< 創世記 30 >
1 ラケルは自分がヤコブに子を産まないのを知った時、姉をねたんでヤコブに言った、「わたしに子どもをください。さもないと、わたしは死にます」。
၁ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
2 ヤコブはラケルに向かい怒って言った、「あなたの胎に子どもをやどらせないのは神です。わたしが神に代ることができようか」。
၂ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
3 ラケルは言った、「わたしのつかえめビルハがいます。彼女の所におはいりなさい。彼女が子を産んで、わたしのひざに置きます。そうすれば、わたしもまた彼女によって子を持つでしょう」。
၃ရာခေလက``ကျွန်မအတွက်ကလေးရစေရန် ကျွန်မ၏ကျွန်ဗိလဟာနှင့်အိပ်ပါလော့။ သူ့ အားဖြင့်ကလေးရလျှင်ကျွန်မသည်အမေ တစ်ယောက်ဖြစ်လာနိုင်ပါမည်'' ဟုဆိုလေ၏။-
4 ラケルはつかえめビルハを彼に与えて、妻とさせたので、ヤコブは彼女の所にはいった。
၄သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊-
၅ဗိလဟာသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက် ကိုဖွားမြင်လေသည်။-
6 そこでラケルは、「神はわたしの訴えに答え、またわたしの声を聞いて、わたしに子を賜わった」と言って、名をダンと名づけた。
၆ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
7 ラケルのつかえめビルハはまた、みごもって第二の子をヤコブに産んだ。
၇တစ်ဖန်ဗိလဟာသည်ယာကုပ်နှင့်ဒုတိယသား ကိုရလေသည်။-
8 そこでラケルは、「わたしは激しい争いで、姉と争って勝った」と言って、名をナフタリと名づけた。
၈ထိုအခါရာခေလက``ငါသည်ငါ၏အစ်မ နှင့်အပြင်းအထန်ဆိုင်ပြိုင်ခဲ့ရာအနိုင်ရလေ ပြီ'' ဟုဆိုလျက်ထိုသားကိုနဿလိဟူ၍ နာမည်မှည့်လေ၏။
9 さてレアは自分が子を産むことのやんだのを見たとき、つかえめジルパを取り、妻としてヤコブに与えた。
၉လေအာသည်လည်းမိမိ၌သားဖွားခြင်းရပ်ဆိုင်း သွားကြောင်းသိမြင်ရသောအခါ သူ၏ကျွန်မ ဇိလပကိုယာကုပ်အားမယားအဖြစ်ပေး အပ်လေသည်။-
၁၀သို့ဖြစ်၍ဇိလပသည်ယာကုပ်နှင့်သားတစ် ယောက်ကိုရလေ၏။-
11 そこでレアは、「幸運がきた」と言って、名をガドと名づけた。
၁၁ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။-
12 レアのつかえめジルパは第二の子をヤコブに産んだ。
၁၂တစ်ဖန်ဇိလပသည်ယာကုပ်နှင့်သား တစ်ယောက်ရပြန်သော်၊-
13 そこでレアは、「わたしは、しあわせです。娘たちはわたしをしあわせな者と言うでしょう」と言って、名をアセルと名づけた。
၁၃လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။
14 さてルベンは麦刈りの日に野に出て、野で恋なすびを見つけ、それを母レアのもとに持ってきた。ラケルはレアに言った、「あなたの子の恋なすびをどうぞわたしにください」。
၁၄ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။
