< 1 Abhakorintho 9 >
1 Anye ntali mwibhule? Anye ntali ntumwa? Anye ntamulolele Yesu Latabhugenyi weswe? Emwe mutali matwasho ge milimu jani ku Latabhugenyi?
၁ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။-
2 Ikabhee ati labha anye ntali ntumwa kubhandi, akilimo ndi ntumwa kwimwe. Kulwokubha emwe nemwe echibhalikisho cha obhutumwa bhwani mu Latabhugenyi.
၂အခြားသူများသည်ငါ့အားတမန်တော် အဖြစ်ဖြင့်လက်မခံကြစေကာမူ သင်တို့ လက်ခံကြသည်မဟုတ်ပါလော။ ငါသည် သခင်ဘုရား၏တမန်တော်ဖြစ်ကြောင်း သက်သေပြရန်မှာ သခင်ဘုရားနှင့်တစ် လုံးတစ်ဝတည်းရှိပြီးအသက်ရှင်ကြ သောသင်တို့ပင်ဖြစ်ပေသည်။
3 Bhunu nibhwo obhubhalikisho bhwani kubhanu abhambusilisha anye.
၃ငါ့ကိုပြစ်တင်ဝေဖန်ကြသူတို့အားဤသို့ ငါပြောလို၏။-
4 Angu chitana kwikilisibhwa okulya no kunywa?
၄ငါ၏လုပ်ဆောင်မှုအတွက်ငါ့မှာစားသောက် ပိုင်ခွင့်မရှိသလော။-
5 Chitana kwikilisibhwa okugega omugasi unu ali mwikilisha lwakutyo abhakola jintumwa ejindi, na bhaili bha Latabhugenyi, na Kefa?
၅ပေတရုကဲ့သို့လည်းကောင်း၊ သခင်ဘုရား ၏ညီတော်များနှင့်အခြားတမန်တော်များ ကဲ့သို့လည်းကောင်း ငါသည်ခရီးသွားရာ၌ ယုံကြည်သူဇနီးကိုခေါ်ဆောင်သွားပိုင် ခွင့်မရှိသလော။-
6 Angu nanyela na Barnababhanu jichiile okola emilimu?
၆ငါနှင့်ဗာနဗတို့သာလျှင်မိမိတို့စားဝတ် နေရေးအတွက် အလုပ်လုပ်ရမည်လော။ အဘယ် စစ်သားသည်မိမိ၏စရိတ်နှင့်အမှုထမ်းရ သနည်း။-
7 Nigaunu kakola emilimu kuti musilikale neliila omwene? Niga unu kayamba omujabhibhu nasiga okulyako amatwasho gendeko? Angu niga unu kalebha liijo nasigwa okunywa amata gajo?
၇အဘယ်ဥယျာဉ်မှူးသည်မိမိစိုက်ပျိုးသည့် စပျစ်ဥယျာဉ်မှ စပျစ်သီးကိုမစားဘဲနေ သနည်း။ အဘယ်သိုးထိန်းသည်မိမိထိန်း ကျောင်းရသည့်သိုးများမှနို့ကိုမသုံး ဆောင်ဘဲနေသနည်း။
8 Angu enaika ganu kwo bhuinga bhwa bhanu? Ebhilagilo bhitakwaika ganu?
၈ယခုဖော်ပြသည့်ဥပမာများသာမက၊ ပညတ်ကျမ်းကလည်းဤအတိုင်းပင်ထောက် ခံပေသည်။-
9 Kulwokubha jandikilwe mubhilagilo bhya Musa, “utabhoya omunwa ing'a omunwa anu eilebha obhunyansi.”Nichimali ati anu Nyamuanga kaikilila jing'a?
၉မောရှေ၏ပညတ်ကျမ်းတွင် ``စပါးနယ်သည့် နွားကိုပါးချုပ်တတ်၍မထားရ'' ဟုပါရှိ၏။ ဤသို့မိန့်တော်မူရာ၌ဘုရားသခင်သည် နွားအတွက်မိန့်တော်မူသလော။-
10 Angu atakwaika ago ingulu yeswe? jandikilwe ingulu yeswe, kulwokubha omwene unu kalima obhulo jimwiile alime kwo kwiikanya, na unu kagesa jimwiile agese kwo kwokwiikanya kwo kusangangila okugesa.
၁၀ငါတို့အတွက်အကယ်ပင်မိန့်တော်မူခြင်း မဟုတ်လော။ အကယ်ပင်ငါတို့အတွက်ရေး သားထားခြင်းဖြစ်သည်။ လယ်ထွန်သောသူ နှင့်ရိတ်သိမ်းသောသူတို့သည် မိမိတို့၏ဝေ စုကိုမျှော်လင့်လျက်လုပ်ကိုင်ကြရာ၏။-
11 Labha chayambile ebhinu bhya mumioyo agati yemwe, Angu nimusango munene kweswe chikagesa ebhinu bhyo mubhili okusoka kwimwe?
