< 歴代誌Ⅱ 33 >
1 マナセは十二歳で王となり、五十五年の間エルサレムで世を治めた。
၁မနာရှေသည်ယုဒဘုရင်အဖြစ်နန်းတက် ချိန်၌အသက်တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည် ယေရုရှလင်မြို့တွင်ငါးဆယ့်ငါးနှစ်နန်းစံ ရလေသည်။-
2 彼は主がイスラエルの人々の前から追い払われた国々の民の憎むべき行いに見ならって、主の目の前に悪を行った。
၂မနာရှေသည်ကိုယ်တော်၏လူမျိုးတော်ချီတက် စဉ်က ထာဝရဘုရားနှင်ထုတ်တော်မူသောလူ မျိုးတို့၏အကျင့်ဋ္ဌလေ့များကိုယူ၍ကိုယ် တော်အားပြစ်မှား၏။-
3 すなわち、その父ヒゼキヤがこわした高き所を再び築き、またもろもろのバアルのために祭壇を設け、アシラ像を造り、天の万象を拝んで、これに仕え、
၃မိမိ၏ခမည်းတော်ဟေဇကိဖျက်သိမ်းခဲ့သည့် ရုပ်တုကိုးကွယ်ရာဌာနများကိုပြန်လည်တည် ဆောက်လေသည်။ ဗာလဘုရားအားပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၍ ဣသရေလ ဘုရင်အာဟပ်နည်းတူအာရှရဘုရားမ၏ တံခွန်တိုင်များစိုက်ထူ၍ကြယ်နက္ခတ်များ ကိုဝတ်ပြုရှိခိုး၏။-
4 また主が「わが名は永遠にエルサレムにある」と言われた主の宮のうちに数個の祭壇を築き、
၄ကိုယ်တော်အားထာဝစဉ်ဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဟု ထာဝရဘုရားမိန့်တော်မူရာ ဗိမာန်တော်တွင်ရုပ်တုများကိုပူဇော်ရန် ယဇ်ပလ္လင်များကိုတည်ဆောက်၏။-
5 主の宮の二つの庭に天の万象のために祭壇を築いた。
၅ဗိမာန်တော်တံတိုင်းနှစ်ထပ်တွင်ကြယ်နက္ခတ် များကိုပူဇော်ရန်ယဇ်ပလ္လင်များကိုဆောက် လုပ်၏။-
6 彼はまたベンヒンノムの谷でその子供を火に焼いて供え物とし、占いをし、魔法をつかい、まじないを行い、口寄せと、占い師を任用するなど、主の前に多くの悪を行って、その怒りをひき起した。
၆မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
7 彼はまた刻んだ偶像を造って神の宮に安置した。神はこの宮についてダビデとその子ソロモンに言われたことがある、「わたしはこの宮と、わたしがイスラエルのすべての部族のうちから選んだエルサレムとに、わたしの名を永遠に置く。
၇သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။-
8 彼らがもし、わたしがすべて命じた事、すなわち、モーセが伝えたすべての律法と定めとおきてとを慎んで行うならば、わたしがあなたがたの先祖のために定めた地から、重ねてイスラエルの足を移すことをしない」と。
၈ဣသရေလအမျိုးသားတို့သည်ငါ၏ အမိန့်တော်ရှိသမျှကိုလိုက်နာ၍ မောရှေ ပေးအပ်သည့်ပညတ်ရှိသမျှကိုစောင့်ထိန်း ကြလျှင် ငါသည်သူတို့ကိုဘိုးဘေးတို့ အားငါပေးအပ်ခဲ့သည့်ပြည်တော်မှနှင် ထုတ်တော်မူမည်မဟုတ်'' ဟုမိန့်တော် မူခဲ့၏။-
9 マナセはこのようにユダとエルサレムの住民を迷わせ、主がイスラエルの人々の前に滅ぼされた国々の民にもまさって悪を行わせた。
၉မနာရှေသည်ဣသရေလအမျိုးသားတို့ ချီတက်စဉ်က ထာဝရဘုရားနှင်ထုတ်တော် မူလိုက်သည့်လူမျိုးတို့ထက်ပို၍ပြစ်မှား စေရန် ကိုယ်တော်၏လူမျိုးတော်အားရှေ့ ဆောင်လမ်းပြ၏။
10 主はマナセおよびその民に告げられたが、彼らは心に留めなかった。
၁၀ထာဝရဘုရားသည်မနာရှေနှင့်ပြည်သူတို့ အား သတိပေးတော်မူသော်လည်းသူတို့ သည်နားမထောင်ကြ။-
11 それゆえ、主はアッスリヤの王の軍勢の諸将をこれに攻めこさせられたので、彼らはマナセをかぎで捕え、青銅のかせにつないで、バビロンに引いて行った。
၁၁သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။-
12 彼は悩みにあうに及んで、その神、主に願い求め、その先祖の神の前に大いに身を低くして、
၁၂မင်းကြီးသည်ဆင်းရဲဒုက္ခရောက်သောအခါ မာန်မာနကျိုး၍ မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ပြန်လာပြီးလျှင်ကူမ တော်မူရန်အသနားခံတော်မူ၏။-
13 神に祈ったので、神はその祈を受けいれ、その願いを聞き、彼をエルサレムに連れ帰って、再び国に臨ませられた。これによってマナセは主こそ、まことに神にいますことを知った。
၁၃ဘုရားသခင်သည်မနာရှေ၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူ၍ သူ့အားယေရု ရှလင်မြို့သို့ပြန်လည်သွားရောက်အုပ်စိုးခွင့် ကိုပေးတော်မူ၏။ ထိုအခါမှထာဝရဘုရား သည်ဘုရားမှန်ကြောင်းမနာရှေသေချာ စွာသိလေ၏။
