< サムエル記Ⅱ 2 >
1 この後、ダビデは主に問うて言った、「わたしはユダの一つの町に上るべきでしょうか」。主は彼に言われた、「上りなさい」。ダビデは言った、「どこへ上るべきでしょうか」。主は言われた、「ヘブロンへ」。
၁ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
2 そこでダビデはその所へ上った。彼のふたりの妻、エズレルの女アヒノアムと、カルメルびとナバルの妻であったアビガイルも上った。
၂ဒါဝိဒ်သည်မိမိဇနီးနှစ်ယောက်ဖြစ်ကြသော ယေဇရေလမြို့သူ အဟိနောင်နှင့်ကရမေလ မြို့မှနာဗလ၏မုဆိုးမအဘိဂဲလကို ခေါ်၍ဟေဗြုန်မြို့သို့သွားလေသည်။-
3 ダビデはまた自分と共にいた人々を、皆その家族と共に連れて上った。そして彼らはヘブロンの町々に住んだ。
၃သူသည်မိမိ၏အပေါင်းပါတို့နှင့်အိမ်ထောင် စုများကိုခေါ်ဆောင်ကာ ဟေဗြုန်မြို့ပတ်ဝန်း ကျင်ရှိမြို့ရွာတို့တွင်နေထိုင်စေ၏။-
4 時にユダの人々がきて、その所でダビデに油を注ぎ、ユダの家の王とした。人々がダビデに告げて、「サウルを葬ったのはヤベシ・ギレアデの人々である」と言ったので、
၄ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
5 ダビデは使者をヤベシ・ギレアデの人々につかわして彼らに言った、「あなたがたは、主君サウルにこの忠誠をあらわして彼を葬った。どうぞ主があなたがたを祝福されるように。
၅ထိုသူတို့ထံသို့လူအချို့ကိုစေလွှတ်၍``သင် တို့သည်ရှောလု၏အလောင်းကိုသင်္ဂြိုဟ်ကြ ခြင်းအားဖြင့် မိမိတို့၏ဘုရင်အားသစ္စာ စောင့်ပုံကိုဖော်ပြကြပေသည်။ သို့ဖြစ်၍ ထာဝရဘုရားသည်သင်တို့အားကောင်း ချီးပေးတော်မူပါစေသော။-
6 どうぞ主がいまあなたがたに、いつくしみと真実を示されるように。あなたがたが、この事をしたので、わたしもまたあなたがたに好意を示すであろう。
၆ထာဝရဘုရားသည်သင်တို့အားသစ္စာ ကရုဏာထားတော်မူပါစေသော။ သင်တို့ ပြုခဲ့သည့်အမှုအတွက်ငါသည်လည်းသင် တို့အားကျေးဇူးပြုမည်။-
7 今あなたがたは手を強くし、雄々しくあれ。あなたがたの主君サウルは死に、ユダの家がわたしに油を注いで、彼らの王としたからである」。
၇သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။
8 さてサウルの軍の長、ネルの子アブネルは、さきにサウルの子イシボセテを取り、マハナイムに連れて渡り、
၈ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
9 彼をギレアデ、アシュルびと、エズレル、エフライム、ベニヤミンおよび全イスラエルの王とした。
၉သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
10 サウルの子イシボセテはイスラエルの王となった時、四十歳であって、二年の間、世を治めたが、ユダの家はダビデに従った。
၁၀ဣရှဗောရှက်သည်ဣသရေလဘုရင်ဖြစ်လာ သောအခါ အသက်လေးဆယ်ရှိ၍နှစ်နှစ်မျှ နန်းစံရ၏။ သို့ရာတွင်ယုဒအနွယ်ဝင်တို့မူကားဒါဝိဒ် အားကျေးဇူးသစ္စာစောင့်ကြ၏။-
11 ダビデがヘブロンにいてユダの家の王であった日数は七年と六か月であった。
၁၁ဒါဝိဒ်သည်သူတို့အားဟေဗြုန်မြို့တွင်ခုနစ် နှစ်ခွဲတိုင်အုပ်စိုးတော်မူ၏။
12 ネルの子アブネル、およびサウルの子イシボセテの家来たちはマハナイムを出てギベオンへ行った。
