< Esodo 19 >

1 Nel primo giorno del terzo mese da che furono usciti dal paese d’Egitto, i figliuoli d’Israele giunsero al deserto di Sinai.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည် မှ​ထွက်​ခွာ​လာ​ပြီး​နောက် တ​တိ​ယ​လ၊ တစ်​ရက် နေ့​တွင်​သိ​နာ​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့ ရောက်​ရှိ​လာ​ကြ​၏။-
2 Essendo partiti da Refidim, giunsero al deserto di Sinai e si accamparono nel deserto; quivi si accampò Israele, dirimpetto al monte.
သူ​တို့​သည်​ရေ​ဒိမ်​အ​ရပ်​မှ​ထွက်​ခွာ​လာ​ပြီး နောက် သိ​နာ​တော​ကန္တာ​ရ​သို့​ဝင်​ရောက်​ကြ ပြီး​တောင်​ခြေ​ရင်း​တွင်​စ​ခန်း​ချ​ကြ​သည်။-
3 E Mosè salì verso Dio; e l’Eterno lo chiamò dal monte, dicendo: “Di’ così alla casa di Giacobbe, e annunzia questo ai figliuoli d’Israele:
မော​ရှေ​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန် တောင်​ပေါ်​သို့​တက်​လေ​၏။ တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ ကို​ခေါ်​၍၊ ယာ​ကုပ်​၏​အ​ဆက်​အ​နွယ်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ခိုင်း သည်​ကား၊-
4 Voi avete veduto quello che ho fatto agli Egiziani, e come io v’ho portato sopra ali d’aquila e v’ho menato a me.
``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-
5 Or dunque, se ubbidite davvero alla mia voce e osservate il mio patto, sarete fra tutti i popoli il mio tesoro particolare;
သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-
6 poiché tutta la terra è mia; e mi sarete un regno di sacerdoti e una nazione santa. Queste sono le parole che dirai ai figliuoli d’Israele”.
သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-
7 E Mosè venne, chiamò gli anziani del popolo, ed espose loro tutte queste parole che l’Eterno gli aveva ordinato di dire.
သို့​ဖြစ်​၍​မော​ရှေ​သည်​တောင်​ပေါ်​က​ဆင်း​လာ ခဲ့​ပြီး​လျှင် ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ပြော​ကြား​လေ​၏။-
8 E tutto il popolo rispose concordemente e disse: “Noi faremo tutto quello che l’Eterno ha detto”. E Mosè riferì all’Eterno le parole del popolo.
ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​လိုက် နာ​ပါ​မည်'' ဟု​တ​ညီ​တ​ညွတ်​တည်း​ပြော​ကြား ကြ​၏။ မော​ရှေ​သည်​လည်း​လူ​အ​ပေါင်း​တို့​၏ ဖြေ​ကြား​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား​ထံ​လျှောက် ထား​လေ​၏။
9 E l’Eterno disse a Mosè: “Ecco, io verro a te in una folta nuvola, affinché il popolo oda quand’io parlerò con te, e ti presti fede per sempre”. E Mosè riferì all’Eterno le parole del popolo.
ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-
10 Allora l’Eterno disse a Mosè: “Va’ dal popolo, santificalo oggi e domani, e fa’ che si lavi le vesti.
၁၀ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``လူ​အ​ပေါင်း တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြင်​ဆင်​သည့်​အ​နေ​ဖြင့် ယ​နေ့​နှင့်​နက်​ဖြန် နေ့​တွင်​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​ရန်​ပြော လော့။ သူ​တို့​သည်​မိ​မိ​တို့​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍၊-
11 E siano pronti per il terzo giorno; perché il terzo giorno l’Eterno scenderà in presenza di tutto il popolo sul monte Sinai.