၁၁ငါတို့သည်သင်တို့၌ဋ္ဌမ္မမျိုးစေ့ကိုစိုက်ပျိုး ခဲ့ပြီးနောက် သင်တို့ထံမှရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုရိတ်သိမ်းကြလျှင် ငါတို့လွန်ရာကျမည်လော။-
12 Ikabha abhandi bhwabhwene obhulengelesi bhunu okusoka kwimwe, Angu eswe chitakukila abho? Nolo kutyo, chiataisabhile obhulengelesi obhwo. Tali, chekomesishe kumagambo gona nchisiga kubha chikujulo kwe misango jobhwana eja Kristo.
၁၂သင်တို့ထံမှအခြားသူတို့သည်ဤသို့ရ ပိုင်ခွင့်ရှိလျှင် ငါတို့သည်ပို၍ပင်ရပိုင်ခွင့် ရှိသည်မဟုတ်လော။ သို့သော်ငါတို့သည်ထိုအခွင့်အရေးကို မယူခဲ့ကြ။ ခရစ်တော်အကြောင်းသတင်း ကောင်းပျံ့နှံ့ရေးအတွက် အဆီးအတား မဖြစ်စေရန်တွေ့ကြုံရသောအခက်အခဲ ရှိသမျှကိုရင်ဆိုင်သည်းခံခဲ့ကြ၏။-
13 Mutakumenyati bhona bhanu abhakola emilimu mwi yekalu abhabhona ebhilyo okusoka mwi yekalu? Mutakumenyati bhona bhanu abhakola emilimu muchigabhilo abhabhona olubhaju lwa chinu chisosibhwe muchigabhilo?
၁၃ဗိမာန်တော်တွင်အမှုထမ်းဆောင်သူများသည် ဗိမာန်တော်မှအစားအစာကိုရကြသည် ကိုလည်းကောင်း၊ ယဇ်ပူဇော်သူများသည်လည်း ယဇ်ကောင်မှဝေစုကိုရကြသည်ကိုလည်း ကောင်းသင်တို့မသိကြပါသလော။-
14 Kulwainsonga eyo eyo, Latabhugenyi alagiliye ati bhona bhanu abhalasha emisango jo bhwana nibhusibhusi bhekale okusokana nayo.
၁၄ထိုနည်းတူစွာသတင်းကောင်းကိုဟောပြော ကြေညာသူတို့သည်လည်း သတင်းကောင်း အားဖြင့်အသက်မွေးရမည်ဟူ၍သခင် ဘုရားမိန့်မှာတော်မူခဲ့၏။
15 Nawe nchali kubhatonga obhulengelesi bhwona bhunu. Nantakwandika ganu koleleki musango gwona gwona gukolekane ingulu yani. Niakili anye nifwe okusiga munu wona wona okuindula enu nekuya ingulu yani.
၁၅သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။-
16 Okubha nakabhee nindasha emisango jo bhwana, ntana njuno yo kwikuya, kulwokubha nibhusibhusi jinyiile nikole kutyo. Jilimbona anye ndilema okulasha emisango jo bhwana!
၁၆ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-
17 Kulwokubha nikakola kutya kwokwisosha kwani, nili no muyelo. Nawe ikabha itali kwokwisosha, nichali no mulimu gunu nayanilwe okubha mutangasi.
၁၇အကယ်၍ငါသည်အလုပ်ကိုငါ၏ဆန္ဒ အလျောက်ရွေးချယ်လုပ်ကိုင်ပါမူ အခကြေး ငွေကိုစောင့်မျှော်နိုင်ပေသည်။ သို့ရာတွင်ဤ အလုပ်ကိုဘုရားသခင်ငါ့အားပေးအပ် ထားသဖြင့် ငါသည်ဝတ္တရားအနေဖြင့် လုပ်ဆောင်ရ၏။-
18 Mbe omuyelo gwani niki? Ati nilalashaga, enisosha emisango jo bhwana kulihya uli nokukolela kwo bhulengelesi bhwani bhunu ninabhwo mumisango Jo bhwana.
