< 1 Yohana 3 >
1 Mbe nimulole ni lyenda lya kutiki linu Lata achiyaye, ati chibhilikilwe bhana bha Nyamuanga, na nikwo kutyo chili. Ku nsonga inu Echalo chitakuchimenya kulwo kubha chitamumenyele omwene.
၁ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
2 Abhendwa eswe wolyanu chili bhana bha Nyamuanga, na jichali kumenyekana lwa kutyo jakabhe. Echimenya ati olwo Kristo alibhonekana, chilisusana nage, kulwo kubha chilimulola lwa kutyo ali.
၂ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
3 Na bhuli umwi unu ali no bhubhasi bhunu kwo okulubhana no mwanya gunu oguja gunu gwelesibhwe ku mwene, abhelesha abhene lwa kutyo mwenene ali mwelu
၃ခရစ်တော်ကိုအမှီပြု၍ထိုသို့မျှော်လင့် တောင့်တသူသည် ခရစ်တော်သန့်ရှင်းဖြူစင် တော်မူသကဲ့သို့မိမိကိုယ်ကိုသန့်ရှင်းဖြူ စင်စေတတ်၏။
4 Bhuli munu unu kagendelela okukola ebhibhibhi kanyamula ebhilagilo. Ku nsonga echibhibhi ni bhunyamusi bhwe bhilagilo.
၄အပြစ်ကူးခြင်းသည်ပညတ်တော်ကိုချိုး ဖောက်ခြင်းဖြစ်သဖြင့် အပြစ်ကူးသူမှန် သမျှသည်ပညတ်တော်ကိုချိုးဖောက်သူဖြစ်၏။-
5 mumenyele ati Kristo abhulisibhwe koleleki asoshewo echibhibhi chimwi. Na mu mwene chitalimo chibhibhi.
၅ခရစ်တော်သည်လူတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန်ကြွလာတော်မူကြောင်းကိုသင်တို့သိ ကြ၏။ ကိုယ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်တော်မူ၏။-
6 Ataliwo nolwo umwi unu katula okulama mu mwene no kugendelela okukola ebhibhibhi. Ataliwo munu nolwo umwi unu katula okulama mu bhibhibhi akabha amubhwene amwi amumenyele mwenene.
၆ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်နေသူ သည်အပြစ်မကူးတတ်။ အပြစ်ကူးတတ်သူ မူကားကိုယ်တော်ကိုမသိမမြင်ဘူးသူ ဖြစ်၏။
7 Abhana abhendwa, munu wona wona asiga kubhayabhya. Unu kakola ejo bhulengelesi ni mulengelesi, lwa kutyo Kristo one ni mulengelesi.
၇သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။-
8 Unu kakola ebhibhibhi ni wa Shetani, ku nsonga Shetani ni mukosi we bhibhibhi kusoka bhusimuka. Ku nsonga inu omwana wa Nyamuanga abhulisibhwe koleleki atule okujinyamula emilimu ja Shetani.
၈အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။
9 Wona wona unu ebhuywe na Nyamuanga atakutula kukola chibhibhi, Ku nsonga injuma ya Nyamuanga imulimo. Atakutula kugendelela kukola chibhibhi Ku nsonga ebhuywe na Nyamuanga.
၉ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။-
10 Mulinu bhana bha Nyamuanga na bhana bha Shetani abhamenyekana. Wona wona unu atakukola chinu chili cho bhulengelesi, atali wa Nyamuanga, nolwo ulya unu atakutula okumwenda owabho.
၁၀ဤနည်းအားဖြင့်ဘုရားသခင်၏သားသမီး များနှင့်မာရ်နတ်၏သားသမီးကွာခြားပုံကို သိရ၏။ အမှန်တရားကိုမကျင့်သုံးသူ၊ ညီ အစ်ကိုကိုမချစ်သူသည်ဘုရားသခင်၏ သားသမီးမဟုတ်။
11 Gunu Nigwo omusango gunu mwonguywe okusoka bhusimuka, ati kuchiile okwenda eswe abhene kwa bhene,
၁၁``ငါတို့သည်အချင်းချင်းချစ်ရကြမည်'' ဟူ သောတရားတော်ကိုရှေးမဆွကပင်လျှင် သင်တို့ကြားနာခဲ့ရကြ၏။-
12 atali lwa kutyo Kaini aliga ali mubhibhi no kumwita owabho. Na ni kulwa-ki amwitile? Ku nsonga ye bhikolwa bhyaye bhyaliga bhibhibhi, ne bhyo wabho bhyaliga bhyo bhulengelesi.
၁၂မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။
13 Bhana bhasu, mwasiga kulugula, nolwo echalo chikabhabhililillwa.
၁၃သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။-
14 Echimenya ati chasokele mu lufu no kwingila mu bhuanga, ku nsonga echibhenda abhaili bhasu. Wona wona unu atali na lyenda kakomela mu kufwa.
