< サムエル記Ⅱ 20 >

1 さて、その所にひとりのよこしまな人があって、名をシバといった。ビクリの子で、ベニヤミンびとであった。彼はラッパを吹いて言った、「われわれはダビデのうちに分がない。またエッサイの子のうちに嗣業を持たない。イスラエルよ、おのおのその天幕に帰りなさい」。
ထိုအခါ ဗင်္ယာမိန်အမျိုးဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလအမျိုး၊ ငါတို့သည် ဒါဝိဒ်၌ တဘို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
2 そこでイスラエルの人々は皆ダビデに従う事をやめて、ビクリの子シバに従った。しかしユダの人々はその王につき従って、ヨルダンからエルサレムへ行った。
ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှ ထွက်၍ဗိခရိသား ရှေဘနောက်သို့ လိုက်ကြ ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
3 ダビデはエルサレムの自分の家にきた。そして王は家を守るために残しておいた十人のめかけたちを取って、一つの家に入れて守り、また養ったが、彼女たちの所には、はいらなかった。彼女たちは死ぬ日まで閉じこめられ一生、寡婦としてすごした。
ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကို စောင့်စေခြင်းငှါ ထားခဲ့ သော ကိုယ်လုပ်တော်တကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဘော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုတ်ဆိုးမ ကဲ့သို့ နေရကြ၏။
4 王はアマサに言った、「わたしのため三日のうちにユダの人々を呼び集めて、ここにきなさい」。
ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင် လာရမည်ဟု အာမသအား မိန့်တော်မူ၏။
5 アマサはユダを呼び集めるために行ったが、彼は定められた時よりもおくれた。
အာမသသည်သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
6 ダビデはアビシャイに言った、「ビクリの子シバは今われわれにアブサロムよりも多くの害をするであろう。あなたの主君の家来たちを率いて、彼のあとを追いなさい。さもないと彼は堅固な町々を獲て、われわれを悩ますであろう」。
ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည်သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ ကျွန်တို့ကိုခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့တစုံတမြို့ထဲသို့ ဝင်၍ ငါတို့ လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
7 こうしてヨアブとケレテびととペレテびと、およびすべての勇士はアビシャイに従って出た。すなわち彼らはエルサレムを出て、ビクリの子シバのあとを追った。
အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့်ခေရသိ လူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်း တို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှါ ယေရုရှလင် မြို့မှထွက်သွားကြ၏။
8 彼らがギベオンにある大石のところにいた時、アマサがきて彼らに会った。時にヨアブは軍服を着て、帯をしめ、その上にさやに納めたつるぎを腰に結んで帯びていたが、彼が進み出た時つるぎは抜け落ちた。
ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည်သူတို့ ရှေ့သို့ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သော အဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ထားကိုအိမ်နှင့်တကွ ဆွဲလျက် ထား၏။ သွားစဉ်တွင်ထားသည် လျှော၍ကျ၏။
9 ヨアブはアマサに、「兄弟よ、あなたは安らかですか」と言って、ヨアブは右の手をもってアマサのひげを捕えて彼に口づけしようとしたが、
ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကို မေး၍ နမ်းဟန်ဆောင်လျက် လက်ျာလက်နှင့် အာမသ ၏မုတ်ဆိတ်ကို ကိုင်၏။
10 アマサはヨアブの手につるぎがあることに気づかなかったので、ヨアブはそれをもってアマサの腹部を刺して、そのはらわたを地に流し出し、重ねて撃つこともなく彼を殺した。こうしてヨアブとその兄弟アビシャイはビクリの子シバのあとを追った。
၁၀လက်ဝဲလက်၌ကိုင်သောထားကို အာမသသည်သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာ ချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသား ရှေဘကို လိုက် ကြ၏။
11 時にヨアブの若者のひとりがアマサのかたわらに立って言った、「ヨアブに味方する者、ダビデにつく者はヨアブのあとに従いなさい」。
၁၁သူအနားမှာ ယွာဘ၏ လူတယောက်သည် ရပ်၍ ယွာဘနှင့် ဒါဝိဒ်ဘက်၌နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
12 アマサは血に染んで大路の中にころがっていたので、そのそばに来る者はみな彼を見て立ちどまった。この人は民がみな立ちどまるのを見て、アマサを大路から畑に移し、衣服をその上にかけた。