၁၈သို့ဖြစ်၍ငါသည်အဘယ်အခကြေးငွေ ခံစားရသနည်း။ ငါခံစားရသည့်အကျိုး မှာသတင်းကောင်းကိုအခကြေးငွေမယူ ဘဲဟောပြောခွင့်နှင့် ထိုသို့ဟောပြောသည့် အတွက် ရပိုင်ခွင့်များကိုမတောင်းဆိုဘဲ နေနိုင်ခွင့်တို့ပင်ဖြစ်၏။
19 Kulwa insonga nili no obhwanya, nakolelwe okubha mugaya wa wa bhuli munu, koleleki nibhabhone bhafu muno.
၁၉ငါသည်မည်သူ့ကျွန်မျှမဟုတ်။ လွတ်လပ်သူ ဖြစ်၏။ သို့ရာတွင်ခရစ်တော်ကိုယုံကြည်သူ ဦးရေများနိုင်သမျှတိုးတက်များပြား လာစေရန် ငါသည်လူတိုင်း၏ကျွန်ဖြစ်၏။-
20 Kubhayaudi nekoshaga kuti nili Muyaudi, koleleki nibhabhone Abhayaudi. Kubhanu bhaliga emwalo ye ebhilagilo, nekoshaga kuti nili emwalo ye ebhilagilo koleleki nibhabhone bhanu bhali emwalo ye ebhilagilo. Nakolele ejo nolwo kutyo anye omwene naliga mutali emwalo ye ebhilagilo.
၂၀ငါသည်ယုဒအမျိုးသားတို့ထံတွင်အမှု တော်ဆောင်စဉ် သူတို့ကိုကယ်တင်နိုင်ရန်ယုဒ အမျိုးသားကဲ့သို့နေထိုင်၏။ ထိုသူတို့ကို ကယ်တင်နိုင်ရန်ငါသည်ပညတ်တရားစောင့် ထိန်းသူမဟုတ်သော်လည်း ပညတ်တရား စောင့်ထိန်းသူကဲ့သို့ငါနေထိုင်၏။-
21 Kubhanu bhali anja ye ebhilagilo, naliga nili lwa abhene anja ye ebhilagilo, nawe anye naliga nitali anja ye echilagilo cha Nyamuanga, tali nili emwalo ye echilagilo cha Kristo. Nakolele kutyo koleleki nibhabhone bhanu bhali anja ye ebhilagilo.
၂၁ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။-
22 Kubhalenga nabhaga mulenga, koleleki nibhabhone abhalenga. Naliga nili wa mbala jona kubhanu bhona, koleleki munjila jona nitule okuchungula abhandi.
၂၂ငါသည်ယုံကြည်မှုအားနည်းသူတို့အထဲ သို့ရောက်သောအခါ ထိုသူတို့ကိုကယ်တင်နိုင် ရန်ငါသည်ယုံကြည်မှုအားနည်းသူကဲ့သို့ နေထိုင်၏။ အချို့သောသူတို့ကိုတစ်နည်း နည်းအားဖြင့် ကယ်တင်နိုင်ရန်ငါသည်လူ အမျိုးမျိုးအထဲ၌အမျိုးမျိုးနေထိုင်၏။
23 Anye enikola who jona kulwa injuno ya Omusango gwe Kisi, koleleki nibhengilwa amwi na amabhando.
၂၃သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။-
24 Mbe mutakumenya ati akatungu kokubhilimyanya bhanu abhasindana abhabhuma jintambi, nawe unu kalamila likusho ni umwi? Kulwejo mubhume jintambi koleleki mubhone likusho.
၂၄အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
25 Omwenyi wobhwenywa kejibhila amagambo gona akabha ali mumeigisho. Abho abhakola kutyo koleleki bhabhone likusho linu elinyamuka, nawe eswe echibhilima koleleki chibhone likusho linu litakunyamuka.
၂၅ပြိုင်ပွဲဝင်ရန်လေ့ကျင့်သူအားကစားသမား တိုင်းပင် ကြပ်တည်းသည့်စည်းကမ်းများကိုထိန်း သိမ်းစောင့်ရှောက်ရ၏။ ထိုသူတို့ဤသို့ပြုကြ ခြင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သောပန်းဦးရစ် ကိုရရှိရန်ပြုကြခြင်းဖြစ်ပေသည်။ ငါတို့ မူကားမညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦး ရစ်ကိုရရှိရန်ပြုကြ၏။-
26 Kulwejo anye nitakubhilima bhila njuno amo ati enibhuma infune kuti enibhuma omuyaga.
၂၆ထို့ကြောင့်ငါသည်ပန်းဝင်ရာသို့ တည့်မတ်စွာ ပြေး၏။ ငါသည်မိမိလက်သီးစွမ်းကိုအချည်း နှီးမဖြုန်းတီးသည့်လက်ဝှေ့သမားနှင့်တူ၏။-
27 Tali eninyasha omubhili gwani ningukola nko omugaya, koleleki nikamala okulasisha abhandi, anye omwene nasiga okulemwa.
၂၇ငါသည်သူတစ်ပါးတို့အားပြိုင်ပွဲဝင်ရန်ခေါ် ဖိတ်ခဲ့ပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲမှအပယ် မခံရစေရန်ငါ၏ကိုယ်ခန္ဓာကိုမာကြောအောင် ထိုးကြိတ်၍ချုပ်ထိန်း၏။