< 2 Cronache 24 >
1 Joas avea sette anni quando cominciò a regnare, e regnò quarant’anni a Gerusalemme. Sua madre si chiamava Tsibia da Beer-Sceba.
၁ယောရှသည်သက်တော်ခုနစ်နှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌အနှစ်လေးဆယ်တိုင်တိုင်နန်းစံ လေသည်။ သူ၏မယ်တော်မှာဗေရရှေဘမြို့ သူဇိဗိဖြစ်၏။-
2 Joas fece ciò ch’è giusto agli occhi dell’Eterno durante tutto il tempo che visse il sacerdote Jehoiada.
၂သူသည်ယဇ်ပုရောဟိတ်ယောယဒအသက် ရှင်သမျှကာလပတ်လုံး ထာဝရဘုရား နှစ်သက်တော်မူသောအမှုကိုပြု၏။-
3 E Jehoiada prese per lui due mogli, dalle quali egli ebbe de’ figliuoli e delle figliuole.
၃ယောယဒသည်ယောရှအတွက်မိဖုရား နှစ်ပါးကိုရွေးချယ်ပေး၏။ ယောရှသည် လည်းထိုမိဖုရားများဖြင့်သားသမီး များကိုရရှိလေသည်။
4 Dopo queste cose venne in cuore a Joas di restaurare la casa dell’Eterno.
၄ယောရှသည်နန်းတက်ပြီးနောက်ကာလအတန် ကြာသောအခါ ထာဝရဘုရား၏ဗိမာန် တော်ကိုမွမ်းမံပြင်ဆင်ရန်အကြံရှိတော် မူ၏။-
5 Radunò i sacerdoti e i Leviti, e disse loro: “Andate per le città di Giuda, e raccogliete anno per anno in tutto Israele del danaro per restaurare la casa dell’Iddio vostro; e guardate di sollecitar la cosa”. Ma i Leviti non s’affrettarono.
၅သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်များအားယုဒပြည်အမြို့မြို့သို့စေလွှတ် ၍ ဗိမာန်တော်ကိုနှစ်စဉ်မွမ်းမံပြင်ဆင်ရန် အတွက်ပြည်သူအပေါင်းတို့ထံမှ ငွေအလုံ အလောက်ကောက်ခံစေတော်မူ၏။ မင်းကြီး သည်ဤအမှုကိုဆောလျင်စွာဆောင်ရွက် ရန်အမိန့်ပေးခဲ့သော်လည်း လေဝိအနွယ် ဝင်တို့သည်ဖင့်နွဲလျက်နေကြ၏။-
6 Allora il re chiamò Jehoiada loro capo e gli disse: “Perché non hai tu procurato che i Leviti portassero da Giuda e da Gerusalemme la tassa che Mosè, servo dell’Eterno, e la raunanza d’Israele stabilirono per la tenda della testimonianza?”
၆သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။
7 Poiché i figliuoli di quella scellerata donna d’Athalia aveano saccheggiato la casa di Dio e aveano perfino adoperato per i Baali tutte le cose consacrate della casa dell’Eterno.
၇(ဖောက်ပြန်ဆိုးညစ်သည့်အမျိုးသမီး အာသလိ၏နောက်လိုက်တို့သည် ဗိမာန်တော် ကိုဖျက်ဆီးပြီးလျှင်အမြတ်တနိုးထားအပ် သည့်ပစ္စည်းအသုံးအဆောင်များကို ဗာလ ဘုရားအားဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုခဲ့ကြသတည်း။)
8 Il re dunque comandò che si facesse una cassa e che la si mettesse fuori, alla porta della casa dell’Eterno.
၈မင်းကြီးသည်လေဝိအနွယ်ဝင်တို့အားအလှူ ခံသေတ္တာကိုပြုလုပ်စေ၍ ဗိမာန်တော်တံခါး ဝတွင်ထားရှိစေတော်မူ၏။-
9 Poi fu intimato in Giuda e in Gerusalemme che si portasse all’Eterno la tassa che Mosè, servo di Dio, aveva imposta ad Israele nel deserto.
၉သူတို့သည်ယေရုရှလင်မြို့နှင့်ယုဒပြည် တစ်လျှောက်လုံးရှိလူအပေါင်းတို့အား တော ကန္တာရတွင်ဘုရားသခင်၏အစေခံမောရှေ ကောက်ခံခဲ့သည်အတိုင်း ထာဝရဘုရားထံ တော်သို့အလှူငွေများကိုယူဆောင်လာ ကြရန်ထုတ်ဆင့်ကြေညာလေသည်။-
10 E tutti i capi e tutto il popolo se ne rallegrarono e portarono il danaro e lo gettarono nella cassa finché tutti ebbero pagato.
