< ヨシュア記 10 >

1 エルサレムの王アドニゼデクは、ヨシュアがアイを攻め取って、それを全く滅ぼし、さきにエリコとその王とにしたように、アイとその王にもしたこと、またギベオンの住民が、イスラエルと和を講じて、そのうちにおることを聞き、
ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊
2 大いに恐れた。それは、ギベオンが大きな町であって、王の都にもひとしいものであり、またアイより大きくて、そのうちの人々が、すべて強かったからである。
ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။
3 それでエルサレムの王アドニゼデクは、ヘブロンの王ホハム、ヤルムテの王ピラム、ラキシの王ヤピア、およびエグロンの王デビルに人をつかわして言った、
ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊
4 「わたしの所に上ってきて、わたしを助けてください。われわれはギベオンを撃ちましょう。ギベオンはヨシュアおよびイスラエルの人々と和を講じたからです」。
ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊
5 アモリびとの五人の王、すなわちエルサレムの王、ヘブロンの王、ヤルムテの王、ラキシの王、およびエグロンの王は兵を集め、そのすべての軍勢を率いて上ってきて、ギベオンに向かって陣を取り、それを攻めて戦った。
ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။
6 ギベオンの人々は、ギルガルの陣営に人をつかわし、ヨシュアに言った、「あなたの手を引かないで、しもべどもを助けてください。早く、われわれの所に上ってきて、われわれを救い、助けてください。山地に住むアモリびとの王たちがみな集まって、われわれを攻めるからです」。
ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
7 そこでヨシュアはすべてのいくさびとと、すべての大勇士を率いて、ギルガルから上って行った。
ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။
8 その時、主はヨシュアに言われた、「彼らを恐れてはならない。わたしが彼らをあなたの手にわたしたからである。彼らのうちには、あなたに当ることのできるものは、ひとりもないであろう」。
ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။
9 ヨシュアは、ギルガルから、よもすがら進みのぼって、にわかに彼らに攻めよせたところ、
ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊
10 主は彼らを、イスラエルの前に、恐れあわてさせられたので、イスラエルはギベオンで彼らをおびただしく撃ち殺し、ベテホロンの上り坂をとおって逃げる彼らを、アゼカとマッケダまで追撃した。
၁၀ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသော လမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။
11 彼らがイスラエルの前から逃げ走って、ベテホロンの下り坂をおりていた時、主は天から彼らの上に大石を降らし、アゼカにいたるまでもそうされたので、多くの人々が死んだ。イスラエルの人々がつるぎをもって殺したものよりも、雹に打たれて死んだもののほうが多かった。
၁၁ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
12 主がアモリびとをイスラエルの人々にわたされた日に、ヨシュアはイスラエルの人々の前で主にむかって言った、「日よ、ギベオンの上にとどまれ、月よ、アヤロンの谷にやすらえ」。
၁၂ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊
13 民がその敵を撃ち破るまで、日はとどまり、月は動かなかった。これはヤシャルの書にしるされているではないか。日が天の中空にとどまって、急いで没しなかったこと、おおよそ一日であった。
၁၃ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော။
14 これより先にも、あとにも、主がこのように人の言葉を聞きいれられた日は一日もなかった。主がイスラエルのために戦われたからである。
၁၄ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။
15 こうしてヨシュアはイスラエルのすべての人と共にギルガルの陣営に帰った。
၁၅ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
16 かの五人の王たちは逃げて行って、マッケダのほら穴に隠れたが、
၁၆မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။
17 五人の王たちがマッケダのほら穴にかくれているのが見つかったと、ヨシュアに告げる者があったので、
၁၇မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊
18 ヨシュアは言った、「ほら穴の口に大石をころがし、そのそばに人を置いて、守らせなさい。
၁၈ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။
19 ただし、あなたがたは、そこにとどまらないで、敵のあとを追い、そのしんがりを撃ち、彼らをその町にはいらせてはならない。あなたがたの神、主が彼らをあなたがたの手に渡されたからである」。
၁၉သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေ ကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌ အပ်တော်မူပြီဟု မှာထားလေ၏။
20 ヨシュアとイスラエルの人々は、大いに彼らを撃ち殺し、ついに彼らを滅ぼしつくしたが、彼らのうちのがれて生き残った者どもは、堅固な町々に逃げこんだので、
၂၀ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။
21 民はみな安らかにマッケダの陣営のヨシュアのもとに帰ってきたが、イスラエルの人々にむかって舌を鳴らす者はひとりもなかった。
၂၁လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။
22 その時ヨシュアは言った、「ほら穴の口を開いて、ほら穴から、かの五人の王たちを、わたしのもとにひき出しなさい」。
၂၂ယောရှုကလည်း၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊
23 やがて、そのようにして、かの五人の王たち、すなわち、エルサレムの王、ヘブロンの王、ヤルムテの王、ラキシの王、およびエグロンの王を、ほら穴から彼のもとにひき出した。
၂၃သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန် မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊
