< Yoana 17 >

1 Yesu aikile emisango jinu; namala nenamusha ameso gaye nalolela mulwile naika, “Lata, omwanya gweile umukushe omwana koleleki no mwana ona akushe awe.
ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။-
2 Lwa kutyo wamuyanile obhuinga ingulu ya bhona ebyo mubhili koleleki abhbayane obhuanga bya kajanende bhaliya bhona abho bhamuyaye. (aiōnios g166)
သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။- (aiōnios g166)
3 Bhunu nibwo obhuanga bwa kajanende ati bhakumenye awe, Nyamuanga we chimali umwi ela no omwene oyo watumile, Yesu kristo. (aiōnios g166)
ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။- (aiōnios g166)
4 Nakukusishe anu kusi, nagumalile omulimu ogwo wananile nigukole.
ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-
5 Woli Lata unkushe anye amwi nawe amwi wenyele kwikusho linu naliga nalyo amwi nawe isi ichali bubhao.
အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။''
6 Nelesishe lisina lyao kubhanu abho wananile anu musi. Bhaliga bhanu bhao, nawe wananile anye nabho bhagugwatile omusango gwao.
``ဤ​လော​က​ထဲ​မှ​ရွေး​ချယ်​၍​အ​ကျွန်ုပ်​လက် သို့​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင့်​အ​ကြောင်း​ကို ကြား​သိ​စေ​ပါ​ပြီ။ ထို​သူ​တို့​ကို​ကိုယ်​တော် ပိုင်​သ​ဖြင့် အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​ပါ ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​လိုက်​နာ​ကြ​ပါ​ပြီ။-
7 Woli abhaja bhuli chinu echowananile anye echisoka kwawe.
အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် အ​ထံ​တော်​မှ​ရ​ရှိ​ကြောင်း​ယ​ခု​သူ​တို့​သိ​ရှိ ကြ​ပါ​ပြီ။-
8 Ku misango ejo wananile anye, Namalile okubhayana abhene emisango ejo. bhajilamiye ne chimali mbamenya kutyo anye nisokele kwawe, mbekilishe okubha awe nawe wantumile.
အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။''
9 Enibhasabhilwa abho. Nitakusabhilwa echalo atali abho wananile kwo kubha abhene ni bhao.
``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။-
10 Ebhinu byona ebyo ni byani nibyao na bhiliya ulinabyo ni byani; nanye enikukusha kwibyo.
၁၀အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။-
11 Anye nitali muchalo, nawe abhene bhalimo muchalo, anye woli enija kwawe. Lata omwelu ubhalinde, kwi sina lyao linu abho unanile eswe koleleki abhene nabho bhabhe no bhumwi, lwa kutyo amwe nawe chili no bhumwi.
၁၁အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။-
12 Naliga nili nabho, nabhalindile kwa lisina olyo wananile; Nabhalindile na atali ona umwi wemwe oyo abhulile atali omwana wokubhula, koleleki chinu chandikilwe chikumisibwega.
၁၂အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။-
13 Woli enija kwawe; nawe enaika ganu ku chalo koleleki likondelelwa lyani likumile kubhona.
၁၃ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။-
14 Nabhayaye omusango gwao; echalo chibhabhiililwa kwo kubha abhene bhatali bhe chalo, lwa kutyo anye nitali wechalo.
၁၄ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။-
15 Nitakubhasabhilwa ati obhasoshe muchalo nawe ubhalindega na uliya omubhibhi.
၁၅သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။-
16 Abhene bhatali bha musi lwa kutyo anye nitali wa kuchalo.
၁၆အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။-
17 Ubhatulega kwawe omwene ku chimali; omusango gwao nigwe chimali.
၁၇သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။-
18 Wantumile muchalo, anye ona nabhatuma muchalo.
၁၈ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။-
19 Kulwejo anye omwene enisosha kwawe koleleki ati abhene bhesoshe kwawe kulwe chimali.
၁၉သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။''
