< 1 Abhakorintho 13 >

1 Chaike ati enaika kwa jinyaika ja bhana munu ne jabhamalaika. Mbe nawe nikabha nitana kwenda, nili lwe chuma chinu echilila amwi lwa jindege jinu ejimwaya.
ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။
2 Na ati nili ne chiyanwa cho bhulagi no bhumenyi bhwe chimali bhunu bhwiibhisile no bhwengeso, ati nine likilisha elyo kufulula amabhanga. Mbe nawe nikabha nitana kwenda, kwanye chitali chinu.
ပရောဖက်ဥာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။
3 Na chaike ati nolwo nikasosha omugabho gwani gwona no kubhalisha abhagasi, nolwo ati nikagusosha omubhili gwani koleleki nochibhwe omulilo. Mbe nawe nikabha nitana kwenda, nitakubhonamo chinu.
သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။
4 Okwenda okwingumilisha na kuli ne chigongo. Okwenda kutakwikuya amwi kwikusha. kutana chigundu
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
5 amwi bhulagi-lagi. Kutakuyenja misango jakwo, kutakubhona bhinyiga bhwangu, nolwo kutakubhala mabhibhi.
မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊
6 Kutakukondelwa mu bhunyamuke. Amwi nejo, okukondelelwa ne je chimali.
မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
7 Okwenda okwigumilisha masango gone; Okwikilisha misango jone, kuli no bhubhasi mu misango jone, no kwikomesha mu misango jone.
ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
8 Okwenda kuwana bhutelo. Alabha bhukabha bhuli bhulagi, Bhwona bhulichweka. Alabha jikabha jilio jinyaika, jiliwao. Alabha bhukabha bhulio bhwengeso, bhulio.
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဥာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
9 Kulwo kubha echimenya kwe ebhala na echikola kwo bhulagi kwe ebhala.
ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။
10 Mbe nawe ilibha yaja inu ikumiye, ilya inu itakumiye iliwao.
၁၀စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။
11 Anu naliga nichali mwana kutiyo, neganilishaga lwo mwana kutiyo, naliga nindamula lwo mwana kutiyo. Nejile nakula nabha munu mukulu, ningata kula amasango ge chitoto.
၁၁ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
12 Kulwo kubha woli echilolela mwilole, kuti chitakwilola kisi chilio echisute, mbe nawe omwana gulya chililolana obhusu kwo obhusu. Woli enimenya lubhala, mbe nawe mu mwanya gulya nilimenya muno lwa kutyo anye one enimenyekana muno.
၁၂ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။
13 Mbe nawe woli mu misango jinu esatu ejigendelela: Elikilisha, no kwenda. Mbe nawe chinu chili chikulu kukila ganu gone nu kwenda.
၁၃ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။

< 1 Abhakorintho 13 >