< Ebhikolwa bhya Jintumwa 14 >

1 Mbe nijibhonekana mu Ikonio ati Paulo na Barnaba bhengie amwi mulikofyanyisho lya Abhayaudi no kwaika na liijo enene lya bhayaudi na abhayunani nibhekilisha.
ဣ​ကော​နိ​မြို့​တွင်​လည်း​ပေါ​လု​နှင့်​ဗာ​န​ဗ သည် ယု​ဒ​အ​မျိုး​သား​တို့​၏​တ​ရား​ဇ​ရပ်​သို့ ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​ရာ ယု​ဒ​အ​မျိုး သား​နှင့်​လူ​မျိုး​ခြား​အ​မြောက်​အ​မြား​သည် ယုံ​ကြည်​ကြ​၏။-
2 Mbe nawe Abhayaudi bhanyantongwa bhabhasoelesishe obhwenge abhanyamaanga no kubhakola kubha bha bhibhi ku bhasu.
သို့​သော်​မ​ယုံ​ကြည်​သည့်​ယု​ဒ​အ​မျိုး​သား များ​သည် လူ​မျိုး​ခြား​တို့​အား​ညီ​အစ်​ကို​တို့ ကို​မ​နာ​လို​စိတ်​ရှိ​စေ​ရန်​ဆွ​ပေး​ကြ​၏။-
3 Kulwejo bhenyajile eyo kwa mwanya mulela nibhaika kwo bhubhasi kwa mananga ga Latabugenyi, kenu nasosha obhukomelesha bhunu bhalubhanaga no musango gwe chigingo chae. Akolele kutya kwo kusosha ebhibhalikisho ne ebhilugusho mbhikolwa kwa mabhoko ga Paulo na Barnaba.
တ​မန်​တော်​တို့​သည်​ထို​အ​ရပ်​တွင်​ကြာ​မြင့်​စွာ နေ​ထိုင်​လျက် သ​ခင်​ဘု​ရား​၏​အ​ကြောင်း​ကို ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။ ကိုယ်​တော်​သည်​ထို သူ​တို့​ဟော​ပြော​သည့်​ကျေး​ဇူး​တော်​ဆိုင်​ရာ တ​ရား​မှန်​ကန်​ကြောင်း​သက်​သေ​ပြ​ရန် သူ​တို့ အား​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ပြ​နိုင်​သော​တန်​ခိုး​ကို​ပေး​တော်​မူ​၏။-
4 Mbe nawe ebhala enene lyo musi niligabhanyika: abhanu abhandi Bhejile amwi na bhayaudi na abhandi bhali amwi na jintumwa
မြို့​သူ​မြို့​သား​တို့​သည်​နှစ်​စု​ကွဲ​ကြ​၏။ တစ်​စု က​ယု​ဒ​အ​မျိုး​သား​တို့​ဘက်​သို့​ပါ​၍ အ​ခြား တစ်​စု​က​တ​မန်​တော်​တို့​ဘက်​သို့​ပါ​ကြ​၏။
5 Mu mwanya gwa abhanyamaanga na Abhayaudi nibhalegeja okubhasoelesha abhatangasha bwebhwe okubhakolela kubhibhi no kubhalasa na amabhui Paulo na Barnaba,
ယု​ဒ​အ​မျိုး​သား​နှင့်​လူ​မျိုး​ခြား​အ​ချို့​တို့ သည် တ​မန်​တော်​တို့​ကို​ညှဉ်း​ဆဲ​ရန်​နှင့်​ခဲ​ဖြင့် ပေါက်​ရန် မိ​မိ​တို့​ခေါင်း​ဆောင်​များ​နှင့်​ကြံ​စည် အား​ထုတ်​ကြ​၏။-
6 nibhalimenya elyo no kubhilimila mu misi ja Likaonia, Listra na Derbe, na namabhala ago geindile Ao
ထို​အ​ကြောင်း​ကို​တ​မန်​တော်​တို့​ကြား​သိ ကြ​သော​အ​ခါ လု​ကော​နိ​ပြည်​ရှိ​လုတ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​နှင့်​အ​နီး​ရှိ​ဒေ​သ​သို့​ထွက်​ပြေး ၍၊-
7 neyo bhalasishe omusango gwo bhwana.
သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြ​၏။
8 Neyo Listra aliga aliyo munu umwi unu aliga ekae, atali na managa mu magulu gae, aliga ali mulema kusoka munda ya nyilamwene, kulibhata uli.
