< ルカの福音書 3 >
1 第一款 洗者ヨハネの先駆 チベリオ、セザルの在位の十五年、ポンシオ、ピラトはユデアの総督たり、ヘロデはガリレア分國の王たり、其兄弟フィリッポはイチュレア及トラコニト地方分國の王たり、リサニアはアビリナ分國の王たり、
၁ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
2 アンナとカイファとは司祭長たりし時、ザカリアの子ヨハネ、荒野に在りて主の御言を蒙り、
၂အန္နနှင့်ကယာဖတို့သည်ကားယဇ်ပုရောဟိတ် မင်းများဖြစ်ကြ၏။ ထိုအခါတောကန္တာရ၌ရှိ သောဇာခရိ၏သားယောဟန်သည် ဘုရားသခင် ၏ဗျာဒိတ်တော်ကိုခံရ၏။-
3 ヨルダン[河]の全地方を巡りて、罪の赦を得させん為に、改心の洗禮を宣傳へたり。
၃သို့ဖြစ်၍ယောဟန်သည်ယော်ဒန်မြစ်ဝှမ်းတလျှောက် သို့သွားရောက်၍ ``နောင်တရ၍ဗတ္တိဇံကိုခံယူကြ လော့။ သို့မှသာဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်'' ဟုလူတို့အား ဟောပြော၏။-
4 預言者イザヤの言の書に録して「荒野に呼はる者の聲ありて曰く、汝等主の道を備へ、其徑を直くせよ。
၄ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊ `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။
5 凡ての谷は填められ、凡ての山丘は坦され、曲れるは直くせられ、険しき處は平なる路となり、
၅ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကို ဖြိုရကြမည်။ လမ်းကောက်များကိုဖြောင့်စေ၍လမ်းကြမ်းများကို ချောမောပြေပြစ်စေရမည်။
၆လူအပေါင်းတို့သည်ဘုရားသခင်၏ကယ်တင်ခြင်း ကျေးဇူးကိုတွေ့မြင်ရကြလတ္တံ့' ဟု တောကန္တာရတွင်လူတစ်ယောက်သည် ကြွေးကြော်လျက်နေ၏။
7 然てヨハネ、己に洗せられんとて出來れる群衆に云ひけるは、蝮の裔よ、來るべき怒を遁るる事を、誰か汝等に教へしぞ。
၇ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
8 然れば改心の相當なる果を結べよ。又我等の父にアブラハム在りと云はんとすること勿れ。蓋我汝等に告ぐ、神は是等の石よりアブラハムの為に子等を起すことを得給ふ。
၈နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
9 既に斧樹の根に置かれたり。故に総て善き果を結ばざる樹は、伐られて火に投入れらるべし、と。
၉သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
10 群衆ヨハネに問ひて、然らば我等何を為すべきぞ、と云ひければ、
၁၀လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
11 彼答へて、二枚の肌着を有てる人は有たぬ人に與へよ、食物を有てる人も同じ様にせよ、と云ひ居たり。
၁၁ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
12 又税吏ありて、洗せられんとて來り、師よ、我等何を為すべきぞ、と云ひしかば、
၁၂အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
13 ヨハネ彼等に向ひ、汝等は定まりたる物の外、何をも取ること勿れ、と云へり。
၁၃ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။
14 兵卒も亦之に問ひて、我等は何を為すべきぞ、と云へば、ヨハネ彼等に向ひ、汝等は、誰をも悩ますこと勿れ、又讒訴すること勿れ、己が給料を以て足れりとせよ、と云へり。
