< ヨハネの福音書 2 >
1 三日目にガリラヤのカナに婚礼があって、イエスの母がそこにいた。
၁နောက်နှစ်ရက်ကြာသောအခါဂါလိလဲပြည်၊ ကာနမြို့မှာမင်္ဂလာဆောင်ပွဲကျင်းပရာ သခင်ယေရှု၏မယ်တော်ကြွရောက်၏။-
၂သခင်ယေရှုနှင့်တပည့်တော်တို့အားလည်း ထိုပွဲသို့ဖိတ်ကြားထား၏။-
3 ぶどう酒がなくなったので、母はイエスに言った、「ぶどう酒がなくなってしまいました」。
၃စပျစ်ရည်ကုန်သွားသောအခါသခင်ယေရှု ၏မယ်တော်က ``ထိုသူတို့မှာစပျစ်ရည်မရှိ တော့ပါ'' ဟုကိုယ်တော်အားပြောကြား၏။
4 イエスは母に言われた、「婦人よ、あなたは、わたしと、なんの係わりがありますか。わたしの時は、まだきていません」。
၄သခင်ယေရှုက ``မယ်တော်၊ အဘယ်အမှုပြု ရမည်ကိုအကျွန်ုပ်အားမပြောပါနှင့်။ အကျွန်ုပ် လုပ်ဆောင်ရန်အချိန်မကျသေးပါ'' ဟုမိန့်တော် မူ၏။
5 母は僕たちに言った、「このかたが、あなたがたに言いつけることは、なんでもして下さい」。
၅ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
6 そこには、ユダヤ人のきよめのならわしに従って、それぞれ四、五斗もはいる石の水がめが、六つ置いてあった。
၆ထိုနေရာတွင် ရေနှစ်ထမ်းသုံးထမ်းခန့်စီဝင်သော ကျောက်အိုးကြီးခြောက်လုံးရှိ၏။ ယုဒမျိုးသား တို့၏ဘာသာဋ္ဌလေ့အရ သန့်စင်မှုကိုပြုရန် ထိုအိုးများကိုထားရှိခြင်းဖြစ်၏။-
7 イエスは彼らに「かめに水をいっぱい入れなさい」と言われたので、彼らは口のところまでいっぱいに入れた。
၇သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။-
8 そこで彼らに言われた、「さあ、くんで、料理がしらのところに持って行きなさい」。すると、彼らは持って行った。
၈ထိုနောက်ကိုယ်တော်က ``ဤအိုးများမှရေ အနည်းငယ်ကိုခပ်၍ပွဲအုပ်ထံယူသွားကြ လော့'' ဟုမိန့်တော်မူသည့်အတိုင်းအစေခံ တို့သည်ယူသွားကြ၏။-
9 料理がしらは、ぶどう酒になった水をなめてみたが、それがどこからきたのか知らなかったので、(水をくんだ僕たちは知っていた)花婿を呼んで
၉ပွဲအုပ်သည်စပျစ်ရည်အဖြစ်သို့ပြောင်းလဲ လာသောရေကိုမြည်းစမ်းကြည့်၏။ အစေခံ များသည်စပျစ်ရည်ကိုအဘယ်မှရရှိ ကြောင်းသိကြသော်လည်း ပွဲအုပ်မူကား မသိ။ သို့ဖြစ်၍ပွဲအုပ်သည်မင်္ဂလာဆောင် သတို့သားအားခေါ်ပြီးလျှင်၊-
10 言った、「どんな人でも、初めによいぶどう酒を出して、酔いがまわったころにわるいのを出すものだ。それだのに、あなたはよいぶどう酒を今までとっておかれました」。
၁၀``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။
11 イエスは、この最初のしるしをガリラヤのカナで行い、その栄光を現された。そして弟子たちはイエスを信じた。
၁၁သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
12 そののち、イエスは、その母、兄弟たち、弟子たちと一緒に、カペナウムに下って、幾日かそこにとどまられた。
၁၂ထိုနောက်ကိုယ်တော်သည်မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူကပေရနောင်မြို့ သို့ကြွ၍ရက်အနည်းငယ်နေထိုင်တော်မူ၏။
13 さて、ユダヤ人の過越の祭が近づいたので、イエスはエルサレムに上られた。
