< ルカの福音書 6 >
1 さて,最初の安息日の次の安息日に,彼が穀物畑を通り抜けていたときのことである。彼の弟子たちは穀物の穂を摘み,両手でこすり合わせて食べ始めた。
၁ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။-
2 しかしファリサイ人たちが彼らに言った,「なぜあなた方は安息日に許されていないことをしているのか」。
၂ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။
3 イエスは彼らに答えて言った,「ダビデが,自分も共にいた者たちも空腹だったときに何をしたか,あなた方は一度も読んだことがないのか。
၃သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-
4 彼がどのようにして神の家に入り,ただ祭司たちのほかは食べることが許されていない供えのパンを取って食べ,共にいた者たちにも与えたかを」 。
၄သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ပညတ်တရားအရယဇ်ပုရောဟိတ်များမှ တစ်ပါး မည်သူမျှမစားထိုက်သောရှေ့တော် မုန့်ကိုယူ၍စားခဲ့၏။ မိမိ၏အဖော်များ အားလည်းပေးခဲ့၏။-
5 彼は彼らに言った,「人の子は安息日の主なのだ」 。
၅လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
6 また別の安息日に,会堂に入って教えていたときのことである。一人の人がそこにいたが,その右手はなえていた。
၆အခြားသောဥပုသ်နေ့တစ်နေ့၌သခင်ယေရှု သည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင် တော်မူ၏။ တရားဇရပ်ထဲတွင်ညာလက်သေသူ တစ်ယောက်ရှိ၏။-
7 律法学者たちとファリサイ人たちは,安息日にいやすかどうか,彼の様子をうかがっていた。彼に不利な罪状を見つけるためであった。
၇ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
8 しかし彼は彼らの考えを知って,片手のなえた人に,「起き上がって,真ん中に立ちなさい」 と言った。彼は起き上がって立った。
၈ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။-
9 イエスは彼らに言った,「あなた方に尋ねよう。安息日に許されているのは,善を行なうことか,害を加えることか。命を救うことか,殺すことか」 。
၉ထိုအခါသခင်ယေရှုက ``ပညတ်တရားအရ ဥပုသ်နေ့၌ အကောင်းကိုပြုအပ်သလော၊ အဆိုး ကိုပြုအပ်သလော၊ လူ့အသက်ကိုကယ်အပ် သလော၊ သတ်အပ်သလော၊ သင်တို့အားငါမေး၏'' ဟုမိန့်တော်မူ၏။-
10 彼は彼らすべてを見回して,「あなたの手を伸ばしなさい」 とその人に言った。そのようにすると,その手はもう一方の手と同じようによくなった。
၁၀ကိုယ်တော်သည်ထိုသူအပေါင်းတို့ကိုလှည့်ကြည့် တော်မူပြီးလျှင် လက်သေသူအား ``သင့်လက်ကို ဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လက်ကို ဆန့်လိုက်သောအခါ အကောင်းပကတိဖြစ် လေ၏။
11 しかし彼らは激怒に満たされ,イエスに対して何をしようかと語り合った。
၁၁ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
12 そのころ,彼は祈るために山に出て行き,夜通し神に祈り続けていた。
၁၂ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
13 朝になると,弟子たちを呼び寄せて,その中から十二人を選び出し,これを使徒とも名付けた。
၁၃မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
14 彼がペトロとも名付けたシモン,その兄弟アンデレ,ヤコブ,ヨハネ,フィリポ,バルトロマイ,
၁၄ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊-
15 マタイ,トマス,アルファイオスの子ヤコブ,熱心党と呼ばれたシモン,
၁၅မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်၊ မျိုး ချစ်စိတ်ထက်သန်သူရှိမုန်၊-