၁၄စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
15 人民は待佗びて、ヨハネを或はキリストならんと、皆心に推量りつつありければ、
၁၅လူတို့သည်မေရှိယကြွလာတော့မည်ဟုယုံ ကြည်လျက်စောင့်မျှော်နေချိန်ဖြစ်ရာ ``ယောဟန် သည်မေရှိယပင်ဖြစ်လေသလော'' ဟုတွေးတော နေကြ၏။-
16 ヨハネ答へて人々に云ひけるは、實に我は水にて汝等を洗す、然れど我に優りて力或もの将に來らんとす、我は其履の紐を解くにも足らず。彼は聖霊と火とにて汝等を洗し給ふべし。
၁၆သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
17 彼の手に箕ありて其禾場を潔め、麦は倉に収め、殻は滅えざる火にて焼き給ふべし、と。
၁၇မိမိ၏ကောက်နယ်တလင်းကိုရှင်းလင်းပစ်ရန် လက်တော်တွင်ဆန်ကောကိုကိုင်ထားတော်မူသည် ဖြစ်၍ ဂျုံစပါးများကိုကျီတွင်စုသိမ်း၍အဖျင်း များကိုမူ ငြိမ်းသတ်၍မရနိုင်သောမီးတွင်ကျွမ်း လောင်စေတော်မူလတ္တံ့'' ဟုသူတို့အားဆို၏။
18 ヨハネ尚多くの事を人に教へて、福音を宣べ居たり。
၁၈ယောဟန်သည်အခြားနှိုးဆော်ချက်များဖြင့် လူတို့အားသတင်းကောင်းကိုဟောပြောကြေ ညာ၏။-
19 然れど分國の王ヘロデ、其兄弟の妻ヘロヂァデの事に就き、又自ら為せる凡ての惡事に就きてヨハネに諌められければ、
၁၉သို့ရာတွင်ဟေရုဒ်ဘုရင်သည်မိမိညီဖြစ်သူ၏ ဇနီးဟေရောဒိကိုသိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မိမိကူးလွန်ခဲ့သောအပြစ်အပေါင်း နှင့်ပတ်သက်၍လည်းကောင်းယောဟန်ကသူ့အား ဆုံးမခဲ့၏။-
20 諸の惡事に今一を加へてヨハネを監獄に閉籠めたりき。
၂၀ထိုနောက်ယောဟန်ကိုထောင်ထဲတွင်ချုပ်နှောင်ထား စေခြင်းဖြင့် ဟေရုဒ်သည်ကူးလွန်ပြီးခဲ့သည့် အပြစ်အပေါင်းတို့ထက်ဆိုးရွားသောအပြစ် ကိုကူးလွန်လေသည်။
21 第二款 イエズス自身の準備 人民挙りて洗せらるる時、イエズスも洗せられて祈り給ふに、天開け、
၂၁လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
22 聖霊形に顕れて、鴿の如くイエズスの上に降り給ひ、又天より聲して、汝は我愛子なり、我汝によりて心を安んぜり、と曰へり。
၂၂သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။
23 イエズス齢凡三十にして[聖役を]始め給ひ、人にはヨセフの子と思はれ居給ひしが、ヨセフの父はヘリ、其父はマタト、
၂၃အမှုတော်စတင်ဆောင်ရွက်ချိန်၌သခင်ယေရှု သည်အသက်သုံးဆယ်ခန့်ရှိတော်မူ၏။ လူတို့ထင် မြင်ယူဆချက်အရကိုယ်တော်သည်ယောသပ်၏ သားဖြစ်၏။ ယောသပ်သည်ဧလိ၏သားတည်း။-
24 其父はレヴィ、其父はメルキ、其父はヤンネ、其父はヨゼフ、
၂၄ဧလိကားမဿတ်၏သား၊ မဿတ်ကားလေဝိ၏ သား၊ လေဝိကားမေလခိ၏သား၊ မေလခိကား ယန္န၏သား၊ ယန္နကားယောသပ်၏သားဖြစ်၏။-
25 其父はマタチヤ、其父はアモス、其父はナホム、其父はヘスリ、其父はナッゲ、
၂၅ယောသပ်သည်မတ္တသိ၏သား၊ မတ္တသိသည်အာမုတ် ၏သား၊ အာမုတ်သည်နာဟုံ၏သား၊ နာဟုံသည် ဧသလိ၏သား၊ ဧသလိသည်န္ဂဲ၏သား၊ န္ဂဲ သည်မာအတ်၏သားဖြစ်၏။-
26 其父はマハト、其父はマタチヤ、其父はセメイ、其父はヨゼフ、其父はユダ、
