< 1 Samuele 22 >

1 Or Davide si partì di là e si rifugiò nella spelonca di Adullam, e quando i suoi fratelli e tutta la famiglia di suo padre lo seppero, scesero quivi per unirsi a lui.
ဒါဝိဒ် သည် ထို အရပ်မှ ပြေး ၍ အဒုလံ ဥမင် သို့ ဘေး လွတ်လျက် ရောက်လေ၏။ သူ့ အစ်ကို များ၊ အဆွေ အမျိုးများအပေါင်း တို့သည် ကြား လျှင် သူ့ ထံသို့ သွား ကြ၏။
2 E tutti quelli ch’erano in angustie, che avean dei debiti o che erano scontenti, si radunaron presso di lui, ed egli divenne loro capo, ed ebbe con sé circa quattrocento uomini.
အမှု ရောက်သောသူ ၊ ကြွေးတင် သောသူ ၊ စိတ်ညစ် သောသူ အပေါင်း တို့သည်၊ သူ့ ထံမှာ စုဝေး ကြ၍ လူ လေး ရာ ခန့် ရှိ သဖြင့် ၊ ဒါဝိဒ်သည် သူ တို့ကို အုပ် ရ၏။
3 Di là Davide andò a Mitspa di Moab, e disse al re di Moab: “Deh, permetti che mio padre e mia madre vengano a stare da voi, fino a tanto ch’io sappia quel che Iddio farà di me”.
ထို အရပ်မှ မောဘ ပြည် မိဇပါ မြို့သို့သွား ၍ ၊ မောဘ ရှင်ဘုရင် အား ၊ ဘုရား သခင်သည် ကျွန်တော် ၌ အဘယ်သို့ ပြု တော်မူမည်ကို ကျွန်တော်မသိ ဘဲနေစဉ်တွင်၊ ကျွန်တော် မိဘ သည် ထွက် လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကိုပေး တော်မူပါဟု လျှောက်သဖြင့်၊
4 Egli dunque li condusse davanti al re di Moab, ed essi rimasero con lui tutto il tempo che Davide fu nella sua fortezza.
မောဘ ရှင်ဘုရင် ထံသို့ သွင်း ၍ ၊ ဒါဝိဒ် သည် ခိုင်ခံ့ သော ဥမင်၌ နေ သည်ကာလ ပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာနေ ကြ၏။
5 E il profeta Gad disse a Davide: “Non star più in questa fortezza; parti, e récati nel paese di Giuda”. Davide allora partì, e venne nella foresta di Hereth.
တဖန် ပရောဖက် ဂဒ် က၊ ခိုင်ခံ့ သော ဥမင်၌ မ နေ နှင့်။ ထွက်၍ ယုဒ ပြည် သို့ သွား လော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း ဒါဝိဒ် သွား ၍ ဟာရက် တော ၌ နေ၏။
6 Saul seppe che Davide e gli uomini ch’eran con lui erano stati scoperti. Saul si trovava allora a Ghibea, seduto sotto la tamerice, ch’è sull’altura; aveva in mano la lancia, e tutti i suoi servi gli stavano attorno.
ထိုအခါ ရှောလု သည် ဂိဗာ မြို့၌ ကုန်း ပေါ် တွင် သစ်ပင် အောက် မှာ လှံ ကို ကိုင်လျက်၊ ကျွန် အပေါင်း တို့ သည် ခြံရံ လျက်နေစဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ပေါ် ကြောင်း ကို ရှောလု ကြား ၍၊
7 E Saul disse ai servi che gli stavano intorno: “Ascoltate ora, Beniaminiti! Il figliuolo d’Isai vi darà egli forse a tutti de’ campi e delle vigne? Farà egli di tutti voi de’ capi di migliaia e de’ capi di centinaia,
အို ဗင်္ယာမိန် အမျိုးသား တို့၊ ယေရှဲ ၏သား သည် လယ် များ၊ စပျစ် ဥယျာဉ်များကို သင် တို့ရှိသမျှ ၌ ဝေပေး နိုင်သလော။ သင် တို့ရှိသမျှ ကို လူတထောင် အုပ် ၊ တရာ အုပ် အရာ၌ ခန့်ထား နိုင်သလော။
8 che avete tutti congiurato contro di me, e non v’è alcuno che m’abbia informato dell’alleanza che il mio figliuolo ha fatta col figliuolo d’Isai, e non v’è alcuno di voi che mi compianga e m’informi che il mio figliuolo ha sollevato contro di me il mio servo perché mi tenda insidie come fa oggi?”