16 ヤコブの子ユダ,それにユダ・イスカリオト。このユダはまた,裏切り者になった者でもある。
၁၆ယာကုပ်၏သားယုဒနှင့်နောင်အခါကိုယ်တော် ကိုသစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
17 彼は彼らと共に下りて行き,平らな所に立った。弟子たちからなる群衆,また,全ユダヤとエルサレム,およびテュロスとシドンの海岸から来たおびただしい数の人々が共にいた。彼らがやって来るのは,彼の話を聞くため,また自分たちの疾患をいやしてもらうためであった。
၁၇ကိုယ်တော်သည်တမန်တော်တို့နှင့်အတူတောင် ပေါ်ကဆင်းသက်တော်မူ၍မြေညီရာသို့ရောက် တော်မူ၏။ ထိုနေရာမှာတပည့်တော်စုကြီး တစ်စုအပြင်၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိတုရု၊ ဇိဒုန်မြို့များမှလည်းကောင်းလာကြသူ အမြောက်အမြားရှိ၏။-
18 汚れた悪霊に悩まされている者たちもいたが,彼らはいやされた。
၁၈ထိုသူတို့သည်ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့်မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန်လာရောက်ကြခြင်းဖြစ်၏။ ညစ်ညမ်းသောနတ်ညှဉ်းဆဲခြင်းခံရသူများ လည်းလာ၍အနာရောဂါပျောက်ကင်းသွား၏။-
19 群衆はみな彼に触ろうとした。彼のもとから力が出て来て,彼らすべてをいやしたからである。
၁၉ကိုယ်တော်၏ထံတော်မှတန်ခိုးထွက်၍အနာ ရောဂါများကိုပျောက်ကင်းစေသောကြောင့် လူ ပရိသတ်အပေါင်းတို့သည်ကိုယ်တော်ကိုတို့ ထိနိုင်ရန်ကြိုးစားကြ၏။
20 彼は弟子たちに向かって目を上げて,こう言った。 「貧しいあなた方は幸いだ,神の王国はあなた方のものだからだ。
၂၀သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
21 飢えているあなた方は幸いだ,あなた方は満たされるからだ。今泣いているあなた方は幸いだ,あなた方は笑うようになるからだ。
၂၁``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။ သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။ ``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
22 人々があなた方を憎むとき,また人の子のゆえにあなた方を締め出し,あざけり,あなた方の名を悪いものとして退けるとき,あなた方は幸いだ。
၂၂``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
23 その日には喜んで飛び跳ねなさい。見よ,天においてあなた方の報いは大きいからだ。彼らの父祖たちは預言者たちにも同じようにしたのだ。
၂၃ထိုသို့တွေ့ကြုံခံစားရသောအခါဝမ်းမြောက် ကြလော့။ ရွှင်မြူးသဖြင့်ကခုန်ကြလော့။ ကောင်း ကင်ဘုံတွင်သင်တို့ရမည့်အကျိုးကားကြီး လှ၏။ ဤသို့သင်တို့အားပြုကျင့်သူများ ၏ဘိုးဘေးများသည်ရှေးပရောဖက်တို့ကို ဤနည်းအတိုင်းပင်နှိပ်စက်ခဲ့ကြ၏။
24 「だが,富んでいるあなた方は災いだ!あなた方は自分の慰めをすでに受けているからだ。
၂၄``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
25 今満たされているあなた方,そのあなた方は災いだ!あなた方は飢えるようになるからだ。今笑っているあなた方は災いだ!あなた方は泣き悲しむようになるからだ。
၂၅``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
26 人々があなた方のことを良く言うときには,災いだ! 彼らの父祖たちは偽預言者たちにも同じことをしたのだ。
၂၆``လူအပေါင်းတို့သည်သင်တို့ကိုချီးမွမ်း ကြသောအခါသင်တို့သည်အမင်္ဂလာ ရှိကြ၏။ ဤသူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်များကိုဤနည်းအတိုင်း ချီးမွမ်းခဲ့ကြလေပြီ။