၁၀ပြည်သူများနှင့်သူတို့၏ခေါင်းဆောင်များ သည်ဝမ်းမြောက်စွာဖြင့် မိမိတို့အလှူငွေ များကိုယူဆောင်ကာအလှူခံသေတ္တာ ပြည့်အောင်ထည့်ဝင်ကြကုန်၏။-
11 Or quand’era il momento che i Leviti doveano portar la cassa agl’ispettori reali, perché vedevano che v’era molto danaro, il segretario del re e il commissario del sommo sacerdote venivano a vuotare la cassa; la prendevano, poi la riportavano al suo posto; facevan così ogni giorno, e raccolsero danaro in abbondanza.
၁၁နေ့စဉ်နေ့တိုင်းလေဝိအနွယ်ဝင်တို့သည် ထို သေတ္တာကိုတာဝန်ခံအရာရှိထံသို့ယူ ဆောင်သွားရကြလေသည်။ သေတ္တာပြည့် သည့်အခါတိုင်းဘုရင့်အတွင်းဝန်နှင့်ယဇ် ပုရောဟိတ်မင်း၏ကိုယ်စားလှယ်တစ်ဦး သည်လာ၍ ငွေများကိုထုတ်ယူပြီးလျှင် သေတ္တာကိုနေရာတကျပြန်၍ထားရ ကြ၏။ ဤနည်းအားဖြင့်သူတို့သည်ငွေ အမြောက်အမြားကိုရရှိကြလေသည်။
12 E il re e Jehoiada lo davano a quelli incaricati d’eseguire i lavori della casa dell’Eterno; e questi pagavano degli scalpellini e de’ legnaiuoli per restaurare la casa dell’Eterno, e anche de’ lavoratori di ferro e di rame per restaurare la casa dell’Eterno.
၁၂မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။-
13 Così gl’incaricati dei lavori si misero all’opera, e per le loro mani furon compiute le riparazioni; essi rimisero la casa di Dio in buono stato, e la consolidarono.
၁၃ထိုအလုပ်သမားအားလုံးပင်အလုပ်ကို ကြိုးစားလုပ်ကိုင်လျက် ဗိမာန်တော်ကိုနဂို အတိုင်းခိုင်ခိုင်ခံ့ခံ့ပြန်လည်ရောက်ရှိစေ ကြ၏။-
14 E, quand’ebbero finito, portarono davanti al re e davanti a Jehoiada il rimanente del danaro, col quale si fecero degli utensili per la casa dell’Eterno: degli utensili per il servizio e per gli olocausti, delle coppe, e altri utensili d’oro e d’argento. E durante tutta la vita di Jehoiada, si offrirono del continuo olocausti nella casa dell’Eterno.
၁၄သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
15 Ma Jehoiada, fattosi vecchio e sazio di giorni, morì; quando morì, avea centotrent’anni;
၁၅သူသည်အလွန်အို၍အသက်တစ်ရာ့သုံး ဆယ်ရှိသောအခါကွယ်လွန်လေသည်။-
16 e fu sepolto nella città di Davide coi re, perché avea fatto del bene in Israele, per il servizio di Dio e della sua casa.
၁၆ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။
17 Dopo la morte di Jehoiada, i capi di Giuda vennero al re e si prostrarono dinanzi a lui; allora il re die’ loro ascolto;
၁၇သို့ရာတွင်ယောယဒကွယ်လွန်ပြီးသည်နောက် ယုဒအမျိုးသားခေါင်းဆောင်များသည် ယောရှ မင်းအားမိမိတို့၏စကားကိုနားထောင်ရန် သွေးဆောင်ကြ၏။-
18 ed essi abbandonarono la casa dell’Eterno, dell’Iddio dei loro padri, e servirono gl’idoli d’Astarte e gli altri idoli; e questa loro colpa trasse l’ira dell’Eterno su Giuda e su Gerusalemme.
၁၈ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။-
19 L’Eterno mandò loro bensì de’ profeti per ricondurli a sé e questi protestarono contro la loro condotta, ma essi non vollero ascoltarli.
၁၉ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
20 Allora lo spirito di Dio investì Zaccaria, figliuolo del sacerdote Jehoiada, il quale, in piè, dominando il popolo, disse loro: “Così dice Iddio: Perché trasgredite voi i comandamenti dell’Eterno? Voi non prospererete; poiché avete abbandonato l’Eterno, anch’egli vi abbandonerà”.