၂၆မာအတ်ကားမတ္တသိ၏သား၊ မတ္တသိကားရှေမိ၏ သား၊ ရှေမိကားယောသပ်၏သား၊ ယောသပ်ကား ယုဒ၏သား၊ ယုဒကားယောဟန္န၏သားဖြစ်၏။-
27 其父はヨハンナ、其父はレサ、其父はゾロバベル、其父はサラチエル、其父はネリ、
၂၇ယောဟန္နသည်ရေသ၏သား၊ ရေသသည်ဇေရုဗ ဗေလ၏သား၊ ဇေရုဗဗေလသည်ရှာလသေလ ၏သား၊ ရှာလသေလသည်နေရိ၏သား၊ နေရိသည် မေလခိ၏သား၊ မေလခိသည်အဒ္ဒိ၏သားဖြစ်၏။-
28 其父はメルキ、其父はアッヂ、其父はコサン、其父はエルマダン、其父はヘル、
၂၈အဒ္ဒိကားကောသံ၏သား၊ ကောသံကားဧလ မောဒံ၏သား၊ ဧလမောဒံကားဧရ၏သား ဖြစ်၏။-
29 其父はイエズ、其父はエリエゼル、其父はヨリム、其父はマタト、其父はレヴィ、
၂၉ဧရသည်ယောရှု၏သား၊ ယောရှုသည်ဧလျေဇာ ၏သား၊ ဧလျေဇာသည်ယောရိမ်၏သား၊ ယောရိမ် သည်မဿတ်၏သား၊ မဿတ်သည်လေဝိ၏သား ဖြစ်၏။-
30 其父はシメオン、其父はユダ、其父はヨセフ、其父はヨナ、其父はエリヤキム、
၃၀လေဝိကားရှိမောင်၏သား၊ ရှိမောင်ကားယုဒ၏သား၊ ယုဒကားယောသပ်၏သား၊ ယောသပ်ကားယောနန် ၏သား၊ ယောနန်ကားဧလျာကိမ်၏သားဖြစ်၏။-
31 其父はメレヤ、其父はメンナ、其父はマタタ、其父はナタン、其父はダヴィド、
၃၁ဧလျာကိမ်သည်မေလေ၏သား၊ မေလေသည်မဲနန်၏ သား၊ မဲနန်သည်မတ္တသ၏သား၊ မတ္တသသည်နာသန်၏ သား၊ နာသန်သည်ဒါဝိဒ်၏သားဖြစ်၏။-
32 其父はイエッセ、其父はオベド、其父はボオズ、其父はサルモン、其父はナアッソン、
၃၂ဒါဝိဒ်ကားယေရှဲ၏သား၊ ယေရှဲကားသြဗက်၏သား၊ သြဗက်ကားဗောဇ၏သား၊ ဗောဇကားစာလမုန်၏ သား၊ စာလမုန်ကားနာရှုန်၏သားဖြစ်၏။-
33 其父はアミナダブ、其父はアラム、其父はエスロン、其父はファレス、其父はユダ、
၃၃နာရှုန်သည်အမိနဒပ်၏သား၊ အမိနဒပ်သည် အဒ်မိန်၏သား၊ အဒ်မိန်သည်အာရံနိ၏သား၊ အာရံနိသည်ဟေဇရုံ၏သား၊ ဟေဇရုံသည် ဖာရက်၏သား၊ ဖာရက်သည်ယုဒ၏သားဖြစ်၏။-
34 其父はヤコブ、其父はイザアク、其父はアブラハム、其父はタレ、其父はナコル、
၃၄ယုဒကားယာကုပ်၏သား၊ ယာကုပ်ကားဣဇာက်၏ သား၊ ဣဇာက်ကားအာဗြဟံ၏သား၊ အာဗြဟံ ကားတေရ၏သား၊ တေရကားနာခေါ်၏သား ဖြစ်၏။-
35 其父はサルグ、其父はラガウ、其父はファレグ、其父はヘベル、其父はサレ、
၃၅နာခေါ်သည်စေရောက်၏သား၊ စေရောက်သည် ရာဂေါ၏သား၊ ရာဂေါသည်ဖာလက်၏သား၊ ဖာလက်သည်ဟေဗာ၏သား၊ ဟေဗာသည် ရှာလ၏သားဖြစ်၏။-
36 其父はカイナン、其父はアルファクサド、其父はセム、其父はノエ、其父はラメク、
၃၆ရှာလကားကာဣနန်၏သား၊ ကာဣနန်ကား အာဖာဇဒ်၏သား၊ အာဖာဇဒ်ကားရှေမ၏ သား၊ ရှေမကားနောဧ၏သား၊ နောဧကား လာမက်၏သားဖြစ်၏။-
37 其父はマチュサレ、其父はエノク、其父はヤレド、其父はマラレエル、其父はカイナン、
၃၇လာမက်သည်မသုရှလ၏သား၊ မသုရှလသည် ဧနောက်၏သား၊ ဧနောက်သည်ယာရက်၏သား၊ ယာရက်သည်မဟာလေလ၏သား၊ မဟာ လေလသည်ကာဣနန်၏သားဖြစ်၏။-
38 其父はヘノス、其父はセト、其父はアダム、其父は神なり。
၃၈ကာဣနန်ကားဧနုတ်၏သား၊ ဧနုတ်ကားရှေသ၏ သား၊ ရှေသသည်ကားအာဒံ၏သား၊ အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း။