< Daniele 1 >

1 Il terzo anno del regno di Joiakim, re di Giuda, Nebucadnetsar, re di Babilonia, venne contro Gerusalemme, e l’assediò.
ယုဒ ရှင်ဘုရင် ယောယကိမ် နန်းစံ သုံး နှစ် တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရုရှလင် မြို့သို့ ချီလာ၍ ဝန်းရံ လေ၏။
2 Il Signore gli diede nelle mani Joiakim, re di Giuda, e una parte degli utensili della casa di Dio; e Nebucadnetsar portò gli utensili nel paese di Scinear, nella casa del suo dio, e li mise nella casa del tesoro del suo dio.
ထာဝရ ဘုရားသည် ယုဒ ရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန် တော်တန်ဆာ အချို့ တို့ကို နေဗုခဒ်နေဇာလက် သို့ အပ်နှံ တော်မူ၍ ၊ ထိုတန်ဆာ များကို နေဗုခဒ်နေဇာမင်းသည် ရှိနာ ပြည် ၌ရှိသောမိမိ ဘုရား ၏ကျောင်း သို့ ယူ သွားပြီးလျှင် ၊ ရွှေ တိုက်၌ သွင်း ထားတော်မူ၏။
3 E il re disse a Ashpenaz, capo de’ suoi eunuchi, di menargli alcuni de’ figliuoli d’Israele di stirpe reale e di famiglie nobili,
ထိုအခါ ရှင် ဘုရင်သည် မိန်းမစိုး အုပ် အာရှပေနတ် ကို ခေါ်တော်မူ၍၊
4 giovani senza difetti fisici, belli d’aspetto, dotati d’ogni sorta di talenti, istruiti e intelligenti, tali che avessero attitudine a stare nel palazzo del re; e d’insegnar loro la letteratura e la lingua de’ Caldei.
မကောင်း သော လက္ခဏာကင်း လျက်၊ လှ သောအဆင်း သဏ္ဌာန်နှင့်ပြည့်စုံ၍ ၊ ကောင်း သောဉာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ် ပညာများကို လေ့ကျက် ၍ ၊ နန်းတော် ၌ အမှု ထမ်းခြင်းငှါ တတ်စွမ်း နိုင်သော လူပျို တို့ကို ဣသရေလ မင်း မျိုး မင်းသား ထဲက ရွေးကောက်၍၊ ခါလဒဲ ဘာသာ အတတ်ကို သင် စေဟု အမိန့် တော်ရှိ၏။
5 Il re assegnò loro una porzione giornaliera delle vivande della mensa reale, e del vino ch’egli beveva; e disse di mantenerli per tre anni, dopo i quali sarebbero passati al servizio del re.
ပွဲတော်မှ ကြွင်းသောအစာ နှင့် သောက် တော်မူသော စပျစ်ရည် ကို နေ့ တိုင်းပေး၍ သုံး နှစ် ကျွေးမွေးပြီးမှ၊ အမှု တော်ထမ်းရမည်အကြောင်းစီရင် တော်မူ၏။
6 Or fra questi c’erano, di tra i figliuoli di Giuda, Daniele, Hanania, Mishael e Azaria;
ထိုသူ တို့တွင် ယုဒ အမျိုးသား ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့သည် ပါ ကြ၏။
7 e il capo degli eunuchi diede loro altri nomi: a Daniele pose nome Beltsatsar; ad Hanania, Shadrac; a Mishael, Meshac, e ad Azaria, Abed-nego.
မိန်းမစိုး အုပ်သည် ထိုသူ တို့ကို အမည် နာမလဲ၍၊ ဒံယေလ ကို ဗေလတရှာဇာ ၊ ဟာနနိ ကို ရှာဒရက် ၊ မိရှေလ ကို မေရှက် ၊ အာဇရိ ကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်အသစ်ကိုပေး ၏။
8 E Daniele prese in cuor suo la risoluzione di non contaminarsi con le vivande del re e col vino che il re beveva; e chiese al capo degli eunuchi di non obbligarlo a contaminarsi;
ဒံယေလ မူကား ၊ ပွဲတော်မှကြွင်းသောအစာ နှင့် သောက် တော်မူသောစပျစ်ရည် ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံ ရှိ၍၊ မိမိကို မ ညစ်ညူး စေမည်အကြောင်း ၊ မိန်းမစိုး အုပ်ကို အခွင့် တောင်း၏။
9 e Dio fece trovare a Daniele grazia e compassione presso il capo degli eunuchi.
ဘုရား သခင်ပြုပြင်တော်မူသောအားဖြင့် ၊ မိန်းမစိုး အုပ်သည် ဒံယေလ ကို အလွန်ချစ် သနားသော်လည်း ၊
10 E il capo degli eunuchi disse a Daniele: “Io temo il re, mio signore, il quale ha fissato il vostro cibo e le vostre bevande; e perché vedrebb’egli il vostro volto più triste di quello dei giovani della vostra medesima età? Voi mettereste in pericolo la mia testa presso il re”.