24 この王たちをヨシュアのもとにひき出した時、ヨシュアはイスラエルのすべての人々を呼び寄せ、自分と共に行ったいくさびとの長たちに言った、「近寄って、この王たちのくびに足をかけなさい」。そこで近寄って、その王たちのくびに足をかけたので、
၂၄ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည် ကုပ်အပေါ်၌ ခြေကို တင်ကြ၏။
25 ヨシュアは彼らに言った、「恐れおののいてはならない。強くまた雄々しくあれ。あなたがたが攻めて戦うすべての敵には、主がこのようにされるのである」。
၂၅ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊
26 そして後ヨシュアは彼らを撃って死なせ、五本の木にかけて、夕暮れまで木の上にさらして置いたが、
၂၆ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင် ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊
27 日の入るころになって、ヨシュアが命じたので、これを木からおろし、彼らが隠れていたほら穴に投げ入れ、ほら穴の口に大石を置いた。これは今日まで残っている。
၂၇နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
28 その日ヨシュアはマッケダを取り、つるぎをもって、それと、その王とを撃ち、その中のすべての人を、ことごとく滅ぼして、ひとりも残さず、エリコの王にしたように、マッケダの王にもした。
၂၈ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။
29 こうしてヨシュアはイスラエルのすべての人を率いて、マッケダからリブナに進み、リブナを攻めて戦った。
၂၉ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊
30 主が、それと、その王をも、イスラエルの手に渡されたので、つるぎをもって、それと、その中のすべての人を撃ち滅ぼして、ひとりもその中に残さず、エリコの王にしたように、その王にもした。
၃၀ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။
31 ヨシュアはまたイスラエルのすべての人を率いて、リブナからラキシに進み、これに向かって陣をしき、攻め戦った。
၃၁ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။
32 主がラキシをイスラエルの手に渡されたので、ふつか目にこれを取り、つるぎをもって、それと、その中のすべての人を撃ち滅ぼした。すべてリブナにしたとおりであった。
၃၂ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက်၌ အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ရ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ၏။
33 その時、ゲゼルの王ホラムが、ラキシを助けるために上ってきたので、ヨシュアは彼と、その民とを撃ち滅ぼして、ついにひとりも残さなかった。
၃၃ထိုအခါ ဂေဇာမင်းကြီး ဟောရံသည်၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ၏လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။
34 ヨシュアはまたイスラエルのすべての人を率いて、ラキシからエグロンに進み、これに向かって陣をしき、攻め戦った。
၃၄တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား၍ တပ်ချ လျက် တိုက်ကြ၏။
35 その日これを取り、つるぎをもって、これを撃ち、その中のすべての人を、ことごとくその日に滅ぼした。すべてラキシにしたとおりであった。
၃၅ထိုနေ့ခြင်းတွင်ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
36 ヨシュアはまたイスラエルのすべての人を率いて、エグロンからヘブロンに進み上り、これを攻めて戦い、
၃၆တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ ၏။
37 それを取って、それと、その王、およびそのすべての町々と、その中のすべての人を、つるぎをもって撃ち滅ぼし、ひとりも残さなかった。すべてエグロンにしたとおりであった。すなわち、それとその中のすべての人を、ことごとく滅ぼした。
၃၇ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း၊ မြို့သူမြို့သားအပေါင်းတို့ကို၎င်း၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ၏။
38 またヨシュアはイスラエルのすべての人を率いて、デビルへひきかえし、これを攻めて戦い、
၃၈တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။
39 それと、その王、およびそのすべての町々を取り、つるぎをもってそれを撃ち、その中のすべての人を、ことごとく滅ぼし、ひとりも残さなかった。彼がデビルと、その王にしたことは、ヘブロンにしたとおりであり、またリブナと、その王にしたとおりであった。
၃၉ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း ရ၍၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း။
40 こうしてヨシュアはその地の全部、すなわち、山地、ネゲブ、平地、および山腹の地と、そのすべての王たちを撃ち滅ぼして、ひとりも残さず、すべて息のあるものは、ことごとく滅ぼした。イスラエルの神、主が命じられたとおりであった。
၄၀ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင် ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။
41 ヨシュアはカデシ・バルネアからガザまでの国々、およびゴセンの全地を撃ち滅ぼして、ギベオンにまで及んだ。
၄၁ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင် အောင်၎င်း လုပ်ကြံ၍၊
42 イスラエルの神、主がイスラエルのために戦われたので、ヨシュアはこれらすべての王たちと、その地をいちどきに取った。
၄၂ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ၏။
43 そしてヨシュアはイスラエルのすべての人を率いて、ギルガルの陣営に帰った。
၄၃ထိုနောက် ယောရှုသည်၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။

< ヨシュア記 10 >