လုတ္တ​ရ​မြို့​တွင်​အ​ဘယ်​အ​ခါ​က​မျှ​လမ်း​မ လျှောက်​နိုင်​ခဲ့​သူ၊ မွေး​စ​က​ပင်​ခြေ​မ​စွမ်း​မ​သန် ခဲ့​သူ​လူ​တစ်​ယောက်​ရှိ​၏။-
9 Omunu unu amunguwe Paulo nasimula. Paulo namulolelela neke-neke Mbe nalola ati aliga ali nelikilisha lyo kwiulisibhwa.
သူ​သည်​ပေါ​လု​ဟော​ပြော​သည်​ကို​နား​ထောင် လျက်​နေ​၏။ ပေါ​လု​သည်​သူ့​အား​စိုက်​ကြည့် လိုက်​သော​အ​ခါ ရော​ဂါ​ပျောက်​ကင်း​စေ​နိုင် လောက်​အောင်​သူ့​မှာ​ယုံ​ကြည်​မှု​ရှိ​ကြောင်း ကို​သိ​မြင်​လျှင်၊-
10 Kwibhyo naika KU mwene kwo bhulaka bha ingulu, “Imelegulu kwa magulu gao.” No munu ulya ejungile ingulu no kwambha okulibhata.
၁၀``ထ​၍​မတ်​မတ်​ရပ်​လော့'' ဟု​ထို​သူ​အား အ​သံ​ကျယ်​စွာ​ဆို​၏။ ထို​အ​ခါ​သူ​သည် ခုန်​၍​ထ​ပြီး​လျှင်​လမ်း​လျှောက်​လေ​၏။-
11 Mbe liijo lyejile lyalola jinu Paulo akolele, nibhasekana kwo bhulaka bwebhwe, nibhaika munyaika ye kilikaonio, “bhinyamuanga byachikila mulususo lwa abhana munu.”
၁၁လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-
12 Barnaba bhamubhilikila “Zeu,” na Paulo “Herme” kulwo kubha aliga mwaiki mkulu.
၁၂သူ​တို့​သည်​ဗာ​န​ဗ​အား​ဇု​သ​ဟု​ခေါ်​ကြ​၏။ ခေါင်း​ဆောင်​၍​ဟော​ပြော​သူ​ဖြစ်​သော​ကြောင့် ပေါ​လု အား​ဟေ​ရ​မေ​ဟု​ခေါ်​ကြ​၏။-
13 Omugabhisi wa Zeu, unu iyekalu yae yaliga ili anja yo musi omwene naleta Indume ya Ing'a na lisanjo lyo bhwaso no kukinga kwilango lyo musi, omwene na liijo bhaliga nibhenda okusosha ebhiywana.
၁၃ဇု​သ​နတ်​ဘု​ရား​၏​ဗိ​မာန်​သည်​မြို့​အ​ပြင်​တွင် ရှိ​ရာ ထို​နတ်​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား လား​များ​နှင့်​ပန်း​ကုံး​များ​ကို​မြို့​တံ​ခါး​ဝ​သို့ ယူ​ဆောင်​လာ​၏။ သူ​နှင့်​တ​ကွ​လူ​ပ​ရိ​သတ်​တို့ သည် တ​မန်​တော်​တို့​အား​ယဇ်​ပူ​ဇော်​ပ​သ​လို ကြ​၏။
14 Mbe nawe Jintumwa, Barnaba na Paulo, Bhejile bhangugwa gunu, nibhatemula ebhifwalo byebhwe na kwo bhwangu nibhagenda Anja mwiijo, nibhalila.
၁၄ထို​သို့​ပူ​ဇော်​ပ​သ​မည့်​အ​ကြောင်း​ကို​ဗာ​န​ဗ နှင့်​ပေါ​လု​တို့​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​၏ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍​လူ​တို့​ထံ​သို့​ပြေး သွား​ပြီး​လျှင်၊-
15 No kwaika, “Emwe bhanu, kulwaki omukola amasango ganu? Eswe one chili bhanamunu no kungwa kuti emwe. Echibhaletela emisango jo bhwana, ati muinduke musoke mu bhinu bhinu bhiteile nokumulubha Nyamuanga unu alamile, unu amogele olwile na insi na inyanja na bhuli chinu chilimo.
