< 民数記 29 >

1 七月には、その月の第一日に聖会を開かなければならない。なんの労役をもしてはならない。これはあなたがたがラッパを吹く日である。
သတ္တမလ၊ ပဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။
2 あなたがたは燔祭をささげて、主に香ばしいかおりとしなければならない。すなわち若い雄牛一頭、雄羊一頭、一歳の雄の全き小羊七頭をささげなければならない。
ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။
3 その素祭には油を混ぜた麦粉をささげなければならない。すなわち雄牛一頭について一エパの十分の三、雄羊一頭について十分の二をささげ、
နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
4 また七頭の小羊には一頭ごとに十分の一をささげなければならない。
သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
5 また雄やぎ一頭を罪祭としてささげ、あなたがたのために罪のあがないをしなければならない。
အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။
6 これは新月の燔祭とその素祭、常燔祭とその素祭、および灌祭のほかのものであって、これらのものの定めにしたがい、香ばしいかおりとして、主に火祭としなければならない。
ထိုသို့ ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည်။
7 またその七月の十日に聖会を開き、かつあなたがたの身を悩まさなければならない。なんの仕事もしてはならない。
၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြု၍ ခြိုးခြံစွာ ကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။
8 あなたがたは主に燔祭をささげて、香ばしいかおりとしなければならない。すなわち若い雄牛一頭、雄羊一頭、一歳の雄の小羊七頭をささげなければならない。これらはみな全きものでなければならない。
ထိုနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။
9 その素祭には油を混ぜた麦粉をささげなければならない。すなわち雄牛一頭につき一エパの十分の三、雄羊一頭につき十分の二をささげ、
နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင်နှစ်ဩမဲ၊
10 また七頭の小羊には一頭ごとに十分の一をささげなければならない。
၁၀သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
11 また雄やぎ一頭を罪祭としてささげなければならない。これらは贖罪の罪祭と常燔祭とその素祭、および灌祭のほかのものである。
၁၁အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ ပြုရမည်။
12 七月の十五日に聖会を開かなければならない。なんの労役もしてはならない。七日のあいだ主のために祭をしなければならない。
၁၂၎င်းလ တဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက် ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည်။
13 あなたがたは燔祭をささげて、主に香ばしいかおりの火祭としなければならない。すなわち若い雄牛十三頭、雄羊二頭、一歳の雄の小羊十四頭をささげなければならない。これらはみな全きものでなければならない。
၁၃ပဌမနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။
14 その素祭には油を混ぜた麦粉をささげなければならない。すなわち十三頭の雄牛には一頭ごとに十分の三、その二頭の雄羊には一頭ごとに十分の二をささげ、
၁၄နွားဆယ်သုံးကောင်စေ့အောင်၊ တကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ၊ သိုးနှစ်ကောင်စေ့ အောင်၊ တကောင်လျှင် နှစ်ဩမဲစီ၊
15 その十四頭の小羊には一頭ごとに十分の一をささげなければならない。
၁၅သိုးသငယ်ဆယ်လေးကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရ မည်။
16 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၁၆အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ ပူဇော်ရမည်။
17 第二日には若い雄牛十二頭、雄羊二頭、一歳の雄の全き小羊十四頭をささげなければならない。
၁၇ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ် ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
18 その雄牛と雄羊と小羊とのための素祭と灌祭とはその数にしたがって、定めのようにささげなければならない。
၁၈သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို၎င်း၊
19 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၁၉အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ် တကောင်ကို ၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
20 第三日には雄牛十一頭、雄羊二頭、一歳の雄の全き小羊十四頭をささげなければならない。
၂၀တတိယနေ့၌၊ နွားထီးဆယ်တကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
21 その雄牛と雄羊と小羊とのための素祭と灌祭とは、その数にしたがって定めのようにささげなければならない。
၂၁သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
22 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၂၂အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
23 第四日には雄牛十頭、雄羊二頭、一歳の雄の全き小羊十四頭をささげなければならない。
၂၃စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
24 その雄牛と雄羊と小羊とのための素祭と灌祭とは、その数にしたがって定めのようにささげなければならない。
၂၄သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
25 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၂၅အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
26 第五日には雄牛九頭、雄羊二頭、一歳の雄の全き小羊十四頭をささげなければならない。
၂၆ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
27 その雄牛と雄羊と小羊とのための素祭と灌祭とは、その数にしたがって定めのようにささげなければならない。
၂၇သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
28 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၂၈အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
29 第六日には雄牛八頭、雄羊二頭、一歳の雄の全き小羊十四頭をささげなければならない。
၂၉ဆဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
30 その雄牛と雄羊と小羊とのための素祭と灌祭とは、その数にしたがって定めのようにささげなければならない。
၃၀သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
31 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၃၁အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ပူဇော်ရမည်။
32 第七日には雄牛七頭、雄羊二頭、一歳の雄の全き小羊十四頭をささげなければならない。
၃၂သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ် လေးကောင်ကို၎င်း၊
33 その雄牛と雄羊と小羊とのための素祭と灌祭とは、その数にしたがって定めのようにささげなければならない。
၃၃သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
34 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၃၄အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
35 第八日にはまた集会を開かなければならない。なんの労役をもしてはならない。
၃၅အဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
36 あなたがたは燔祭をささげて主に香ばしいかおりの火祭としなければならない。すなわち雄牛一頭、雄羊一頭、一歳の雄の全き小羊七頭をささげなければならない。
၃၆ထိုနေ့၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို၎င်း၊
37 その雄牛と雄羊と小羊とのための素祭と灌祭とは、その数にしたがって定めのようにささげなければならない。
၃၇သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
38 また雄やぎ一頭を罪祭としてささげなければならない。これらは常燔祭とその素祭および灌祭のほかのものである。
၃၈အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
39 あなたがたは定めの祭の時に、これらのものを主にささげなければならない。これらはあなたがたの誓願、または自発の供え物としてささげる燔祭、素祭、灌祭および酬恩祭のほかのものである』」。
၃၉ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။
40 モーセは主が命じられた事をことごとくイスラエルの人々に告げた。
၄၀ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။

< 民数記 29 >