၁၄ငါတို့သည်မိမိတို့၏ညီအစ်ကိုများကိုချစ် သည့်အတွက်ကြောင့် သေခြင်းမှအသက်ရှင်ခြင်း သို့ကူးမြောက်ခဲ့ရကြကြောင်းကိုငါတို့သိ ကြ၏။ မိမိ၏ညီအစ်ကိုကိုမချစ်သောသူ သည်သူသေဘဝ၌ပင်ရှိနေသေး၏။-
15 Omunu wona wona unu kamubhiilililwa owabho ni mwiti. Na mumenyele ati obhuanga bhwa kajanende bhutakwinyanja munda yo mwiti. (aiōnios )
၁၅မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည်သူ သတ်သမားဖြစ်၏။ သူသတ်သမားသည် ထာဝရအသက်ကိုမရကြောင်းသင်တို့ သိကြ၏။- (aiōnios )
16 Mu linu echilimenya elyenda, ku nsonga Kristo esosishe obhuanga bhekaye ingulu yeswe. Neswe one kuchiile okubhusosha obhulame bheswe ingulu ya bhasu.
၁၆ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-
17 Mbe nawe wona wona unu ali ne bhinu, mbe namulola owabho ali mukene, mbe nawe naguganya omwoyo gwaye ogwe chigongo ingulu yaye; Angu, okwenda kwa Nyamuanga kubhekayemo kutiki?
၁၇လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။-
18 Abhana bhani abhendwa, chasiga kwenda kwe minwa-la nolwo kwe misango jinu chitalimo chinu nawe mu bhikolwa ne chimali.
၁၈သားသမီးတို့၊ ငါတို့၏မေတ္တာသည်နှုတ်ဖျား ၌သာတည်သောမေတ္တာမဖြစ်သင့်။ လက်တွေ့အား ဖြင့်ဖော်ပြထားသောမေတ္တာစစ်မေတ္တာမှန်ဖြစ် ရမည်။
19 Mu linu echimenya ati eswe chili mu chimali, ne mioyo jeswe ejikomelesha mu mwene.
၁၉သို့ဖြစ်၍ဤနည်းအားဖြင့်ငါတို့သည်သမ္မာ တရားနှင့်ဆိုင်သူများဖြစ်ကြောင်းသိရှိနိုင် မည်။ ဘုရားသခင်၏ရှေ့တော်မှောက်တွင်လည်း စိတ်ချခွင့်ကိုရရှိကြလိမ့်မည်။-
20 Nolwo kutyo emioyo jeswe ejichilamula, Nyamuanga ni mukulu kukila emioyo jeswe, no mwene kamenya misango jona.
၂၀မိမိတို့သြတ္တပ္ပစိတ်၏ပြစ်တင်ရှုတ်ချမှုကို ခံရသောအခါ၌လည်း ဘုရားသခင်သည် ငါတို့သြတ္တပ္ပစိတ်ထက်ကြီးမြတ်တော်မူ ကြောင်း၊ ကိုယ်တော်သည်အမှုအရာခပ်သိမ်း ကိုသိတော်မူကြောင်းငါတို့သိကြ၏။-
21 Abhendwa, alabha emioyo jeswe jitakuchilamula, mbe chili no bhubhasi ku Nyamuanga.
၂၁သို့ဖြစ်၍ချစ်ဆွေတို့၊ ငါတို့၏သြတ္တပ္ပစိတ် ကငါတို့အားပြစ်တင်ရှုတ်ချမှုမပြုလျှင် ငါတို့သည်ဘုရားသခင်ထံတော်၌ရဲဝံ့ ခွင့်ရရှိကြ၏။-
22 Na chona chona chinu echisabhwa echichilamila okusoka kwaye, ku nsonga chigawtile ebhilagilo bhyaye no kukola emisango jinu ejo kukondelesha imbele yaye.
၂၂ငါတို့သည်ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းသူများ၊ ကိုယ်တော်နှစ်သက်တော် မူသောအမှုတို့ကိုပြုသူများဖြစ်သဖြင့် ငါတို့တောင်းလျှောက်သမျှသောအရာတို့ ကိုအထံတော်မှရရှိကြ၏။-
23 Mbe chinu nicho echilagilo chaye ati kuchiile okulikilisha lisina lyo mwana ways Yesu Kristo no mwendanega eswe abhene kwa bhene -lwa kutyo achiyaye echilagilo chaye,
၂၃ကိုယ်တော်၏ပညတ်တော်ဟူမူကားငါတို့ သည်ဘုရားသခင်၏သားတော်ယေရှုခရစ် ကိုယုံကြည်ရကြမည်။ ထိုအရှင်မိန့်တော်မူ သည်အတိုင်း အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ်ရကြမည်ဟူ၍ဖြစ်ပေသည်။-
24 unu kabhyolobhela ebhilagilo bhyaye kakomela mu mwene, na Nyamuanga kabhekalamo abhene. Na ku nsonga inu echimenya ati kachiikaya eswe, ku Mwoyo unu achiyaye.
၂၄ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။