15 レアはラケルに言った、「あなたがわたしの夫を取ったのは小さな事でしょうか。その上、あなたはまたわたしの子の恋なすびをも取ろうとするのですか」。ラケルは言った、「それではあなたの子の恋なすびに換えて、今夜彼をあなたと共に寝させましょう」。
၁၅လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။
16 夕方になって、ヤコブが野から帰ってきたので、レアは彼を出迎えて言った、「わたしの子の恋なすびをもって、わたしがあなたを雇ったのですから、あなたはわたしの所に、はいらなければなりません」。ヤコブはその夜レアと共に寝た。
၁၆ညနေခင်း၌ယာကုပ်လယ်ထဲမှပြန်လာသော အခါ လေအာသည်ဆီးကြို၍``ကျွန်မ၏သားရ ခဲ့သောအနုဆေးသီးကိုရာခေလအားပေး သဖြင့် ရှင်ကျွန်မနှင့်အတူယနေ့ညအိပ်ရမည်'' ဟုပြောရာထိုည၌ယာကုပ်သည်လေအာနှင့် အိပ်လေ၏။
17 神はレアの願いを聞かれたので、彼女はみごもって五番目の子をヤコブに産んだ。
၁၇ဘုရားသခင်သည်လေအာ၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင် ၍ပဉ္စမသားကိုဖွားမြင်လေသည်။-
18 そこでレアは、「わたしがつかえめを夫に与えたから、神がわたしにその価を賜わったのです」と言って、名をイッサカルと名づけた。
၁၈ထိုအခါလေအာက``ငါသည်ငါ၏ကျွန်မ ကိုလင်ယောကျာ်းအားပေးအပ်သောကြောင့် ဘုရားသခင်ကငါ့အားဆုချတော်မူပြီ'' ဟုဆိုလျက် ထိုသားကိုဣသခါဟူ၍နာမည်မှည့်လေသည်။-
19 レアはまた、みごもって六番目の子をヤコブに産んだ。
၁၉တစ်ဖန်လေအာသည်ကိုယ်ဝန်ဆောင်၍ဆဋ္ဌမ သားကိုဖွားမြင်သည်။-
20 そこでレアは、「神はわたしに良い賜物をたまわった。わたしは六人の子を夫に産んだから、今こそ彼はわたしと一緒に住むでしょう」と言って、その名をゼブルンと名づけた。
၂၀ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။-
21 その後、彼女はひとりの娘を産んで、名をデナと名づけた。
၂၁ထိုနောက်သူသည်သမီးတစ်ယောက်ကိုဖွားမြင် သဖြင့်ဒိနဟူ၍နာမည်မှည့်လေသည်။
22 次に神はラケルを心にとめられ、彼女の願いを聞き、その胎を開かれたので、
၂၂ဘုရားသခင်သည်ရာခေလကိုသတိရ၍ သူ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့် သားသမီးဖွားခွင့်ကိုပေးတော်မူ၏။-
23 彼女は、みごもって男の子を産み、「神はわたしの恥をすすいでくださった」と言って、
၂၃သူသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက်ကိုဖွား မြင်လေ၏။ ထိုအခါသူက``ဘုရားသခင်သည် ငါ့အားသားကိုပေးသနားတော်မူခြင်းဖြင့် ငါကဲ့ရဲ့ခံရခြင်းကိုဖယ်ရှားတော်မူပြီ။-
24 名をヨセフと名づけ、「主がわたしに、なおひとりの子を加えられるように」と言った。
၂၄ထာဝရဘုရားသည်ငါ့အားသားကိုထပ် ၍ပေးတော်မူပါစေသော'' ဟုဆိုလျက်ထို သားကိုယောသပ်ဟူ၍နာမည်မှည့်လေသည်။
25 ラケルがヨセフを産んだ時、ヤコブはラバンに言った、「わたしを去らせて、わたしの故郷、わたしの国へ行かせてください。
၂၅ယောသပ်ကိုဖွားမြင်ပြီးနောက်ယာကုပ်က လာဗန်အား``ကျွန်ုပ်ကိုနေရင်းပြည်သို့ပြန် ခွင့်ပေးပါ။-