၂၀ထိုအခါဘုရားသခင်၏ဝိညာဉ်တော် သည် ယဇ်ပုရောဟိတ်ယောယဒ၏သား ဇာခရိအပေါ်သို့သက်ရောက်တော်မူ သဖြင့် ဇာခရိသည်ပြည်သူတို့မြင်သာ သည့်နေရာတွင်ရပ်လျက်``သင်တို့သည်မိမိ တို့အပေါ်သို့ဘေးအန္တရာယ်ဆိုက်ရောက် စေရန် အဘယ်ကြောင့်ငါထာဝရဘုရား ၏အမိန့်တော်ကိုဖီဆန်ကြပါသနည်း။ ငါ့အားသင်တို့စွန့်ပယ်ကြသဖြင့်ငါ သည်လည်းသင်တို့အားစွန့်ပယ်တော်မူ ပြီ'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။-
21 Ma quelli fecero una congiura contro di lui, e lo lapidarono per ordine del re, nel cortile della casa del l’Eterno.
၂၁ယောရှမင်းသည်ဇာခရိအားမကောင်းကြံ မှုတွင်ပါဝင်လျက် သူ၏အမိန့်အရပြည်သူ တို့သည်ဇာခရိအားဗိမာန်တော်တံတိုင်း အတွင်း၌ခဲနှင့်ပစ်သတ်ကြ၏။
22 E il re Joas non si ricordò della benevolenza usata verso lui da Jehoiada, padre di Zaccaria, e gli uccise il figliuolo; il quale, morendo, disse: “L’Eterno lo veda e ne ridomandi conto!”
၂၂မင်းကြီးသည်မိမိအားဇာခရိ၏ဖခင်ယော ဒယသစ္စာရှိစွာအမှုထမ်းခဲ့သည်ကိုသတိ မရဘဲသားကိုသတ်လေ၏။ ဇာခရိသည် သေအံ့ဆဲဆဲ၌``ထာဝရဘုရားသည်သင် ပြုသည့်အမှုကိုမြင်၍ သင့်အားအပြစ်ဒဏ် ခတ်တော်မူပါစေသော'' ဟုဆို၏။
23 E avvenne che, scorso l’anno, l’esercito dei Siri salì contro Joas, e venne in Giuda e a Gerusalemme. Essi misero a morte fra il popolo tutti i capi, e ne mandarono tutte le spoglie al re di Damasco.
၂၃ထိုနှစ်ဆောင်းဦးပေါက်၌ရှုရိတပ်မတော် သည်ယုဒပြည်နှင့်ယေရုရှလင်မြို့သို့ချီ တက်တိုက်ခိုက်၍ ခေါင်းဆောင်အပေါင်းကို သတ်ပြီးလျှင်လက်ရပစ္စည်းအမြောက်အမြား ကိုဒမာသက်မြို့သို့ယူဆောင်သွား၏။-
24 E benché l’esercito de’ Siri fosse venuto con piccolo numero d’uomini, pure l’Eterno die’ loro nelle mani un esercito grandissimo, perché quelli aveano abbandonato l’Eterno, l’Iddio dei loro padri. Così i Siri fecero giustizia di Joas.
၂၄ရှုရိတပ်မတော်သည်သေးငယ်သော်လည်း ထာဝရဘုရားသည်ပိုမိုကြီးမားသည့် ယုဒတပ်မတော်ကိုနှိမ်နင်းခွင့်ပေးတော် မူ၏။ အဘယ်ကြောင့်ဆိုသော်ယုဒပြည်သူ တို့သည် မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်ကြ သောကြောင့်ဖြစ်၏။ ဤနည်းအားဖြင့် ယောရှမင်းသည်အပြစ်ဒဏ်စီရင် တော်မူခြင်းကိုခံရသတည်း။-
25 E quando questi si furon partiti da lui, lasciandolo in gravi sofferenze, i suoi servi ordirono contro di lui una congiura, perch’egli avea versato il sangue dei figliuoli del sacerdote Jehoiada, e lo uccisero nel suo letto. Così morì, e fu sepolto nella città di Davide, ma non nei sepolcri dei re.
၂၅သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။-
26 Quelli che congiurarono contro di lui furono Zabad, figliuolo di Scimeath, un’Ammonita, e Jozabad, figliuolo di Scimrith, una Moabita.
၂၆(သူ့အားလျှို့ဝှက်လုပ်ကြံကြသူများမှာ အမ္မုန်အမျိုးသမီးရှိမတ်၏သားယောဇဗဒ် နှင့်မောဘအမျိုးသမီးရှိမရိတ်၏သား ယဟောဇဗဒ်တို့ဖြစ်သတည်း။-)
27 Or quanto concerne i suoi figliuoli, il gran numero di tributi impostigli e il restauro della casa di Dio, si trova scritto nelle memorie del libro dei re. E Amatsia, suo figliuolo, regnò in luogo suo.
၂၇ဋ္ဌမ္မရာဇဝင်ကျမ်းတွင်ယောရှ၏သားများ အကြောင်း၊ သူ့အားဆင့်ဆိုသည့်ဗျာဒိတ် တော်များအကြောင်း၊ ဗိမာန်တော်ကိုသူ ပြန်လည်တည်ဆောက်ခြင်းအကြောင်းများ ပါရှိ၏။ သားတော်အာမဇိသည်သူ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။