၁၃ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
14 そして牛、羊、はとを売る者や両替する者などが宮の庭にすわり込んでいるのをごらんになって、
၁၄ကိုယ်တော်သည်ဗိမာန်တော်အတွင်းတွင်နွားများ၊ သိုးများ၊ ချိုးငှက်များရောင်းသောသူများနှင့် ငွေလဲလှယ်နေသူများထိုင်လျက်နေသည်ကို တွေ့တော်မူ၏။-
15 なわでむちを造り、羊も牛もみな宮から追いだし、両替人の金を散らし、その台をひっくりかえし、
၁၅ထိုအခါကြိုးဖြင့်နှင်တံကိုပြုလုပ်ပြီးလျှင် သိုးနွားများကိုဗိမာန်တော်ထဲမှမောင်းထုတ် တော်မူ၏။ ငွေလဲလှယ်သူတို့၏ငွေများကို သွန်ချ၍ ငွေတင်ခုံများကိုမှောက်လှန်ပစ် တော်မူ၏။-
16 はとを売る人々には「これらのものを持って、ここから出て行け。わたしの父の家を商売の家とするな」と言われた。
၁၆ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။-
17 弟子たちは、「あなたの家を思う熱心が、わたしを食いつくすであろう」と書いてあることを思い出した。
၁၇ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။
18 そこで、ユダヤ人はイエスに言った、「こんなことをするからには、どんなしるしをわたしたちに見せてくれますか」。
၁၈ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
19 イエスは彼らに答えて言われた、「この神殿をこわしたら、わたしは三日のうちに、それを起すであろう」。
၁၉သခင်ယေရှုက ``ဤဗိမာန်တော်ကိုဖြိုဖျက် ကြလော့။ သုံးရက်အတွင်းငါပြန်လည်တည် ဆောက်မည်'' ဟုမိန့်တော်မူ၏။
20 そこで、ユダヤ人たちは言った、「この神殿を建てるのには、四十六年もかかっています。それだのに、あなたは三日のうちに、それを建てるのですか」。
၂၀ယုဒအမျိုးသားတို့က ``ဤဗိမာန်တော် ကိုလေးဆယ့်ခြောက်နှစ်တိုင်တိုင်တည်ဆောက် ခဲ့ရ၏။ သင်ကသုံးရက်နှင့်ပြန်လည်တည် ဆောက်ပါမည်လော'' ဟုမေးကြ၏။
21 イエスは自分のからだである神殿のことを言われたのである。
၂၁ကိုယ်တော်ကားမိမိ၏ကိုယ်ခန္ဓာတော်တည်းဟူ သောဗိမာန်တော်ကိုရည်စူး၍မိန့်တော်မူခြင်း ဖြစ်၏။-
22 それで、イエスが死人の中からよみがえったとき、弟子たちはイエスがこう言われたことを思い出して、聖書とイエスのこの言葉とを信じた。
၂၂သို့ဖြစ်၍တပည့်တော်တို့သည်ကိုယ်တော်သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူသောအခါ ဤ သို့ကိုယ်တော်မိန့်တော်မူခဲ့သည်ကိုပြန်လည် သတိရကြလျက် ကျမ်းစာတော်ကိုလည်း ကောင်း၊ သခင်ယေရှုမိန့်တော်မူခဲ့သော စကားတော်ကိုလည်းကောင်းယုံကြ၏။
23 過越の祭の間、イエスがエルサレムに滞在しておられたとき、多くの人々は、その行われたしるしを見て、イエスの名を信じた。
၂၃ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
24 しかしイエスご自身は、彼らに自分をお任せにならなかった。それは、すべての人を知っておられ、
၂၄သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။
25 また人についてあかしする者を、必要とされなかったからである。それは、ご自身人の心の中にあることを知っておられたからである。
၂၅ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။