၁၂အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူအပေါင်းတို့ သည် ရပ်၍ နေကြသည်ကို ယွာဘ၏ လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
13 アマサが大路から移されたので、民は皆ヨアブに従って進み、ビクリの子シバのあとを追った。
၁၃ထိုသို့လမ်းမကရွေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာလနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
14 シバはイスラエルのすべての部族のうちを通ってベテマアカのアベルにきた。ビクリびとは皆、集まってきて彼に従った。
၁၄ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့ တိုင်အောင် ဣသရေလတိုင်းခရိုင်ရှိသမျှကို ရှောက်သွား ၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘ နောက်သို့ လိုက်ကြ၏။
15 そこでヨアブと共にいたすべての人々がきて、彼をベテマアカのアベルに囲み、町に向かって土塁を築いた。それはとりでに向かって立てられた。こうして彼らは城壁をくずそうとしてこれを撃った。
၁၅ရှေဘတည်းခိုသောဗက်မာခပြည်၊ အာဗေလမြို့ ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတဘက်တချက်၌ မြေရိုးကို ဖို့ကြ၏။ ယွာဘနှင့်သူ၏ လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှါ ထိုးဖေါက်ကြ၏။
16 その時、ひとりの賢い女が町から呼ばわった、「あなたがたは聞きなさい。あなたがたは聞きなさい。ヨアブに、『ここにきてください。わたしはあなたに言うことがあります』と言ってください」。
၁၆ထိုအခါပညာရှိသော မိန်းမတယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
17 彼がその女に近寄ると、女は「あなたがヨアブですか」と言った。彼は「そうです」と答えた。すると女は彼に「はしための言葉をお聞きください」と言ったので、「聞きましょう」と彼は言った。
၁၇ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည်ယွာဘဟုတ်သလောဟုမေးလျှင်၊ ငါဟုတ်သည် ဟုဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနား ထောင်လျက် နေသည်ဟု ဆိုသော်၊
18 そこで女は言った、「昔、人々はいつも、『アベルで尋ねなさい』と言って、事を定めました。
၁၈မိန်းမက၊ အကယ်စငင်စစ် အာဗေလမြို့မှာ တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
19 わたしはイスラエルのうちの平和な、忠誠な者です。そうであるのに、あなたはイスラエルのうちで母ともいうべき町を滅ぼそうとしておられます。どうして主の嗣業を、のみ尽そうとされるのですか」。
၁၉ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူဖြစ်ပါ၏။ကိုယ်တော်သည် မြို့တမြို့ တည်းဟူသော ဣသရေလအမျိုးတွင် အမိတယောက်ကို ဖျက်ဆီးခြင်းငှါ ရှာတော်မူ၏။ ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်းဟု လျှောက်လျှင်၊
20 ヨアブは答えた、「いいえ、決してそうではなく、わたしが、のみ尽したり、滅ぼしたりすることはありません。
၂၀ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ဝေးပါစေသော။
21 事実はそうではなく、エフライムの山地の人ビクリの子、名をシバという者が手をあげて王ダビデにそむいたのです。あなたがたが彼ひとりを渡すならば、わたしはこの町を去ります」。女はヨアブに言った、「彼の首は城壁の上からあなたの所へ投げられるでしょう」。
၂၁ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင် ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့ မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ ဦးခေါင်းကိုကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
22 こうしてこの女が知恵をもって、すべての民の所に行ったので、彼らはビクリの子シバの首をはねてヨアブの所へ投げ出した。そこでヨアブはラッパを吹きならしたので、人々は散って町を去り、おのおの家に帰った。ヨアブはエルサレムにいる王のもとに帰った。
၂၂ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့ သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကို ဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
23 ヨアブはイスラエルの全軍の長であった。エホヤダの子ベナヤはケレテびと、およびペレテびとの長、
၂၃ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
24 アドラムは徴募人の長、アヒルデの子ヨシャパテは史官、
၂၄အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိ လုပ်သားယော ရှဖတ်သည် အတွင်းဝန်ဖြစ်၏။
25 シワは書記官、ザドクとアビヤタルとは祭司。
၂၅ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
26 またヤイルびとイラはダビデの祭司であった。
၂၆ယဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။

< サムエル記Ⅱ 20 >