၁၅အ​ချင်း​လူ​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည်​လည်း​သင်​တို့​ကဲ့ သို့​ပင်​လူ​သာ​မန်​များ​သာ​ဖြစ်​ကြ​၏။ သင်​တို့ သည်​ဤ​သို့​အ​ကျိုး​မ​ရှိ​သည့်​အ​မှု​အ​ရာ​များ ကို​စွန့်​ပစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​အား​ဆည်း​ကပ်​ကြ​စေ​ရန် ငါ​တို့​သည် သင်​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ရောက်​ရှိ​လာ​ကြ​၏။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​မိုး​မြေ​ကို​လည်း​ကောင်း ပင်​လယ်​နှင့်​အ​ရပ်​ခပ်​သိမ်း​တွင်​ရှိ​လေ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​ကောင်း​ဖန်​ဆင်း​တော် မူ​၏။-
16 Mu mwanya gunu gwatulile, nabhekilisisha abha maanga okulibhata mu njila jebhwe abhene.
၁၆လွန်​ခဲ့​သော​ခေတ်​ကာ​လ​များ​က​ကိုယ်​တော် သည်​လူ​မျိုး​တ​ကာ​တို့​အား မိ​မိ​တို့​အ​လို ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​ကျင့်​ခွင့်​ကို​ပေး​တော် မူ​ခဲ့​၏။-
17 Mbe nawe atasokeleo atali na mubhambhasi, mwijo akolele kisi no kubhayana ing'ubha okusoka mulwile no mwanya gwo lugeso, nabhejusha emyoyo jebhwe kwe bhilyo no bhukondeleywe”
၁၇သို့​ရာ​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​သက် သေ​ခံ​အ​ထောက်​အ​ထား​များ​ဖြင့် လူ​တို့​အား အ​စဉ်​ပင်​ပြ​သ​တော်​မူ​၏။ ကိုယ်​တော်​သည် ကောင်း​ကင်​မှ​မိုး​ကို​ရွာ​စေ​လျက်​အ​ချိန်​တန် လျှင် သီး​နှံ​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။ သင် တို့​အား​အ​စာ​အာ​ဟာ​ရ​ကျွေး​မွေး​၍​စိတ် ရွှင်​လန်း​ဝမ်း​မြောက်​စေ​တော်​မူ​၏'' ဟု​ကြွေး ကြော်​လေ​သည်။-
18 Nolwo kwe misango jinu, Paulo na Barnaba kwa Jinyako bhaliganyisho liijo okubhasosisha ebhiyanwa.
၁၈ဤ​သို့​တ​မန်​တော်​တို့​ကြွေး​ကြော်​ကြ​သော် လည်း လူ​တို့​ယဇ်​ပူ​ဇော်​ရန်​ကြိုး​စား​မှု​ကို​မူ ဆီး​တား​၍​မ​ရ​ချေ။
19 Mbe nawe Abhayaudi abhandi okusoka Antiokia na Ikonio Bhejile okusoelesha liijo. Mbhe nibhamulasa na mabhui Paulo no kumukwesa kukinga Anja yo musi, nibhetongela ati afwa.
၁၉သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​အ​ချို့​သည်​အန္တိ အုတ်​မြို့​နှင့်​ဣ​ကော​နိ​မြို့​တို့​မှ​ရောက်​လာ​ကြ ပြီး​လျှင် လူ​ပ​ရိ​သတ်​တို့​ကို​မိ​မိ​တို့​ဘက်​သို့ ပါ​အောင်​ဆွဲ​ဆောင်​ကြ​၏။ ထို​နောက်​ပေါ​လု​ကို ခဲ​ဖြင့်​ပေါက်​၍ သေ​လု​ပြီ​ဟု​ထင်​သ​ဖြင့်​မြို့ ပြင်​သို့​ဆွဲ​ထုတ်​သွား​ကြ​၏။-
20 Kulwejo abheigisibhwa bhaliga bhemeleguyu ayei nage, nemuka, nibhengila mu musi. Kulusiku lwa kabhili, bhagendele Derbe na Barnaba.
၂၀သို့​သော်​မိ​မိ​၏​ပတ်​လည်​တွင်​တ​ပည့်​တော်​တို့ ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​ထ​၍​မြို့ ထဲ​သို့​ဝင်​လေ​၏။ နောက်​တစ်​နေ့​၌​ပေါ​လု​နှင့် ဗာ​န​ဗ​သည်​ဒေ​ရ​ဗေ​မြို့​သို့​ထွက်​ခွာ​သွား ကြ​၏။
21 Bhejile bhamala okwiigisha omusango gwo bhwana mu musi gulya no kubhakola kubha bheigisibhwa bhwafu, bhasubhile Listra, kukinga Ikoniamu, na Antiokia.