26 あなたに仕えて得たわたしの妻子を、わたしに与えて行かせてください。わたしがあなたのために働いた骨折りは、あなたがごぞんじです」。
၂၆ကျွန်ုပ်သည်ဦးရီးထံ၌အလုပ်လုပ်၍ရသော မယားများနှင့်တကွ သားသမီးတို့ကိုခေါ် ဆောင်လျက်ထွက်ခွာသွားပါရစေ။ ကျွန်ုပ်သည် ဦးရီးအတွက်မည်မျှကြိုးစားလုပ်ကိုင်ပေး ခဲ့ကြောင်းဦးရီးသိပါ၏'' ဟုပြောလေ၏။
27 ラバンは彼に言った、「もし、あなたの心にかなうなら、とどまってください。わたしは主があなたのゆえに、わたしを恵まれるしるしを見ました」。
၂၇ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။-
28 また言った、「あなたの報酬を申し出てください。わたしはそれを払います」。
၂၈သင်အလိုရှိသောအခကိုပြောပါ။ ထိုအခ ကိုငါပေးမည်'' ဟုဆိုလေ၏။
29 ヤコブは彼に言った、「わたしがどのようにあなたに仕えたか、またどのようにあなたの家畜を飼ったかは、あなたがごぞんじです。
၂၉ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။-
30 わたしが来る前には、あなたの持っておられたものはわずかでしたが、ふえて多くなりました。主はわたしの行く所どこでも、あなたを恵まれました。しかし、いつになったらわたしも自分の家を成すようになるでしょうか」。
၃၀ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
31 彼は言った、「何をあなたにあげようか」。ヤコブは言った、「なにもわたしにくださるに及びません。もしあなたが、わたしのためにこの一つの事をしてくださるなら、わたしは今一度あなたの群れを飼い、守りましょう。
၃၁ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။ ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။-
32 わたしはきょう、あなたの群れをみな回ってみて、その中からすべてぶちとまだらの羊、およびすべて黒い小羊と、やぎの中のまだらのものと、ぶちのものとを移しますが、これをわたしの報酬としましょう。
၃၂ယနေ့ကျွန်ုပ်သည်တိရစ္ဆာန်အုပ်တို့ကိုလှည့်လည် ၍ကြည့်ရှုပါမည်။ ၎င်းတို့အထဲတွင်တွေ့ရှိရ သောသိုးအနက်နှင့်အပြောက်အကျားဆိတ် များကိုကျွန်ုပ်ယူပါမည်။ ထိုတိရစ္ဆာန်တို့သည် ကျွန်ုပ်အတွက်အခဖြစ်ပါစေ။-
33 あとで、あなたがきて、あなたの前でわたしの報酬をしらべる時、わたしの正しい事が証明されるでしょう。もしも、やぎの中にぶちのないもの、まだらでないものがあったり、小羊の中に黒くないものがあれば、それはみなわたしが盗んだものとなるでしょう」。
၃၃နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။
34 ラバンは言った、「よろしい。あなたの言われるとおりにしましょう」。
၃၄လာဗန်က``သဘောတူပါသည်။ သင်၏အကြံ ပေးချက်အတိုင်းလိုက်နာကြစို့'' ဟုပြောလေ၏။-
35 そこでラバンはその日、雄やぎのしまのあるもの、まだらのもの、すべて雌やぎのぶちのもの、まだらのもの、すべて白みをおびているもの、またすべて小羊の中の黒いものを移して子らの手にわたし、
