< Geremia 21 >

1 La parola che fu rivolta a Geremia da parte dell’Eterno, quando il re Sedechia gli mandò Pashur, figliuolo di Malchia, e Sefonia, figliuolo di Maaseia, il sacerdote, per dirgli:
ဇေ​ဒ​ကိ​မင်း​သည်​မေ​လ​ခိ​၏​သား​ပါ​ရှု​ရ နှင့် မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ သို့​စေ​လွှတ်​ပြီး​လျှင်၊-
2 “Deh, consulta per noi l’Eterno; poiché Nebucadnetsar, re di Babilonia, ci fa la guerra; forse l’Eterno farà a pro nostro qualcuna delle sue maraviglie, in guisa che quegli si ritragga da noi”.
``ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​သူ​၏ တပ်​မ​တော်​သည် မြို့​ကို​တိုက်​ခိုက်​ရန်​ဝိုင်း​ရံ လျက်​ရှိ​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​အား ငါ​တို့​အ​တွက်​လျှောက်​ထား​ပေး​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အ​တွက်​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ​၍ နေ​ဗု​ခဒ် နေ​ဇာ​မင်း​အား​ပြန်​လည်​ဆုတ်​ခွာ​ကောင်း ဆုတ်​ခွာ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြော ကြား​လာ​၏။
3 Allora Geremia disse loro: Direte così a Sedechia:
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ယေ​ရ​မိ​သည်​မိ​မိ ထံ​သို့​ရောက်​သည့်​လူ​တို့​ကို​ဇေ​ဒ​ကိ​အား ဆင့်​ဆို​စေ​၏။-
4 Così parla l’Eterno, l’Iddio d’Israele: Ecco, io sto per far rientrare nella città le armi di guerra che sono nelle vostre mani e con le quali voi combattete, fuori delle mura, contro il re di Babilonia, e contro i Caldei che vi assediano, e le raccoglierò in mezzo a questa città.
``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-
5 E io stesso combatterò contro di voi con mano distesa e con braccio potente, con ira, con furore, con grande indignazione.
ငါ​ကိုယ်​တော်​တိုင်​မိ​မိ​၏​လက်​ရုံး​တော်​တန် ခိုး​စွမ်း​အင်​ရှိ​သ​မျှ​နှင့် ဒေါ​သ​အ​မျက် ချောင်း​ချောင်း​ထွက်​လျက်​သင်​တို့​ကို​တိုက် ခိုက်​တော်​မူ​မည်။-
6 E colpirò gli abitanti di questa città, uomini e bestie; e morranno d’un’orrenda peste.
ဤ​မြို့​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​သုတ် သင်​ပယ်​ရှင်း​မည်။ လူ​နှင့်​တိ​ရစ္ဆာန်​များ​သည် ကြောက်​မက်​ဖွယ်​ရာ​အ​နာ​ရော​ဂါ​ဘေး ဖြင့်​သေ​ကြ​လိမ့်​မည်။-
7 Poi, dice l’Eterno, io darò Sedechia, re di Giuda, e i suoi servi, il popolo, e coloro che in questa città saranno scampati dalla peste, dalla spada e dalla fame, in mano di Nebucadnetsar re di Babilonia, in mano dei loro nemici, in mano di quelli che cercano la loro vita; e Nebucadnetsar li passerà a fil di spada; non li risparmierà, e non ne avrà né pietà né compassione.
စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
8 E a questo popolo dirai: Così parla l’Eterno: Ecco, io pongo dinanzi a voi la via della vita e la via della morte.
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား ပြော​ကြား​စေ​သည်​မှာ``နား​ထောင်​လော့၊ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ရွေး​ချယ်​နိုင် ရန်​အ​တွက်​အ​သက်​ရှင်​ရာ​လမ်း​နှင့် အ​သက် သေ​ရာ​လမ်း​ကို​ဖွင့်​ပြ​ထား​မည်​ဖြစ် ကြောင်း​ပြော​ကြား​လော့။-
9 Colui che rimarrà in questa città morrà per la spada, per la fame o per la peste; ma chi ne uscirà per arrendersi ai Caldei che vi assediano vivrà, e avrà la vita per suo bottino.
ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-
10 Poiché io volgo la mia faccia contro questa città per farle del male e non del bene, dice l’Eterno; essa sarà data in mano del re di Babilonia, ed egli la darà alle fiamme.
၁၀ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
11 E alla casa dei re di Giuda di’: Ascoltate la parola dell’Eterno:
၁၁ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​မင်း​၏​သား​မြေး၊ ယု​ဒ​မင်း​မျိုး​တို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​လော့။ သူ တို့​အား​သင်​တို့​သည်​နေ့​စဉ်​ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ရ​ကြ​မည်။ လု​ယူ​ခြင်း​ခံ​ရ​သူ အား​ဖိ​နှိပ်​ချုပ်​ချယ်​သူ​၏​ဘေး​မှ​ကာ​ကွယ် စောင့်​ရှောက်​ရ​ကြ​မည်။ ယင်း​သို့​မ​ပြု​ပါ​မူ သင်​တို့​၏​မ​ကောင်း​မှု​များ​သည် ငါ့​အ​မျက် ဒေါ​သ​ကို​ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး ကဲ့​သို့​တောက်​လောင်​စေ​လိမ့်​မည်။-
12 O casa di Davide, così dice l’Eterno: Amministrate la giustizia fin dal mattino, e liberate dalla mano dell’oppressore, colui a cui è tolto il suo, affinché l’ira mia non divampi a guisa di fuoco, e arda sì che nessuno la possa spengere, per la malvagità delle vostre azioni.
၁၂
13 Eccomi contro te, o abitatrice della valle, roccia della pianura, dice l’Eterno. Voi che dite: “Chi scenderà contro di noi? Chi entrerà nelle nostre dimore?”
၁၃အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-
14 io vi punirò secondo il frutto delle vostre azioni, dice l’Eterno; e appiccherò il fuoco a questa selva di Gerusalemme, ed esso divorerà tutto quello che la circonda.
၁၄သို့​ရာ​တွင်​ငါ​သည်​သင်​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ငါ​သည်​သင်​၏​နန်း​တော်​ကို​မီး​သင့်​လောင် စေ​မည်။ ထို​မီး​သည်​နီး​နား​ပတ်​လည်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ကျွမ်း​လောင်​သွား​စေ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

< Geremia 21 >