< 創世記 5 >
1 アダムの系図は次のとおりである。神が人を創造された時、神をかたどって造り、
၁အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-
2 彼らを男と女とに創造された。彼らが創造された時、神は彼らを祝福して、その名をアダムと名づけられた。
၂ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)
3 アダムは百三十歳になって、自分にかたどり、自分のかたちのような男の子を生み、その名をセツと名づけた。
၃အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။-
4 アダムがセツを生んで後、生きた年は八百年であって、ほかに男子と女子を生んだ。
၄ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။-
5 アダムの生きた年は合わせて九百三十歳であった。そして彼は死んだ。
၅သူသည်အသက်ကိုးရာသုံးဆယ်နှစ်ရှိသော် ကွယ်လွန်လေ၏။
၆ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။-
7 セツはエノスを生んだ後、八百七年生きて、男子と女子を生んだ。
၇ထိုနောက်သူသည်ရှစ်ရာခုနစ်နှစ်ဆက်၍ အသက်ရှည်ရှည်နေရပြီးလျှင် သားသမီး များထပ်၍ရသေး၏။-
8 セツの年は合わせて九百十二歳であった。そして彼は死んだ。
၈သူသည်အသက်ကိုးရာတစ်ဆယ့်နှစ်နှစ်ရှိ သော်ကွယ်လွန်လေ၏။
၉ဧနုတ်သည်အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရပြီးနောက်၊-
10 エノスはカイナンを生んだ後、八百十五年生きて、男子と女子を生んだ。
၁၀ရှစ်ရာတစ်ဆယ့်ငါးနှစ်ဆက်၍ အသက်ရှည်ရှည် နေရလေ၏။ သူသည်သားသမီးများထပ်၍ ရသေး၏။-
11 エノスの年は合わせて九百五歳であった。そして彼は死んだ。
၁၁အသက်ကိုးရာငါးနှစ်ရှိသော်ကွယ်လွန်လေ၏။
12 カイナンは七十歳になって、マハラレルを生んだ。
၁၂ကာဣနန်သည်အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရပြီးနောက်၊-
13 カイナンはマハラレルを生んだ後、八百四十年生きて、男子と女子を生んだ。
၁၃နှစ်ပေါင်းရှစ်ရာလေးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
14 カイナンの年は合わせて九百十歳であった。そして彼は死んだ。
၁၄အသက်ကိုးရာတစ်ဆယ်နှစ်ရှိသော်ကွယ်လွန် လေ၏။
15 マハラレルは六十五歳になって、ヤレドを生んだ。
၁၅မဟာလေလသည်အသက်ခြောက်ဆယ်နှစ်ရှိ သောအခါ သားယာရက်ကိုရပြီးနောက်၊-
16 マハラレルはヤレドを生んだ後、八百三十年生きて、男子と女子を生んだ。
၁၆နှစ်ပေါင်းရှစ်ရာသုံးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။-
17 マハラレルの年は合わせて八百九十五歳であった。そして彼は死んだ。
၁၇အသက်ရှစ်ရာကိုးဆယ့်ငါးနှစ်ရှိသော်ကွယ်လွန် လေ၏။
18 ヤレドは百六十二歳になって、エノクを生んだ。
၁၈ယာရက်သည်အသက်တစ်ရာ့ခြောက်ဆယ့်နှစ်နှစ် ရှိသောအခါသားဧနောက်ကိုရပြီးနောက်၊-
19 ヤレドはエノクを生んだ後、八百年生きて、男子と女子を生んだ。
၁၉နှစ်ရှစ်ရာဆက်၍အသက်ရှည်ရှည်နေရ၏။ သူ သည်သားသမီးများထပ်၍ရသေး၏။-
20 ヤレドの年は合わせて九百六十二歳であった。そして彼は死んだ。
၂၀အသက်ကိုးရာခြောက်ဆယ့်နှစ်နှစ်ရှိသော် ကွယ်လွန်လေ၏။
21 エノクは六十五歳になって、メトセラを生んだ。
၂၁ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။-
22 エノクはメトセラを生んだ後、三百年、神とともに歩み、男子と女子を生んだ。
၂၂ဧနောက်သည်ထာဝရဘုရားနှင့်မိတ်သဟာယ ဖွဲ့လျက် နှစ်ပေါင်းသုံးရာဆက်၍အသက်ရှည်၍ နေထိုင်စဉ်သားသမီးများထပ်၍ရသေး၏။-
၂၃သူသည်အသက်သုံးရာခြောက်ဆယ့်ငါးနှစ် အထိအသက်ရှည်၏။-
24 エノクは神とともに歩み、神が彼を取られたので、いなくなった。
၂၄သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။
25 メトセラは百八十七歳になって、レメクを生んだ。
၂၅မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊-
26 メトセラはレメクを生んだ後、七百八十二年生きて、男子と女子を生んだ。
၂၆ခုနစ်ရာရှစ်ဆယ်နှစ်ဆက်၍အသက်ရှည်၏။ သူသည်သားသမီးများထပ်၍ရသေး၏။-
27 メトセラの年は合わせて九百六十九歳であった。そして彼は死んだ。
၂၇အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
၂၈လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။-
29 「この子こそ、主が地をのろわれたため、骨折り働くわれわれを慰めるもの」と言って、その名をノアと名づけた。
၂၉``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။-
30 レメクはノアを生んだ後、五百九十五年生きて、男子と女子を生んだ。
၃၀သူသည်ငါးရာကိုးဆယ့်ငါးနှစ်ဆက်၍အသက် ရှည်၍နေထိုင်စဉ် သားသမီးများထပ်၍ရသေး ၏။-
31 レメクの年は合わせて七百七十七歳であった。そして彼は死んだ。
၃၁အသက်ခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်ရှိသော် ကွယ်လွန်လေသည်။
32 ノアは五百歳になって、セム、ハム、ヤペテを生んだ。
၃၂နောဧသည်အသက်ငါးရာပြည့်ပြီးနောက်ရှေမ၊ ဟာမနှင့်ယာဖက်နာမည်ရှိသားသုံးယောက်ကို ရလေ၏။