၂၁ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ဒေ​ရ​ဗေ​မြို့​တွင် သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ​သ​ဖြင့် လူ​အ​မြောက်​အ​မြား​တ​ပည့်​တော်​များ​ဖြစ် လာ​ကြ​၏။ ထို​နောက်​လုတ္တ​ရ​မြို့၊ ဣ​ကော​နိ မြို့​နှင့်​ပိ​သိ​ဒိ​ပြည်​အန္တိ​အုတ်​မြို့​သို့​ပြန် ကြ​၏။-
22 nibhagendelela okubhasimbagilisha emyoyo abheigisibhwa no kubhatulamo omwoyo koleleki bhagendelele mulikilisha, naika, “Ni bhusi-bhusi chingile mu bhukama bhwa Nyamuanga nolwo okulabha munyako nyafu.”
၂၂``ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သို့ ဝင်​ရန် ဒုက္ခ​ဆင်း​ရဲ​များ​စွာ​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဟော​ပြော​သွန်​သင်​ကာ​တ​ပည့်​တော်​တို့ အား​ကြံ့​ခိုင်​စေ​ကြ​၏။ သူ​တို့​၏​ယုံ​ကြည်​ခြင်း ခိုင်​မြဲ​စေ​ရန်​အား​ပေး​နှိုး​ဆော်​ကြ​၏။-
23 Bhejile bhabhaula koleleki bhabhe bhakaluka bha bhuli likofyanya lya bhekilisha, na bhaliga bhali na lisabhwa ne chiibho, bhabhatula ku Latabugenyi, unu bhenene bhekilisishe.
၂၃ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​အ​သင်း​တော်​တိုင်း ၌ အ​သင်း​တော်​လူ​ကြီး​များ​ကို​ခန့်​ထား​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍​အ​စာ​ရှောင် ပြီး​လျှင် အ​သင်း​တော်​ဝင်​တို့​ယုံ​ကြည်​ကြ သည့်​သ​ခင်​ဘု​ရား​၏​လက်​တော်​သို့​ထို​သူ တို့​ကို​အပ်​ကြ​၏။-
24 Okumala mbhalabha Pisidia, nibhakinga Pamfilia.
၂၄ပေါ​လု​နှင့်​ဗာ​န​ဗ​သည်​ဝိ​သိ​ဒိ​ပြည်​ကို​ဖြတ် သွား​ပြီး​နောက် ပံ​ဖု​လိ​ပြည်​သို့​ရောက်​ကြ​၏။-
25 Mu mwanya ogwo Bhejile bhaika emisango mu Perga, bhatelemukie bhaja Atalia.
၂၅သူ​တို့​သည်​ပေ​ရ​ဂေ​မြို့​တွင်​တ​ရား​တော်​ကို ဟော​ပြော​ကြ​၏။ ထို​နောက်​အတ္တ​လိ​မြို့​သို့ သွား​ပြီး​လျှင်၊-
26 Okusoka eyo bhalinya mu meli bhakinga Antiokia anu bhaliga bhesosishe mu chigongo cha Nyamuanga kulwe milimu jinu bhliga bhakumisishe.
၂၆အန္တိ​အုတ်​မြို့​သို့​သင်္ဘော​လွှင့်​ကြ​၏။ ထို​မြို့​ကား ယ​ခု​မိ​မိ​တို့​ဆောင်​ရွက်​ပြီး​စီး​သွား​သည့် အ​မှု​တော်​အ​တွက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သို့​အပ်​နှံ​၍​စေ​လွှတ်​သော​မြို့​ပင်​ဖြစ် သ​တည်း။
27 Bhejile bhakinga eyo Antiokia, no kulikumanya elikofyanyisho amwi, nibhasosha emisango jinu Nyamuanga akolele kubhene, na lwa kutyo abhegulie omulyango gwe likilisha ku bhanu bha maanga.
၂၇အန္တိ​အုတ်​မြို့​သို့​ရောက်​သော​အ​ခါ သူ​တို့​သည် အ​သင်း​တော်​ဝင်​တို့​ကို​စု​ရုံး​စေ​လျက် မိ​မိ တို့​အား​ဖြင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း၊ လူ​မျိုး ခြား​တို့​ယုံ​ကြည်​လာ​စေ​ရန်​ကိုယ်​တော်​လမ်း ဖွင့်​ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြန် ကြား​ကြ​၏။-
28 Bhenyanjile mwanya mulela na bheigisibhwa.
၂၈ထို​နောက်​သူ​တို့​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ကြာ​မြင့်​စွာ​နေ​ထိုင်​ကြ​၏။

< Ebhikolwa bhya Jintumwa 14 >