၁၁တ​တိ​ယ​နေ့​တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​သင့် ရှိ​စေ​ရ​မည်။ ထို​နေ့​၌​လူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ် သို့​ကြွ​ဆင်း​တော်​မူ​မည်။-
12 E tu fisserai attorno attorno de’ limiti al popolo, e dirai: Guardatevi dal salire sul monte o dal toccarne il lembo. Chiunque toccherà il monte sarà messo a morte.
၁၂သင်​သည်​တောင်​၏​ပတ်​လည်​တွင်​လူ​တို့​ကို မ​ကျော်​ဖြတ်​စေ​ရန်​စည်း​သတ်​မှတ်​၍၊ သူ​တို့ အား​တောင်​ပေါ်​သို့​မ​တက်​ရန်​နှင့်​တောင်​အ​နီး သို့​မ​ချဉ်း​ကပ်​ရန်​ပ​ညတ်​လော့။ တောင်​ကို နင်း​မိ​သော​သူ​အား​သေ​ဒဏ်​ခံ​စေ​ရ​မည်။-
13 Nessuna mano tocchi quel tale; ma sia lapidato o trafitto di frecce; animale o uomo che sia, non sia lasciato vivere! Quando il corno sonerà a distesa, allora salgano pure sul monte”.
၁၃ထို​သူ​ကို​မည်​သူ​မျှ​လက်​နှင့်​မ​ထိ​ရ​ဘဲ ကျောက်​ခဲ​နှင့်​ဖြစ်​စေ၊ မြား​နှင့်​ဖြစ်​စေ​ပစ်​၍ သတ်​ရ​မည်။ အ​ဆို​ပါ​ပ​ညတ်​ချက်​ကို​ကူး လွန်​ခဲ့​လျှင်​လူ​သော်​လည်း​ကောင်း၊ တိ​ရစ္ဆာန် သော်​လည်း​ကောင်း​သေ​ဒဏ်​ခံ​ရ​မည်။ တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​သော​အ​ခါ​လူ​တို့​သည် တောင်​သို့​လာ​ရ​ကြ​မည်'' ဟု​မိန့်​တော်​မူ ၏။
14 E Mosè scese dal monte verso il popolo; santificò il popolo, e quelli si lavarono le vesti.
၁၄ထို​နောက်​မော​ရှေ​သည်​တောင်​ပေါ်​မှ​ဆင်း​လာ ၍ လူ​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ပြင်​ဆင် စေ​၏။ ထို​ကြောင့်​သူ​တို့​သည်​အ​ဝတ်​များ ကို​ဖွပ်​လျှော်​ကြ​၏။-
15 Ed egli disse al popolo: “Siate pronti fra tre giorni; non v’accostate a donna”.
၁၅မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။
16 Il terzo giorno, come fu mattino, cominciaron de’ tuoni, de’ lampi, apparve una folta nuvola sul monte, e s’udì un fortissimo suon di tromba; e tutto il popolo ch’era nel campo, tremò.
၁၆တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-
17 E Mosè fece uscire il popolo dal campo per menarlo incontro a Dio; e si fermarono appiè del monte.
၁၇ဘု​ရား​သ​ခင်​ကို​ဖူး​တွေ့​ရန်​မော​ရှေ​သည် လူ​တို့​ကို​စ​ခန်း​မှ​ခေါ်​ဆောင်​လာ​သ​ဖြင့်၊ သူ​တို့​သည်​တောင်​ခြေ​၌​ရပ်​နေ​ကြ​၏။-
18 Or il monte Sinai era tutto fumante, perché l’Eterno v’era disceso in mezzo al fuoco; e il fumo ne saliva come il fumo d’una fornace, e tutto il monte tremava forte.
