< エレミヤ書 16 >

1 主の言葉はまたわたしに臨んだ、
တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
2 「あなたはこの所で妻をめとってはならない。またむすこ娘を持ってはならない。
သင်သည် ဤအရပ်၌ စုံဘက်ခြင်းကို မပြုရ။ သားသမီးကို မဘွားမမြင်ရ။
3 この所で生れるむすこ娘と、この地でこれを産む母たちと、これを生む父たちとについて主はこう言われる、
ဤအရပ်၌ ဘွားမြင်သော သားသမီးများကို၎င်း၊ သူတို့မိဘများကို၎င်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊
4 彼らは死の病にかかって死に、哀悼する者もなく、埋葬する者もなく、地のおもてに、糞土のようになる。またつるぎと、ききんに滅ぼされて、その死体は空の鳥と地の獣の食い物となる。
ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည်။
5 主はこう言われる、喪のある家に、はいってはならない。また行って、それを悲しみ嘆いてはならない。わたしがこの民からわたしの平安と、いつくしみと、あわれみとを取り去ったからであると、主は言われる。
ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ် သို့ မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်း ခြင်းငှါ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော် မူ၏။
6 大いなる者も小さき者も、この地に死ぬ。彼らは葬られず、また彼らのために悲しむ者もなく、自分の身を傷つける者もなく、髪をそる者もない。
ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ။ ကိုယ်ကို ကိုယ်ရှနခြင်း၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ။
7 悲しむ者のためにパンをさいて、死者のためにこれを慰める者はなく、また父あるいは母のために慰めの杯をこれに与えて飲ませる者もない。
သေသောသူတို့အတွက် စိတ်မသာ ညဉ်းတွား သော သူတို့ကို နှစ်သိမ့်စေခြင်းငှါ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သိမ့်စေသော ခွက်ဖလားကို မပေးရ။
8 またあなたは宴会をする家にはいって、人々と共にすわって食い飲みしてはならない。
ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့် ပေါင်းဘော်၍ မစားမသောက်နှင့်။
9 万軍の主、イスラエルの神はこう言われる、見よ、あなたの目の前で、あなたのなおこの世にいる間に、わたしは喜びの声と楽しみの声、花婿の声と花嫁の声とをこの所に絶やしてしまう。
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
10 あなたがこのすべての言葉をこの民に告げるとき、彼らがあなたに尋ねて、『主がわれわれにこの大きな災を宣告されるのはどうしてですか。われわれにどんな悪い所があるのですか。われわれの神、主にそむいて、われわれが犯した罪とはなんですか』と言うならば、
၁၀သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ် ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊
11 あなたは彼らに答えなければならない、『主は仰せられる、それはあなたがたの先祖がわたしを捨てて他の神々に従い、これに仕え、これを拝し、またわたしを捨て、わたしの律法を守らなかったからである。
၁၁သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြု ကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့် သောကြောင့်၎င်း၊
12 あなたがたは、あなたがたの先祖よりも、いっそう悪いことをした。見よ、あなたがたはおのおの自分の悪い強情な心に従い、わたしに聞き従うことはしない。
၁၂ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နား မထောင်၊ မိမိတို့ဆိုးသောစိတ်နှလုံး၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့်၎င်း၊
13 それゆえ、わたしはあなたがたをこの地より追い出し、あなたがたも、あなたがたの先祖も知らない地に行かせる。その所であなたがたは昼夜、ほかの神々に仕えるようになる。これはわたしがあなたがたにあわれみを示さないからである』と。
၁၃သင်တို့နှင့် သင်တို့၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည်။
14 主は言われる、それゆえ、見よ、こののち『イスラエルの民をエジプトの地から導き出した主は生きておられる』とは言わないで、
၁၄သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
15 『イスラエルの民を北の国と、そのすべて追いやられた国々から導き出した主は生きておられる』という日がくる。わたしが彼らを、その先祖に与えた彼らの地に導きかえすからである。
၁၅ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်။
16 主は言われる、見よ、わたしは多くの漁夫を呼んできて、彼らをすなどらせ、また、そののち多くの猟師を呼んできて、もろもろの山、もろもろの丘、および岩の裂け目から彼らをかり出させる。
၁၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
17 わたしの目は彼らのすべての道を見ているからである。みなわたしに隠れてはいない。またその悪はわたしの目に隠れることはない。
၁၇သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြ သည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍ မထားနိုင်။
18 わたしはその悪とその罪の報いを二倍にする。彼らがその忌むべき偶像の死体をもって、わたしの地を汚し、その憎むべきものをもって、わたしの嗣業を満たしたからである」。
၁၈သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံ သော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆ သော အပြစ်ဒဏ်ကို ငါပေးမည်။
19 主、わが力、わが城、悩みの時の、のがれ場よ、万国の民は地の果からあなたのもとにきて申します、「われわれの先祖が受け嗣いだのは、ただ偽りと、役に立たないつまらない事ばかりです。
၁၉အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှု ရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
20 人が自分で神々を造ることができましょうか。そういうものは神ではありません」。
၂၀လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော။
21 「それゆえ、見よ、わたしは彼らに知らせよう。すなわち、この際わたしの力と、わたしの勢いとを知らせよう。彼らはわたしの名が、主であることを知るようになる」。
၂၁သို့ဖြစ်၍၊ ငါသည်ယခုအခါ သူတို့ကိုသတိပေး၍၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဘော်ပြသောအားဖြင့်၊ ငါ့နာမ သည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။

< エレミヤ書 16 >