< レビ記 6 >

1 主はまたモーセに言われた、
တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 「もし人が罪を犯し、主に対して不正をなしたとき、すなわち預かり物、手にした質草、またはかすめた物について、その隣人を欺き、あるいはその隣人をしえたげ、
တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
3 あるいは落し物を拾い、それについて欺き、偽って誓うなど、すべて人がそれをなして罪となることの一つについて、
ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4 罪を犯し、とがを得たならば、彼はそのかすめた物、しえたげて取った物、預かった物、拾った落し物、
ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
5 または偽り誓ったすべての物を返さなければならない。すなわち残りなく償い、更にその五分の一をこれに加え、彼が愆祭をささげる日に、これをその元の持ち主に渡さなければならない。
မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
6 彼はその償いとして、あなたの値積りにしたがい、雄羊の全きものを、群れの中から取り、これを祭司のもとに携えてきて、愆祭として主にささげなければならない。
ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
7 こうして、祭司が主の前で彼のためにあがないをするならば、彼はそのいずれを行ってとがを得てもゆるされるであろう」。
ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
8 主はまたモーセに言われた、
တဖန်မောရှေအား ထာဝရဘုရားက၊
9 「アロンとその子たちに命じて言いなさい、『燔祭のおきては次のとおりである。燔祭は祭壇の炉の上に、朝まで夜もすがらあるようにし、そこに祭壇の火を燃え続かせなければならない。
သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
10 祭司は亜麻布の服を着、亜麻布のももひきを身につけ、祭壇の上で火に焼けた燔祭の灰を取って、これを祭壇のそばに置き、
၁၀ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
11 その衣服を脱ぎ、ほかの衣服を着て、その灰を宿営の外の清い場所に携え出さなければならない。
၁၁တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
12 祭壇の上の火は、そこに燃え続かせ、それを消してはならない。祭司は朝ごとに、たきぎをその上に燃やし、燔祭をその上に並べ、また酬恩祭の脂肪をその上で焼かなければならない。
၁၂ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။
13 火は絶えず祭壇の上に燃え続かせ、これを消してはならない。
၁၃ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
14 素祭のおきては次のとおりである。アロンの子たちはそれを祭壇の前で主の前にささげなければならない。
၁၄ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
15 すなわち素祭の麦粉一握りとその油を、素祭の上にある全部の乳香と共に取って、祭壇の上で焼き、香ばしいかおりとし、記念の分として主にささげなければならない。
၁၅ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
16 その残りはアロンとその子たちが食べなければならない。すなわち、種を入れずに聖なる所で食べなければならない。会見の幕屋の庭でこれを食べなければならない。
၁၆ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။
17 これは種を入れて焼いてはならない。わたしはこれをわたしの火祭のうちから彼らの分として与える。これは罪祭および愆祭と同様に、いと聖なるものである。
၁၇ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
18 アロンの子たちのうち、すべての男子はこれを食べることができる。これは主にささげる火祭のうちから、あなたがたが代々永久に受けるように定められた分である。すべてこれに触れるものは聖となるであろう』」。
၁၈အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
19 主はまたモーセに言われた、
၁၉တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
20 「アロンとその子たちが、アロンの油注がれる日に、主にささぐべき供え物は次のとおりである。すなわち麦粉十分の一エパを、絶えずささげる素祭とし、半ばは朝に、半ばは夕にささげなければならない。
၂၀အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။
21 それは油をよく混ぜて平鍋で焼き、それを携えてきて、細かく砕いた素祭とし、香ばしいかおりとして、主にささげなければならない。
၂၁ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
22 彼の子たちのうち、油注がれて彼についで祭司となる者は、これをささげなければならない。これは永久に主に帰する分として、全く焼きつくすべきものである。
၂၂အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။
23 すべて祭司の素祭は全く焼きつくすべきものであって、これを食べてはならない」。
၂၃ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏
24 主はまたモーセに言われた、
၂၄တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
25 「アロンとその子たちに言いなさい、『罪祭のおきては次のとおりである。罪祭は燔祭をほふる場所で、主の前にほふらなければならない。これはいと聖なる物である。
၂၅သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
26 罪のためにこれをささげる祭司が、これを食べなければならない。すなわち会見の幕屋の庭の聖なる所で、これを食べなければならない。
၂၆အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။
27 すべてその肉に触れる者は聖となるであろう。もしその血が衣服にかかったならば、そのかかったものは聖なる所で洗わなければならない。
၂၇ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
28 またそれを煮た土の器は砕かなければならない。もし青銅の器で煮たのであれば、それはみがいて、水で洗わなければならない。
၂၈ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။
29 祭司たちのうちのすべての男子は、これを食べることができる。これはいと聖なるものである。
၂၉ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။
30 しかし、その血を会見の幕屋に携えていって、聖所であがないに用いた罪祭は食べてはならない。これは火で焼き捨てなければならない。
၃၀အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီးရှို့ရမည်။

< レビ記 6 >