ထိုသို့ ပြုနိုင်သောကြောင့်သင် တို့အပေါင်း သည် ငါ့ တဘက် ၌ သင်းဖွဲ့ ကြသလော။ ငါ့ သား သည် ယေရှဲ ၏သား နှင့် မိဿဟာယ ဖွဲ့ကြောင်းကို တယောက်မျှမ ပြော။ ငါ့ အတွက် တယောက်မျှ ဝမ်း မ နည်း။ ငါ့ ကျွန် သည် ယနေ့ ပြုသည် အတိုင်း ၊ ငါ့ ကို ချောင်းမြောင်း စေခြင်းငှါ ၊ ငါ့ သား နှိုးဆော် ကြောင်း ကို တယောက်မျှမပြော ဘဲ နေကြသည်တကားဟု အခြံအရံ တို့အား ဆို လေသော်၊
9 E Doeg, l’Idumeo, il quale era preposto ai servi di Saul, rispose e disse: “Io vidi il figliuolo d’Isai venire a Nob da Ahimelec, figliuolo di Ahitub,
ရှောလု ၏ ကျွန် အုပ် ဧဒုံ အမျိုးသားဒေါဂ က၊ ယေရှဲ ၏သား သည် အဟိတုပ် ၏သား အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ကြောင်းကို ကျွန်တော်မြင် ပါ၏။
10 il quale consultò l’Eterno per lui, gli diede dei viveri, e gli diede la spada di Goliath il Filisteo”.
၁၀အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရား ထံတော်၌ မေးမြန်း ၍ စားစရိတ် ကို၎င်း ၊ ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား ကို၎င်းပေး ပါ၏ဟု ကြား လျှောက်လျှင်၊
11 Allora il re mandò a chiamare il sacerdote Ahimelec, figliuolo di Ahitub, e tutta la famiglia del padre di lui, vale a dire i sacerdoti ch’erano a Nob. E tutti vennero al re.
၁၁ရှင် ဘုရင်သည် အဟိတုပ် ၏သား ယဇ်ပုရောဟိတ် အဟိမလက် နှင့် သူ ၏အဆွေအမျိုး တည်းဟူသောနောဗ မြို့၌ နေသော ယဇ်ပုရောဟိတ် အပေါင်း တို့ကို ခေါ် ၍ ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြ၏။
12 E Saul disse: “Ora ascolta, o figliuolo di Ahitub!” Ed egli rispose: “Eccomi, signor mio!”
၁၂ရှောလု ကလည်း ၊ အဟိတုပ် ၏သား နားထောင် လော့ဟု ဆို လျှင် ၊ အဟိမလက်က အကျွန်ုပ် ရှိ ပါသည် သခင် ဟုလျှောက် ၏။
13 E Saul gli disse: “Perché tu e il figliuolo d’Isai avete congiurato contro di me? Perché gli hai dato del pane e una spada; e hai consultato Dio per lui affinché insorga contro di me e mi tenda insidie come fa oggi?”
၁၃ရှောလု ကလည်း ၊ သင် နှင့် ယေရှဲ ၏သား သည် အဘယ်ကြောင့် ငါ့ တစ်ဘက် ၌ သင်းဖွဲ့ ကြသနည်း။ သူသည် ယနေ့ ပြုသည့်အတိုင်း ငါ့ ကို ပုန်ကန် စေခြင်းငှါ သင် သည် မုန့် နှင့် ထား ကိုပေး ၍ သူ အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း ပြီတကားဟု ဆို သော်၊
14 Allora Ahimelec rispose al re, dicendo: “E chi v’è dunque, fra tutti i tuoi servi, fedele come Davide, genero del re, pronto al tuo comando e onorato nella tua casa?
၁၄အဟိမလက် က၊ ကိုယ်တော် ၏ ကျွန် တို့တွင် ဒါဝိဒ် ကဲ့သို့ အဘယ်သူ သည် သစ္စာ ရှိသနည်း။ သမက် တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော် ၌ အသရေ ရှိသောသူဖြစ် ပါ၏။
15 Ho io forse cominciato oggi a consultare Iddio per lui? Lungi da me il pensiero di tradirti! Non imputi il re nulla di simile al suo servo o a tutta la famiglia di mio padre; perché il tuo servo non sa cosa alcuna, piccola o grande, di tutto questo”.