၁၀ငါ့ သခင် ကြည့်ရှုစေခြင်းငှါမိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲကို ငါ ကြောက် ၏။ သင် တို့အစား အသောက် ကို စီရင်တော်မူပြီ။ သင် တို့မျက်နှာ သည် အရွယ် တူ လူပျို တို့၏ မျက်နှာလောက် အဆင်း မလှ သည်ကို မြင် တော်မူလျှင် ၊ သင်တို့အတွက် ငါ သည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
11 Allora Daniele disse al maggiordomo, al quale il capo degli eunuchi aveva affidato la cura di Daniele, di Hanania, di Mishael e d’Azaria:
၁၁ထိုအခါ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုး အုပ်ခန့်ထား သော စားတော်ကဲ ကို ဒံယေလ က၊
12 “Ti prego, fa’ coi tuoi servi una prova di dieci giorni, e ci siano dati de’ legumi per mangiare, e dell’acqua per bere;
၁၂အကျွန်ုပ် တို့ စား သောက် စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေ ကိုသာ ဆယ် ရက် ပတ်လုံးပေးစမ်းပါ။
13 poi ti si faccia vedere l’aspetto nostro e l’aspetto de’ giovani che mangiano le vivande del re; e secondo quel che vedrai, ti regolerai coi tuoi servi”.
၁၃ထိုနောက် ၊ အကျွန်ုပ် တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာ ကို စား သောလူပျို တို့၏မျက်နှာကို သခင် ရှေ့ ၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင် ပြီးမှ ၊ အကျွန်ုပ်တို့ကို စီရင် တော်မူပါဟုပြော လျှင်၊
14 Quegli accordò loro quanto domandavano, e li mise alla prova per dieci giorni.
၁၄စားတော်ကဲသည် ဝန်ခံ ၍ ဆယ် ရက် စုံစမ်း လေ၏။
15 E alla fine de’ dieci giorni, essi avevano migliore aspetto ed erano più grassi di tutti i giovani che aveano mangiato le vivande del re.
၁၅ဆယ် ရက် စေ့ လျှင် သူ တို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာ ကို စား သော လူပျို အပေါင်း တို့၏ မျက်နှာထက် အဆင်း လှ၍ ဖွံ့ဝ လျက်ရှိ၏။
16 Così il maggiordomo portò via il cibo e il vino ch’eran loro destinati, e dette loro de’ legumi.
၁၆ထိုအခါ စားတော်ကဲ သည် သူ တို့အစာ ကို၎င်း ၊ သူ တို့သောက် ဘို့ စပျစ်ရည် ကို၎င်းရုပ်သိမ်း ၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏။
17 E a tutti questi quattro giovani Iddio dette conoscenza e intelligenza in tutta la letteratura, e sapienza; e Daniele s’intendeva d’ogni sorta di visioni e di sogni.
၁၇ဘုရား သခင်သည် ထို လုလင် လေး ယောက်တို့ အား အထူးထူး သော သိပ္ပံ အတတ်ပညာတို့ကို သိ စေခြင်းငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ် သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလ သည်လည်း ဗျာဒိတ် ရူပါရုံနှင့် အိပ်မက် ကိုနားလည် နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။
18 E alla fine del tempo fissato dal re perché que’ giovani gli fossero menati, il capo degli eunuchi li presentò a Nebucadnetsar.
၁၈နန်းတော်သို့ သွင်း စေခြင်းငှါ ချိန်းချက် တော်မူသော အချိန် ရောက် သော်၊ မိန်းမစိုး အုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်း လေ၏။
19 Il re parlò con loro; e fra tutti que’ giovani non se ne trovò alcuno che fosse come Daniele, Hanania, Mishael e Azaria; e questi furono ammessi al servizio del re.
၁၉ရှင် ဘုရင်သည် ထိုလုလင် တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင် ၊ ဒံယေလ ၊ ဟာနနိ ၊ မိရှေလ ၊ အာဇရိ တို့နှင့် တူ သောသူတယောက်မျှမ ရှိ သောကြောင့် ၊ သူတို့သည် အထံ တော်၌ ခစား ရသောအခွင့်အရာကို ရကြ၏။
20 E su tutti i punti che richiedevano sapienza e intelletto, e sui quali il re li interrogasse, il re li trovava dieci volte superiori a tutti i magi ed astrologi ch’erano in tutto il suo regno.
၂၀ရှင်ဘုရင် မေး တော်မူသမျှ သော အတတ် ပညာ ကို ထိုလုလင်တို့သည် နိုင်ငံ တော်၌ရှိသမျှ သော မာဂု ပညာရှိ၊ ဗေဒင် တတ်များထက် သာ၍ဆယ် ဆ တတ်ကြသည် ကို တွေ့မြင် တော်မူ၏။
21 Così continuò Daniele fino al primo anno del re Ciro.
၂၁ဒံယေလ သည် ကုရု မင်းကြီး နန်းစံပဌမ နှစ် တိုင်အောင် ရှိ နေသတည်း။

< Daniele 1 >