၁၂အာဗနာသည်ဣရှဗောရှက်၏စစ်သူရဲများ နှင့်အတူမဟာနိမ်မြို့မှဂိဗောင်မြို့သို့သွား ၏။-
13 ゼルヤの子ヨアブとダビデの家来たちも出ていって、ギベオンの池のそばで彼らと出会い、一方は池のこちら側に、一方は池のあちら側にすわった。
၁၃ဇေရုယာ၏သားယွာဘနှင့်ဒါဝိဒ်၏စစ်သူရဲ တို့သည်လည်း ဂိဗောင်ကန်အနီးသို့လာရောက်၍ သူတို့နှင့်တွေ့ဆုံကြ၏။ သူတို့လူနှစ်စုသည် ကန်တစ်ဘက်တစ်ချက်စီ၌နေရာယူကြ၏။-
14 アブネルはヨアブに言った、「さあ、若者たちを立たせて、われわれの前で勝負をさせよう」。ヨアブは言った、「彼らを立たせよう」。
၁၄အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။
15 こうしてサウルの子イシボセテとベニヤミンびととのために十二人、およびダビデの家来たち十二人を数えて出した。彼らは立って進み、
၁၅သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။-
16 おのおの相手の頭を捕え、つるぎを相手のわき腹に刺し、こうして彼らは共に倒れた。それゆえ、その所はヘルカテ・ハヅリムと呼ばれた。それはギベオンにある。
၁၆လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဋ္ဌားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဋ္ဌားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။
17 その日、戦いはひじょうに激しく、アブネルとイスラエルの人々はダビデの家来たちの前に敗れた。
၁၇ထိုနောက်ပြင်းထန်သောစစ်ပွဲဖြစ်ပွား၍အာဗနာ နှင့်ဣသရေလပြည်သူတို့သည် ဒါဝိဒ်၏လူတို့ လက်တွင်အရေးရှုံးနိမ့်ကြလေသည်။-
18 その所にゼルヤの三人の子、ヨアブ、アビシャイ、およびアサヘルがいたが、アサヘルは足の早いこと、野のかもしかのようであった。
၁၈ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-
19 アサヘルはアブネルのあとを追っていったが、行くのに右にも左にも曲ることなく、アブネルのあとに走った。
၁၉
20 アブネルは後をふりむいて言った、「あなたはアサヘルであったか」。アサヘルは答えた、「わたしです」。
၂၀အာဗနာသည်နောက်သို့လည့်၍ကြည့်ပြီး လျှင်``သင်သည်အာသဟေလလော'' ဟုမေး၏။ အာသဟေလက``ငါဟုတ်သည်'' ဟုပြန်ပြော သောအခါ၊
21 アブネルは彼に言った、「右か左に曲って、若者のひとりを捕え、そのよろいを奪いなさい」。しかしアサヘルはアブネルを追うことをやめず、ほかに向かおうともしなかった。
၂၁အာဗနာက``ငါ့ကိုလိုက်မနေနှင့်တော့။ အခြား စစ်သည်တစ်ယောက်ယောက်ကိုလိုက်၍ဖမ်းပြီးမှ သူ့ထံမှရသည့်ပစ္စည်းကိုယူလော့'' ဟုဆို၏။ သို့ ရာတွင်အာသဟေလသည်လိုက်မြဲလိုက်၍ နေ၏။-
22 アブネルはふたたびアサヘルに言った、「わたしを追うことをやめて、ほかに向かいなさい。あなたを地に撃ち倒すことなど、どうしてわたしにできようか。それをすれば、わたしは、どうしてあなたの兄ヨアブに顔を合わせることができようか」。
၂၂အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။-
23 それでもなお彼は、ほかに向かうことを拒んだので、アブネルは、やりの石突きで彼の腹を突いたので、やりはその背中に出た。彼はそこに倒れて、その場で死んだ。そしてアサヘルが倒れて死んでいる場所に来る者は皆立ちとどまった。