27 「だが,聞いているあなた方に告げる。敵を愛し,憎む者たちに良いことをし,
၂၇``သို့ရာတွင်ငါ၏တရားကိုကြားနာကြသူတို့၊ သင်တို့အားငါဆိုသည်ကားရန်သူကိုချစ်ကြ လော့။ သင်တို့ကိုမုန်းသူအားကျေးဇူးပြုကြ လော့။-
28 のろう者たちを祝福し,虐待する者たちのために祈りなさい。
၂၈ကျိန်ဆဲသူအားမေတ္တာပို့ကြလော့။ စော်ကား သူအတွက်ဆုတောင်းပတ္ထနာပြုကြလော့။-
29 あなたの一方のほおを打つ者には,反対側をも差し出しなさい。外衣を取り去る者には,上着をも拒んではいけない。
၂၉သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။-
30 求めるすべての者には与えなさい。そして,あなたの持ち物を取り去る者からは,返してもらおうとしてはいけない。
၃၀သင့်ထံတွင်တောင်းခံလာသူတိုင်းအားပေး လော့။ သင့်ဥစ္စာပစ္စည်းများကိုယူသောသူထံမှ ပြန်၍မတောင်းနှင့်။-
31 「人々からして欲しいと思うことを,人々にもちょうど同じようにしなさい。
၃၁ကိုယ်ကိုပြုစေလိုသည်အတိုင်းသူတစ်ပါး တို့အားပြုကြလော့။
32 自分を愛してくれる者たちを愛したからといって,それがあなた方に何の名誉になるだろうか。罪人たちでさえ,自分を愛してくれる者たちを愛するのだ。
၃၂``မိမိတို့အားချစ်သူများကိုသာချစ်တုံ့ပြန် ပါမူ အဘယ်သို့လျှင်ကောင်းချီးမင်္ဂလာကို သင်တို့ခံစားနိုင်မည်နည်း။ အပြစ်ကူးသူ များပင်လျှင်မိမိတို့အားချစ်သူတို့ကိုချစ် ကြ၏။-
33 自分に良いことをしてくれる者たちに良いことをしたからといって,それがあなた方に何の名誉になるだろうか。罪人たちでさえ,同じことをしているのだ。
၃၃သင်တို့အားကျေးဇူးပြုသူများကိုသာကျေး ဇူးတုံ့ပြန်ပါမူ သင်တို့သည်အဘယ်သို့လျှင် ကောင်းချီးမင်္ဂလာကိုခံစားနိုင်မည်နည်း။ အပြစ်ကူးသူများပင်လျှင်ဤသို့ပြုကြ၏။-
34 返してもらうことを期待して貸したからといって,それがあなた方に何の名誉になるだろうか。罪人たちでさえ,同じだけ取り戻そうとして,罪人たちに貸しているのだ。
၃၄ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။-
35 そうではなく,あなた方の敵を愛し,良いことをし,返してもらうことを期待せずに貸しなさい。そうすればあなた方の報いは大きく,あなた方はいと高き方の子らになるだろう。その方は,感謝しない悪い者たちにも親切であられるからだ。
၃၅သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
36 「だから,あなた方の父もあわれみ深いように,あわれみ深くなりなさい。
၃၆သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။
37 裁いてはいけない,そうすれば裁かれないだろう。罪に定めてはいけない,そうすれば罪に定められることはないだろう。許しなさい,そうすれば許されるだろう。
၃၇``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-
38 「与えなさい,そうすれば与えられるだろう。押し入れ,揺すり入れ,あふれ出るほどに良いはかりで,あなた方に与えられるだろう。あなた方が量るその同じはかりで,あなた方に量り返されるだろう」。
၃၈သူတစ်ပါးတို့အားရက်ရောစွာပေးကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့အားရက် ရောစွာပေးတော်မူလိမ့်မည်။ သိပ်နှိပ်လှုပ်ခါ ပြည့်လျှံသောတောင်းပမာဏဖြင့်သင်တို့၏ လက်ထဲသို့ပေးတော်မူလိမ့်မည်။ သင်တို့သည် သူတစ်ပါးအားချိန်တွယ်ပေးသည့်တောင်း ပမာဏအတိုင်းဘုရားသခင်သည်သင်တို့ အားပေးတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