၃၅ထိုနေ့၌ပင်လာဗန်သည်အပြောက်အကျား ဆိတ်ထီး၊ အကွက်အပြောက်သို့မဟုတ်အဖြူ ပြောက်ပါရှိသောဆိတ်မရှိသမျှတို့ကိုလည်း ကောင်း၊ သိုးအနက်အားလုံးတို့ကိုလည်းကောင်း ရွေးထုတ်ပြီးလျှင်မိမိ၏သားတို့လက်သို့ ပေးအပ်လေ၏။-
36 ヤコブとの間に三日路の隔たりを設けた。ヤコブはラバンの残りの群れを飼った。
၃၆ထိုနောက်ထိုသိုးဆိတ်များကို ယာကုပ်နှင့်သုံး ရက်ခရီးအကွာအရပ်သို့ပို့ဆောင်ထားစေ၏။ ယာကုပ်ကမူလာဗန်၌ကျန်ရှိသောအခြား သိုးဆိတ်တို့ကိုထိန်းကျောင်းလျက်နေလေသည်။
37 ヤコブは、はこやなぎと、あめんどうと、すずかけの木のなまの枝を取り、皮をはいでそれに白い筋をつくり、枝の白い所を表わし、
၃၇ယာကုပ်သည်ထင်းရှူးပင်၊ ဗာဒံပင်၊ ပိုးဇာပင် တို့၏သစ်စိမ်းကိုင်းများကိုယူ၍ အဖြူတန်း များပေါ်အောင်အခွံကိုခွာပစ်ပြီးနောက်၊-
38 皮をはいだ枝を、群れがきて水を飲む鉢、すなわち水ぶねの中に、群れに向かわせて置いた。群れは水を飲みにきた時に、はらんだ。
၃၈သိုးဆိတ်များ၏ရေသောက်ခွက်များရှေ့တွင် ထိုသစ်ကိုင်းများကိုချထားလေသည်။ တိရစ္ဆာန် တို့သည်ရေသောက်လာသောအခါ မိတ်လိုက် တတ်သောကြောင့်ထိုသို့ချထားခြင်းဖြစ်သည်။-
39 すなわち群れは枝の前で、はらんで、しまのあるもの、ぶちのもの、まだらのものを産んだ。
၃၉သိုးဆိတ်တို့သည်သစ်ကိုင်းများရှေ့တွင်မိတ် လိုက်ကြသဖြင့် အကွက်အပြောက်အကျား သားကောင်များပေါက်ပွားလာကြသည်။
40 ヤコブはその小羊を別においた。彼はまた群れの顔をラバンの群れのしまのあるものと、すべて黒いものとに向かわせた。そして自分の群れを別にまとめておいて、ラバンの群れには、入れなかった。
၄၀ယာကုပ်သည်သိုးအုပ်နှင့်ဆိတ်အုပ်တို့ကိုခွဲ ခြားထားပြီးလျှင် လာဗန်၏တိရစ္ဆာန်အုပ်ထဲမှ အပြောက်အကျားနှင့်မည်းနက်သောအကောင် တို့ကိုမျက်နှာမူစေသည်။ ထိုနည်းအားဖြင့် သူပိုင်သောသိုးဆိတ်များပွားများလာ၍ လာဗန်၏သိုးဆိတ်အုပ်နှင့်သီးခြားထား ရှိလေသည်။
41 また群れの強いものが発情した時には、ヤコブは水ぶねの中に、その群れの目の前に、かの枝を置いて、枝の間で、はらませた。
၄၁ယာကုပ်သည်သန်စွမ်းသောတိရစ္ဆာန်များမိတ် လိုက်ကြသည့်အခါ သစ်ကိုင်းများကိုမြင်၍ မိတ်လိုက်စေရန်ရေသောက်ခွက်များ၌သစ် ကိုင်းများကိုချထားလေ့ရှိ၏။-
42 けれども群れの弱いものの時には、それを置かなかった。こうして弱いものはラバンのものとなり、強いものはヤコブのものとなったので、
၄၂ချည့်နဲ့သောတိရစ္ဆာန်များရှေ့၌မူသစ်ကိုင်း များကိုမချထားချေ။ မကြာမီလာဗန် ပိုင်သောသိုးဆိတ်များသည်အားအင်ချည့်နဲ့ ၍ယာကုပ်ပိုင်သောသိုးဆိတ်များသည်သန် စွမ်းကြ၏။-
43 この人は大いに富み、多くの群れと、男女の奴隷、およびらくだ、ろばを持つようになった。
၄၃ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။