20 Bhatali bhanu ele abho enisabhila, nawe nabhaliya abho bhalikilisha okulabhila omusango gwebhe.
၂၀``အ​ကျွန်ုပ်​သည်​ထို​သူ​တို့​အ​တွက်​သာ​လျှင် ဆု​တောင်း​သည်​မ​ဟုတ်​ပါ။ သူ​တို့​ဟော​ပြော ချက်​ကြောင့်​အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သူ​များ အ​တွက်​လည်း​ဆု​တောင်း​ပါ​၏။-
21 Koleleki ati abhone nabho bhabhe no bhumwi, lwa kutyo awe Lata, uli mwaye nanye nili mwawe. nabhasabhila koleleki ati abhene bhone bhatule okubha amwi neswe koleleki echalo chitule okwilisha ati awe niwe wantumile.
၂၁ထို​သူ​အ​ပေါင်း​တို့​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​စေ​ရန်​ဆု​တောင်း​ပါ​၏။ အို အ​ဖ၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​တည်​ရှိ​တော်​မူ​၍​အ​ကျွန်ုပ်​သည် လည်း​ကိုယ်​တော်​၌​တည်​ရှိ​သ​ကဲ့​သို့ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​၌​တည်​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လော​က သား​တို့​ယုံ​ကြည်​ကြ​စေ​ရန် ထို​သူ​တို့​ကို​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော်​မူ​ပါ။-
22 Likusho linu elyo wananile anye, nabhayaye abhene koleleki ati bhatule okubha no bhumi lwa kutyo eswe chili no bhumi.
၂၂ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ကဲ့​သို့​ထို​သူ​တို့​သည်​လည်း​ဖြစ် ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​တော် မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို​သူ​တို့​အား ပေး​ပါ​ပြီ။-
23 Anye mu bhene, nabho mwanye, koleleki bhatule okukumila kubhumwi; koleleki echalo chimenye ati okubha nawe wantumile, no kubhenda, lwa kutyo awe wanyendele anye.
၂၃အ​ကျွန်ုပ်​သည်​သူ​တို့​၌​လည်း​ကောင်း၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​လည်း​ကောင်း​တည်​ရှိ​သ​ဖြင့် သူ တို့​သည်​လုံး​ဝ​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော အား​ဖြင့် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​စေ​လွှတ် တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​အား​ချစ်​တော်​မူ သ​ကဲ့​သို့ သူ​တို့​အား​လည်း​ချစ်​တော်​မူ​ကြောင်း ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သိ​ရှိ​ကြ​မည်​ဖြစ် ပါ​၏။''
24 Lata, bhanu wananile anye, enenda abhene ona bhabhega nanye bhalole likusho lyani linu wananile: Okubha awe wanyendele anye isi ichali kumogwa.
၂၄``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။-
25 Lata omulengelesi, isi itakukumenya awe, nawe anye enikumenya awe; na bhamenya ati untumile.
၂၅တ​ရား​မျှ​တ​တော်​မူ​သော​အ​ဖ၊ လော​က​သား တို့​သည်​ကိုယ်​တော်​ကို​မ​သိ​ကြ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ​၏။ ဤ​သူ​တို့​သည်​အ​ကျွန်ုပ် အား​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​၏။-
26 Nakolele lisina lyao limenyekane kwebwe, na enilikolaga limenyekane koleleki ati elyo kwenda okwo wanyendele anye litule okubha amwi nemwe, na nanye nitule okubha kwemwe.”
၂၆အ​ကျွန်ုပ်​အ​ပေါ်​၌​ကိုယ်​တော်​ရှင်​ထား​တော်​မူ သော​မေတ္တာ​တော်​သည်​သူ​တို့​၌​ကိန်း​အောင်း​၍ အ​ကျွန်ုပ်​သည်​လည်း​သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​နိုင်​စေ​ရန်​ကိုယ်​တော်​အ​ကြောင်း ကို​သူ​တို့​အား​အ​ကျွန်ုပ်​ကြား​သိ​စေ​ခဲ့​ပါ ပြီ။ ဆက်​လက်​၍​လည်း​ကြား​သိ​စေ​ပါ​ဦး​မည်'' ဟု​မြွက်​ဆို​တော်​မူ​၏။

< Yoana 17 >