၁၈ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​သို့ မီး​တောက်​မီး​လျှံ​အ​သွင်​ဖြင့်​ကြွ​ဆင်း​လာ သည်​ဖြစ်​၍၊ တောင်​တစ်​ခု​လုံး​မီး​ခိုး​ဖြင့်​ဖုံး လွှမ်း​လျက်​ရှိ​လေ​၏။ မီး​ဖို​မှ​မီး​ခိုး​တက် သ​ကဲ့​သို့​မီး​ခိုး​သည်​အထက်​သို့​တက်​၍ တစ်​တောင်​လုံး​ပြင်း​စွာ​မြေ​င​လျင်​လှုပ် လေ​၏။-
19 Il suon della tromba s’andava facendo sempre più forte; Mosè parlava, e Dio gli rispondeva con una voce.
၁၉တံ​ပိုး​မှုတ်​သံ​သည်​လည်း​ပို​၍​ကျယ်​လာ​၏။ မော​ရှေ​လျှောက်​ဆို​သည့်​အ​ခါ ဘု​ရား​သခင် သည်​မိုး​ကြိုး​သံ​ဖြင့်​ဖြေ​ကြား​တော်​မူ​၏။-
20 L’Eterno dunque scese sul monte Sinai, in vetta al monte; e l’Eterno chiamò Mosè in vetta al monte, e Mosè vi salì.
၂၀ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ထိပ်​ပေါ် သို့​ကြွ​ဆင်း​လာ​၍ မော​ရှေ​အား​တောင်​ထိပ် ပေါ်​သို့​ခေါ်​တော်​မူ​လျှင်​မော​ရှေ​တက်​သွား လေ​၏။-
21 E l’Eterno disse a Mosè: “Scendi, avverti solennemente il popolo onde non faccia irruzione verso l’Eterno per guardare, e non n’abbiano a perire molti.
၂၁ထာ​ဝ​ရ​ဘု​ရား​က​မောရှေ​အား``သင်​သည် တောင်​အောက်​သို့​ဆင်း​၍၊ လူ​တို့​ငါ့​ကို​ဖူး မြင်​ရန်​သတ်​မှတ်​ထား​သော​စည်း​ကို​ကျော် ဖြတ်​၍​မ​လာ​ရန်​သ​တိ​ပေး​လော့။ ဖြတ် ကျော်​လျှင်​လူ​အ​များ​သေ​ကြ​လိမ့်​မည်။-
22 E anche i sacerdoti che si appressano all’Eterno, si santifichino, affinché l’Eterno non si avventi contro a loro”.
၂၂ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
23 Mosè disse all’Eterno: “Il popolo non può salire sul monte Sinai, poiché tu ce l’hai divietato dicendo: Poni de’ limiti attorno al monte, e santificalo”.
၂၃ထို​အ​ခါ​မော​ရှေ​က ထာ​ဝ​ရ​ဘု​ရား​အား``ကိုယ် တော်​သည်​တောင်​ကို​သန့်​ရှင်း​ရာ​ဌာ​န​အ​ဖြစ် သတ်​မှတ်​၍ ပတ်​လည်​တွင်​စည်း​တား​ထား​စေ သော​ကြောင့်​လူ​တို့​သည်​တောင်​ပေါ်​သို့​မ​တက် နိုင်​ကြ​ပါ'' ဟု​လျှောက်​ထား​လေ​၏။
24 Ma l’Eterno gli disse: “Va’, scendi abbasso; poi salirai tu, e Aaronne teco; ma i sacerdoti e il popolo non facciano irruzione per salire verso l’Eterno, onde non s’avventi contro a loro”.
၂၄ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​တောင်​အောက် သို့​ဆင်း​၍ အာ​ရုန်​ကို​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လူ​တို့​ကို​မူ​ကား ငါ့​ထံ သို့​ဝင်​ခြင်း​ငှာ​စည်း​ကို​မ​ဖြတ်​ကျော်​စေ​ရ။ စည်း​ကို​ဖောက်​ဖျက်​လျှင်​သူ​တို့​ကို​ဒဏ်​ခတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
25 Mosè discese al popolo e glielo disse.
၂၅ထို​အ​ခါ​မော​ရှေ​သည်​တောင်​အောက်​သို့​ဆင်း ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သ​မျှ​ကို​လူ​တို့ အား​ပြော​ကြား​လေ​၏။

< Esodo 19 >