39 彼は彼らにたとえを語った。「盲人が盲人を案内できるだろうか。両方とも穴に落ちてしまわないだろうか。
၃၉ထိုနောက်ကိုယ်တော်သည်ထိုသူတို့အားပုံဥပမာ ဆောင်၍ ``မျက်မမြင်သည်အခြားမျက်မမြင် ကိုလမ်းပြနိုင်သလော။ ထိုသူနှစ်ဦးလုံးပင် တွင်းထဲသို့လိမ့်ကျမည်မဟုတ်လော။-
40 弟子はその教師より上ではないが,十分に訓練された者はその教師のようになるのだ。
၄၀တပည့်သည်ဆရာထက်မသာ။ သို့ရာတွင်ပညာ သင်ပြီးဆုံးသောအခါတပည့်သည်ဆရာကဲ့ သို့ဖြစ်လိမ့်မည်။''
41 なぜあなたは,兄弟の目の中にあるわらくずは見るのに,自分の目の中にある丸太のことを考えないのか。
၄၁``သင်တို့သည်အဘယ်ကြောင့်ကိုယ့်မျက်စိ၌ရှိ သောသစ်တုံးကြီးကိုမမြင်ဘဲ ညီအစ်ကို မျက်စိ၌ရှိသောငြောင့်ငယ်ကိုမြင်သနည်း။-
42 また,あなた自身は自分の目の中にある丸太を見ないのに,どうして兄弟に『兄弟,あなたの目からそのわらくずを取らせてくれ』と言えるのか。偽善者よ! まず自分の目から丸太を取り出しなさい。そうすればあなたは,はっきりと見えて,兄弟の目からわらくずを取り出すことができるだろう。
၄၂အဘယ်ကြောင့်ညီအစ်ကိုအား`သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော ဘိသနည်း။ အချင်းကြောင်သူတော်၊ သင်၏မျက်စိ ၌ရှိသောသစ်တုံးကြီးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင်သည်သင့်ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကိုကောင်းစွာမြင်၍ထုတ်ယူ နိုင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
43 良い木が腐った実を生み出すことはなく,腐った木が良い実を生み出すこともないのだ。
၄၃``အပင်ကောင်းသည်အသီးညံ့ကိုမသီးနိုင်။ ညံ့သောအပင်သည်အသီးကောင်းကိုမသီးနိုင်။-
44 というのは,それぞれの木はその実によって知られるからだ。人々はイバラからイチジクを集めることはないし,ノバラの茂みからブドウを集めることもないのだ。
၄၄အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။-
45 善い者は自分の心の良い宝の中から良いものを取り出し,悪い者は自分の心の悪い宝の中から悪いものを取り出す。心に満ちあふれているものの中から,人の口は語るからだ。
၄၅ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
46 「なぜあなた方は,『主よ,主よ』とわたしを呼びながら,わたしの言う事柄を行なわないのか。
၄၆``သင်တို့သည်ငါ့စကားကိုနားမထောင်ဘဲ အဘယ်ကြောင့်ငါ့ကို `သခင်၊ သခင်' ဟုခေါ် ကြသနည်း။-
47 わたしのもとに来て,わたしの数々の言葉を聞き,それらを行なうすべての者が,何に似ているかをあなた方に示そう。
၄၇ငါ့ထံသို့လာ၍ငါ့တရားစကားကိုကြားနာ ပြီးလျှင်လိုက်လျှောက်သောသူကိုပုံဥပမာဖြင့် ပြပေအံ့။-
48 彼は,深く掘り下げ,岩の上に土台を据えて家を建てる人に似ている。洪水が起こり,激流が家に打ち当たったが,それは揺り動かなかった。岩の上に土台を据えていたからだ。
၄၈ထိုသူသည်မြေကိုနက်စွာတူးပြီးမှကျောက်ပေါ် တွင်အုတ်မြစ်ချ၍အိမ်ကိုတည်ဆောက်သူနှင့်တူ ၏။ ရေကြီးသောအခါမြစ်ရေလျှံ၍ထိုအိမ်ကို တိုက်ခတ်လေ၏။ သို့သော်ရေအဟုန်သည်အိမ်ကို မလှုပ်ရှားစေနိုင်။ အဘယ်ကြောင့်ဆိုသော်ထိုအိမ် ကိုခိုင်ခန့်စွာတည်ဆောက်ထားသောကြောင့်ဖြစ်၏။-
49 だが,聞いても行なわない者は,土台なしで地面の上に家を建てた人に似ている。激流が打ち当たると,それはすぐに倒れ,その損壊はひどいものだった」。
၄၉သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။