၂၃သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။
24 しかしヨアブとアビシャイとは、なおアブネルのあとを追ったが、彼らがギベオンの荒野の道のほとり、ギアの前にあるアンマの山にきた時、日は暮れた。
၂၄သို့ရာတွင်ယွာဘနှင့်အဘိရှဲတို့မူကား အာဗနာ ကိုလိုက်လံတိုက်ခိုက်ရန်ထွက်ခွာသွားကြ၏။ သူ တို့သည်နေဝင်ချိန်၌ဂိဗောင်တောကန္တာရသို့ သွားရာလမ်းအနီး၊ ဂိအာမြို့၏အရှေ့ဘက် တွင်ရှိသောအမ္မတောင်ကုန်းသို့ရောက်ကြ၏။-
25 ベニヤミンの人々はアブネルのあとについてきて、集まり、一隊となって、一つの山の頂に立った。
၂၅ဗင်္ယာမိန်အနွယ်ဝင်တို့သည်အာဗနာ၏ထံတွင် ပြန်လည်စုရုံးကြပြီးလျှင် တောင်ကုန်းထိပ်တွင် တပ်စွဲနေကြ၏။-
26 その時アブネルはヨアブに呼ばわって言った、「いつまでもつるぎをもって滅ぼそうとするのか。あなたはその結果の悲惨なのを知らないのか。いつまで民にその兄弟を追うことをやめよと命じないのか」。
၂၆အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
27 ヨアブは言った、「神は生きておられる。もしあなたが言いださなかったならば、民はおのおのその兄弟を追わずに、朝のうちに去っていたであろう」。
၂၇ယွာဘက``အကယ်၍သင်ဤကဲ့သို့မပြောခဲ့ လျှင် ငါ၏လူတို့သည်သင်တို့အားနက်ဖြန်နံ နက်တိုင်အောင် လိုက်လံကြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကို တိုင်တည်၍ငါကျိန်ဆိုပါ၏'' ဟုပြန်ပြော လေ၏။-
28 こうしてヨアブは角笛を吹いたので、民はみな立ちとどまって、もはやイスラエルのあとを追わず、また重ねて戦わなかった。
၂၈ထိုနောက်ယွာဘသည်တံပိုးခရာကိုမှုတ် လိုက်ရာသူ၏လူတို့သည် ဣသရေလအမျိုး သားတို့အားလိုက်လံမှုကိုမပြုကြတော့ ချေ။ သို့ဖြစ်၍တိုက်ခိုက်မှုလည်းရပ်စဲသွား လေသည်။
29 アブネルとその従者たちは、夜もすがら、アラバを通って行き、ヨルダンを渡り、昼まで行進を続けてマハナイムに着いた。
၂၉အာဗနာနှင့်သူ၏လူတို့သည်တစ်ညလုံး ယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍သွားကြ၏။ သူတို့ သည်ယော်ဒန်မြစ်ကိုကူး၍ နောက်တစ်နေ့တစ် မနက်လုံးခရီးပြုကြပြီးနောက်မဟာနိမ် မြို့သို့ရောက်ကြ၏။
30 ヨアブはアブネルを追うことをやめて帰り、民をみな集めたが、ダビデの家来たち十九人とアサヘルとが見当らなかった。
၃၀ယွာဘသည်အာဗနာကိုလိုက်လံမှုရပ်စဲစေ ပြီးနောက် မိမိ၏လူအပေါင်းကိုစုရုံးစေ၏။ ထို အခါအာသဟေလအပြင်လူတစ်ဆယ့်ကိုး ယောက်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရလေ သည်။-
31 しかし、ダビデの家来たちは、アブネルの従者であるベニヤミンの人々三百六十人を撃ち殺した。
၃၁ဒါဝိဒ်၏လူတို့သည်ဗင်္ယာမိန်အနွယ်ဝင် အာဗနာ၏လူပေါင်းသုံးရာခြောက်ဆယ် ကိုသတ်ဖြတ်ခဲ့ကြသတည်း။-
32 人々はアサヘルを取り上げてベツレヘムにあるその父の墓に葬った。ヨアブとその従者たちは、夜もすがら行って、夜明けにヘブロンに着いた。
၃၂ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။