14 この後、彼はダビデの町の外の石がきをギホンの西の方の谷のうちに築き、魚の門の入口にまで及ぼし、またオペルに石がきをめぐらして、非常に高くこれを築き上げ、ユダのすべての堅固な町に軍長を置き、
၁၄ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-
15 また主の宮から、異邦の神々および偶像を取り除き、主の宮の山とエルサレムに自分で築いたすべての祭壇を取り除いて、町の外に投げ捨て、
၁၅သူသည်လူမျိုးခြားတို့၏ဘုရားများနှင့်မိမိ ထားရှိခဲ့သည့်ရုပ်တုကိုဗိမာန်တော်ထဲမှ လည်းကောင်း၊ ရုပ်တုပူဇော်ရာယဇ်ပလ္လင်များ ကိုဗိမာန်တော်တည်ရာတောင်ကုန်းနှင့်ယေရု ရှလင်မြို့ရှိအခြားအရပ်များမှလည်း ကောင်းဖယ်ရှားတော်မူ၏။ မင်းကြီးသည် ထိုအရာအပေါင်းကိုမြို့ပြင်သို့ထုတ်ပစ် ပြီးလျှင်၊-
16 主の祭壇を築き直して、酬恩祭および感謝の犠牲を、その上にささげ、ユダに命じてイスラエルの神、主に仕えさせた。
၁၆ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန်ယဇ် ပလ္လင်ကိုပြန်လည်ပြင်ဆင်ပြီးနောက်မိတ်သဟာ ယယဇ်နှင့်ကျေးဇူးတော်ချီးမွမ်းရာယဇ်များ ကိုပူဇော်တော်မူ၏။ ယုဒပြည်သူအပေါင်း သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန် အမိန့်ပေးတော်မူ၏။-
17 しかし民は、なお高き所で犠牲をささげた。ただしその神、主にのみささげた。
၁၇ပြည်သူတို့သည်အခြားဝတ်ပြုကိုးကွယ်ရာ ဌာနများ၌လည်းဆက်လက်၍ ယဇ်များကို ပူဇော်ကြသော်လည်းထာဝရဘုရားကိုသာ ပူဇော်ကြခြင်းဖြစ်၏။
18 マナセのそのほかの行為、その神にささげた祈、およびイスラエルの神、主の名をもって彼に告げた先見者たちの言葉は、イスラエルの列王の記録のうちにしるされている。
၁၈မနာရှေဆောင်ရွက်ခဲ့သောအခြားအမှု အရာရှိသမျှကိုလည်းကောင်း၊ ဘုရားသခင် ထံတော်သို့တင်လျှောက်သည့်ဆုတောင်းပတ္ထ နာနှင့် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်တို့သူ့အားပြန်ကြားသောဗျာ ဒိတ်စကားများကိုလည်းကောင်းဣသရေလ ရာဇဝင်တွင်ရေးထား၏။-
19 またその祈と、祈の聞かれた事、そのもろもろの罪と、とが、その身を低くする前に高き所を築いて、アシラ像および刻んだ像を立てた場所などは、先見者の記録のうちにしるされている。
၁၉မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
20 マナセはその先祖たちと共に眠ったので、その家に葬られた。その子アモンが彼に代って王となった。
၂၀မနာရှေကွယ်လွန်သောအခါသူ့အားနန်း တော်ထဲတွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သားတော် အာမုန်သည်ခမည်းတော်၏အရိုက်အရာ ကိုဆက်ခံ၍နန်းတက်လေသည်။
21 アモンは王となった時二十二歳で、二年の間エルサレムで世を治めた。
၂၁အာမုန်သည်အသက်နှစ်ဆယ့်နှစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်နှစ်နှစ်မျှနန်းစံရလေသည်။-
22 彼はその父マナセのしたように主の前に悪を行った。すなわちアモンはその父マナセが造ったもろもろの刻んだ像に犠牲をささげて、これに仕え、
၂၂သူသည်မိမိ၏ခမည်းတော်မနာရှေကဲ့သို့ပင် ထာဝရဘုရားအားပြစ်မှား၍ခမည်းတော်ကိုး ကွယ်ခဲ့သည့်ရုပ်တုများကိုပင်ကိုးကွယ်၏။-
23 その父マナセが身を低くしたように主の前に身を低くしなかった。かえってこのアモンは、いよいよそのとがを増した。
၂၃သို့ရာတွင်သူသည်ခမည်းတော်ကဲ့သို့စိတ်နှလုံး နှိမ့်ချ၍ထာဝရဘုရားထံတော်သို့မချဉ်း ကပ်။ ခမည်းတော်ထက်ပင်ပို၍အပြစ်ကူး လွန်တော်မူ၏။
24 その家来たちは党を結んで彼にそむき、彼をその家で殺した。
၂၄အာမုန်၏မှူးမတ်တို့သည်လျှို့ဝှက်ကြံစည် ကာသူ့အားနန်းတော်တွင်လုပ်ကြံကြ၏။-
25 しかし国の民は、党を結んでアモン王にそむいた者どもをことごとく撃ち殺した。そして国の民はその子ヨシヤを王となして、そのあとを継がせた。
၂၅သို့ရာတွင်ယုဒပြည်သူတို့ကအာမုန်အား လုပ်ကြံသူတို့ကိုကွပ်မျက်ပြီးလျှင် သူ၏ သားတော်ယောရှိအားနန်းတင်ကြလေ သည်။