၁၅ထိုကာလ ၌ အကျွန်ုပ်သည် ဒါဝိဒ် အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း စ ပြုသလော။ ထိုအမှု ဝေး ပါစေသော။ ရှင် ဘုရင်သည် ကိုယ်တော် ကျွန် နှင့် ကျွန်တော် ၏အဆွေအမျိုး တစုံတယောက် ၌ မျှ အပြစ်တင် တော်မ မူပါနှင့်၊ ကိုယ်တော် ကျွန် သည် ဤ အမှု ကို အကြီး အငယ် အားဖြင့်မျှ မ သိ ပါဟု ရှင်ဘုရင် အား လျှောက် လေ၏။
16 Il re disse: “Tu morrai senz’altro, Ahimelec, tu con tutta la famiglia del padre tuo!”
၁၆ရှင်ဘုရင် က၊ အဟိမလက် ၊ သင် နှင့် သင် ၏အဆွေအမျိုး အပေါင်း တို့သည် ဧကန်အမှန်အသေ ခံရမည်ဟု ဆို လျက်၊
17 E il re disse alle guardie che gli stavano attorno: “Volgetevi e uccidete i sacerdoti dell’Eterno, perché anch’essi son d’accordo con Davide; sapevano ch’egli era fuggito, e non me ne hanno informato”. Ma i servi del re non vollero metter le mani addosso ai sacerdoti dell’Eterno.
၁၇ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့သည် ဒါဝိဒ် ဘက် မှာ နေ၍ ၊ သူ ပြေး ကြောင်း ကို သိ သော်လည်း ငါ့ အားမ ကြား မပြောသောကြောင့် ၊ သူတို့ကို လှည့် ၍ သတ် ကြဟု ခြံရံလျက်ရှိသောခြေသည် တို့အား အမိန့် တော်ရှိသော်လည်း ၊ ရှင်ဘုရင် ၏ ကျွန် တို့သည် ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို မ လုပ်ကြံ ဘဲ နေကြ၏။
18 E il re disse a Doeg: “Volgiti tu, e gettati sui sacerdoti!” E Doeg, l’Idumeo, si volse, si avventò addosso ai sacerdoti, e uccise in quel giorno ottantacinque persone che portavano l’efod di lino.
၁၈တဖန် ရှင် ဘုရင်က၊ သင် သည်လှည့် ၍ ယဇ်ပုရောဟိတ် တို့ကို လုပ်ကြံ တော့ဟု ဒေါဂ အား မိန့် တော်မူသည် အတိုင်း ၊ ဧဒုံ အမျိုးသားဒေါဂ သည် လှည့် ၍ ပိတ် သင်တိုင်း ကို ဝတ် သော ယဇ်ပုရောဟိတ် ရှစ် ဆယ့်ငါးပါးတို့ကို လုပ်ကြံ သဖြင့် ထို နေ့၌ သတ် လေ၏။
19 E Saul mise pure a fil di spada Nob, la città de’ sacerdoti, uomini, donne, fanciulli, bambini di latte, buoi, asini e pecore: tutto mise a fil di spada.
၁၉ယဇ်ပုရောဟိတ် ပိုင်သော နောဗ မြို့ ကိုလည်း တိုက်၍ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ နွား ၊ မြည်း ၊ သိုး တို့ကို ထား နှင့်လုပ်ကြံလေ၏။
20 Nondimeno, uno de’ figliuoli di Ahimelec, figliuolo di Ahitub, di nome Abiathar, scampò e si rifugiò presso Davide.
၂၀အဟိတုပ် ၏ သား ဖြစ်သော အဟိမလက် ၏သား တို့တွင်၊ အဗျာသာ အမည် ရှိသောသူတယောက် သည် လွတ် ၍ ဒါဝိဒ် ရှိရာ သို့ ပြေး လေ၏။
21 Abiathar riferì a Davide che Saul aveva ucciso i sacerdoti dell’Eterno.
၂၁ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို ရှောလု သတ် ကြောင်း ကို၊ အဗျာသာ သည် ဒါဝိဒ် အား ကြားပြော သောအခါ၊
22 E Davide disse ad Abiathar: “Io sapevo bene, quel giorno che Doeg, l’Idumeo, era là, ch’egli avrebbe senza dubbio avvertito Saul; io son causa della morte di tutte le persone della famiglia di tuo padre.
၂၂ဒါဝိဒ် က၊ ဧဒုံ အမျိုးသားဒေါဂ သည် ရှောလု အား ပြော မည်ဟု သူ့ကိုတွေ့သောနေ့ ၌ ငါရိပ်မိ ၏။ ငါ သည် သင် ၏ အဆွေအမျိုး အပေါင်း တို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
23 Resta con me, non temere; chi cerca la mia vita cerca la tua; con me sarai al sicuro”.
၂၃ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။

< 1 Samuele 22 >