< ゼカリヤ書 4 >

1 わたしと語った天の使がまた来て、わたしを呼びさました。わたしは眠りから呼びさまされた人のようであった。
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက်၊
2 彼がわたしに向かって「何を見るか」と言ったので、わたしは言った、「わたしが見ていると、すべて金で造られた燭台が一つあって、その上に油を入れる器があり、また燭台の上に七つのともしび皿があり、そのともしび皿は燭台の上にあって、これにおのおの七本ずつの管があります。
သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
3 また燭台のかたわらに、オリブの木が二本あって、一本は油をいれる器の右にあり、一本はその左にあります」。
ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲ ဘက်၌ တပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊
4 わたしはまたわたしと語る天の使に言った、「わが主よ、これらはなんですか」。
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သ နည်းဟုမေးသော်၊
5 わたしと語る天の使は答えて、「あなたはそれがなんであるか知らないのですか」と言ったので、わたしは「わが主よ、知りません」と言った。
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည် သလောဟု မေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
6 すると彼はわたしに言った、「ゼルバベルに、主がお告げになる言葉はこれです。万軍の主は仰せられる、これは権勢によらず、能力によらず、わたしの霊によるのである。
ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာ တန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူ၏။
7 大いなる山よ、おまえは何者か。おまえはゼルバベルの前に平地となる。彼は『恵みあれ、これに恵みあれ』と呼ばわりながら、かしら石を引き出すであろう」。
အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူ များတို့က၊ ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။
8 主の言葉がわたしに臨んで言うには、
တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
9 「ゼルバベルの手はこの宮の礎をすえた。彼の手はこれを完成する。その時あなたがたは万軍の主が、わたしをあなたがたにつかわされたことを知る。
ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချ ထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့် မည်။
10 だれでも小さい事の日をいやしめた者は、ゼルバベルの手に、下げ振りのあるのを見て、喜ぶ。これらの七つのものは、あまねく全地を行き来する主の目である」。
၁၀အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြ လိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။
11 わたしはまた彼に尋ねて、「燭台の左右にある、この二本のオリブの木はなんですか」と言い、
၁၁ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ၍ ၎င်း၊
12 重ねてまた「この二本の金の管によって、油をそれから注ぎ出すオリブの二枝はなんですか」と言うと、
၁၂ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ၍၎င်း မေးလျှောက်သော်၊
13 彼はわたしに答えて、「あなたはそれがなんであるか知らないのですか」と言ったので、「わが主よ、知りません」と言った。
၁၃ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက်၏။
14 すると彼は言った、「これらはふたりの油そそがれた者で、全地の主のかたわらに立つ者です」。
၁၄ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို၏။

< ゼカリヤ書 4 >