati, 'Lola' nimunu muli na munywi, omusani wa bhatobhesha bho bhushulu na abhebhibhi!' Nawe obhwengeso obhusululwa kwe bhikolwa bhyae.”
၁၉လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။
20 Yesu namba okugonya emisi munu ebhikolwa bhyo kulugusha bhyakolwaga, kulwokubha bhaliga bhachali kuta,
၂၀အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြတော် မူခဲ့သည့်မြို့များသည်နောင်တမရကြသဖြင့် ကိုယ်တော်သည်ထိုမြို့တို့အားဤသို့ပြစ်တင် ဆုံးမတော်မူ၏။ ကိုယ်တော်က၊
21 Jilikubhona awe, Kolazini, Jilikubhona awe Betisaida! Lwakutyo ebhikolwa bhikulu gakakolekene Tilo na Sidoni ganu gakolekana anu, bhakabhee bhatee kala kwo kufwala amagunila no kwisinga lifu.
၂၁``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
22 Nawe ilibha okwikomesha kwa Tilo na Sidoni olusiku lwa indamu yao.
၂၂သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။-
23 Awe, Kapelanaumu, owitogela ati bhalikutula ingulu okukinga mulwile? Payi ulitelemushwa okukinga nyombe. Lwakutyo ku Sodoma bhyakakolekene ebhikolwa bhikulu, kutyo gakolekana kwawe, yakabheeo okukinga lelo. (Hadēs )
၂၃အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံတိုင်အောင် မြှောက်စားခြင်းကိုခံရလိမ့်မည်ဟုထင်မှတ်ပါသ လော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းကိုခံရလတ္တံ့။ အဘယ်ကြောင့်ဆိုသော်သင့်ထံတွင် ငါပြုခဲ့သည့် အံ့ဖွယ်အမှုအရာများကိုသောဒုံမြို့တွင်သာပြု ခဲ့ပါမူ ထိုမြို့သည်ယနေ့တိုင်အောင်တည်လျက် ရှိပေမည်။- (Hadēs )
24 Oli enaika nawe ati jakabhee nyangu ku chalo cha Sodoma okwimelegulu olusiku lwa indamu okukila awe.
၂၄တရားစီရင်တော်မူရာနေ့၌သင်သည်သောဒုံမြို့ ထက်ပို၍အပြစ်ဒဏ်ခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
25 Mumwanya ogwo Yesu naikati, “Enikukuya awe, Rata, Ratabhugenyi wo Olwile ne Chalo, kulwokubha wabhaselekele Emisango jinu abhobhwenge na bhengeso, nugasulula kubhanu bhatabhaga na bhwenge, lwa bhana abhalela.
၂၅ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
26 Rata lwakutyo jakukondee mumeso gao.
၂၆အို အဖခမည်းတော်၊ ဤသို့ဖြစ်ရသည်မှာကိုယ်တော် ရှင်၏အလိုတော်အတိုင်းပင်ဖြစ်ပါ၏'' ဟုမြွက်ဆို တော်မူသည်။
27 Emisango jona nayanibhwe okusoka ku Rata. Atalio unu kamumenya Omwana tali Rata, na atalio unu kamumenya Rata tali Omwana, na wona wona unu Omwana ana elyenda lyo kumusululila.
၂၇ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
28 Muje kwanye, bhanu bhona omunyansibhwa no kusitoelwa ne migugu misito, anye enibhafung'amya.
၂၈လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
29 Mugege ingulwema yani na mwiigile okusoka kwanye, kulwokubha anye nilimwololo na mufula wo mwoyo no mubhona okufung'ama mumyoyo jemwe.
၂၉ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။-
30 Kulwokubha ingulwema yani ni nyololo no mugugu gwani ni mwangu.
၃၀ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။