< 歴代誌Ⅱ 16 >

1 アサの治世の三十六年にイスラエルの王バアシャはユダに攻め上り、ユダの王アサの所にだれをも出入りさせないためにラマを築いた。
အာသမင်းနန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသ ရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒ ရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်း ငှါ၊ ရာမမြို့ကိုတည်၏။
2 そこでアサは主の宮と王の家の宝蔵から金銀を取り出し、ダマスコに住んでいるスリヤの王ベネハダデに贈って言った、
ထိုအခါ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည် ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ် ထံသို့ပေးလိုက်၍၊
3 「わたしの父とあなたの父の間のように、わたしとあなたの間に同盟を結びましょう。わたしはあなたに金銀を贈ります。行って、あなたとイスラエルの王バアシャとの同盟を破り、彼をわたしから撤退させてください」。
ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေ လရှင်ဘုရင်ဗာရှာ သည် ငါ့ထံမှထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿ ဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။
4 ベネハダデはアサ王の言うことを聞き、自分の軍勢の長たちをつかわしてイスラエルの町々を攻め、イヨンとダンとアベル・マイムおよびナフタリのすべての倉の町を撃った。
အာသမင်းကြီး၏ စကားကို ဗဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ရှိသမျှ သော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။
5 バアシャはこれを聞いて、ラマを築くことをやめ、その工事を廃した。
ထိုသိတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍နေ၏။
6 そこでアサ王はユダの全国の人々を引き連れ、バアシャがラマを建てるために用いた石と木材を運んでこさせ、それをもってゲバとミヅパを建てた。
ထိုအခါအာသမင်းကြီးသည် ယုဒလူအပေါင်းကို ခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့်မိဇပါမြို့ကိုတည်၏။
7 そのころ先見者ハナニがユダの王アサのもとに来て言った、「あなたがスリヤの王に寄り頼んで、あなたの神、主に寄り頼まなかったので、スリヤ王の軍勢はあなたの手からのがれてしまった。
ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသော ကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီး လက်မှ လွတ်သွားကြပြီ။
8 かのエチオピヤびとと、リビアびとは大軍で、その戦車と騎兵は、はなはだ多かったではないか。しかしあなたが主に寄り頼んだので、主は彼らをあなたの手に渡された。
ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီး သူရဲများနှင့်တကွ၊ အားကြီးသော အလုံးအရင်ဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရ ဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီး လက်သို့ အပ်နှံတော်မူပြီ။
9 主の目はあまねく全地を行きめぐり、自分に向かって心を全うする者のために力をあらわされる。今度の事では、あなたは愚かな事をした。ゆえにこの後、あなたに戦争が臨むであろう」。
ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊ မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။
10 するとアサはその先見者を怒って、獄屋に入れた。この事のために激しく彼を怒ったからである。アサはまたそのころ民のある者をしえたげた。
၁၀ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက် ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
11 見よ、アサの始終の行為は、ユダとイスラエルの列王の書にしるされている。
၁၁အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထား လျက်ရှိ၏။
12 アサはその治世の三十九年に足を病み、その病は激しくなったが、その病の時にも、主を求めないで医者を求めた。
၁၂နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာ ရောဂါစွဲ၍ ပြင်းစွာ ခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။
13 アサは先祖たちと共に眠り、その治世の四十一年に死んだ。
၁၃အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံ လေးဆယ်တနှစ်တွင် အနိစ္စရောက်သဖြင့်၊
14 人々は彼が自分のためにダビデの町に掘っておいた墓に葬り、製香の術をもって造った様々の香料を満たした床に横たえ、彼のためにおびただしく香をたいた。
၁၄ဒါဝိဒ်မြို့မှာ မိမိအဘို့ မိမိလုပ်နှင့်သော သင်္ချိုင်း ၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဘော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသောမီးရှို့ပွဲကိုလည်း ခံကြ၏။

< 歴代誌Ⅱ 16 >