< Zaccaria 5 >

1 POI alzai di nuovo gli occhi, e riguardai; ed ecco un rotolo volante.
ငါ​သည်​နောက်​တစ်​ဖန်​ကြည့်​လိုက်​ပြန်​သော​အ​ခါ လေ​ထဲ​တွင်​ပျံ​ဝဲ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ရ​၏။-
2 E [l'Angelo] mi disse: Che vedi? Ed io dissi: Io veggo un rotolo volante, la cui lunghezza [è] di venti cubiti, e la larghezza di dieci cubiti.
ကောင်း​ကင်​တ​မန်​က``သင်​အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​မေး​လျှင်​ငါ​သည်​လည်း``လေ ထဲ​တွင်​ပျံ​နေ​သော​စာ​လိပ်​တစ်​ခု​ကို​မြင် ပါ​၏။ ထို​စာ​လိပ်​သည်​အ​လျား​ပေ​သုံး​ဆယ် အ​နံ​တစ်​ဆယ့်​ငါး​ပေ​ရှိ​ပါ​သည်'' ဟု​ပြန် လည်​ဖြေ​ကြား​၏။
3 Ed egli mi disse: Quest'[è] l'esecrazione, che è uscita fuori sopra la faccia di tutta la terra; perciocchè da un lato, ogni ladro è stato riciso, secondo quella; e dall'altro, ogni uomo che giura [falsamente] è stato riciso, secondo quella.
ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``တစ်​နိုင်​ငံ​လုံး အ​ပေါ်​သို့​သက်​ရောက်​မည့်​ကျိန်​စာ​ကို​ထို​စာ လိပ်​တွင်​ရေး​သား​ထား​ပါ​သည်။ စာ​လိပ်​တစ် မျက်​နှာ​၌​သူ​ခိုး​မှန်​သ​မျှ​တို့​သည် ဤ​နိုင်​ငံ မှ​ဖယ်​ရှား​ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်​ဟူ​၍ လည်း​ကောင်း၊ အ​ခြား​တစ်​မျက်​နှာ​၌​မူ​မ​မှန် မ​ကန်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​အ​ပေါင်း တို့​သည်​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ထား ပါ​သည်။-
4 Io l'ho messa fuori, dice il Signor degli eserciti, ed è venuta contro alla casa del ladro, e contro alla casa di chi giura per lo mio Nome falsamente; ed è dimorata in mezzo della sua casa, e l'ha consumata, insieme col suo legname, e le sue pietre.
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘုရား​က​ငါ​သည် ဤ​ကျိန်​စာ​ကို​စေ​လွှတ်​လိုက်​မည်​ဖြစ်​၍​ယင်း သည်​ငါ​၏​နာ​မ​တော်​ကို​တိုင်​တည်​ကျိန်​ဆို​၍ လိမ်​လည်​ပြော​ဆို​သူ​မှန်​သ​မျှ​နှင့်​သူ​ခိုး​မှန် သ​မျှ​တို့​၏​အိမ်​များ​တွင်​ဝင်​၍​နေ​လိမ့်​မည်။ ထို​အိမ်​တို့​သည်​လည်း​ကျိန်​စာ​ထွက်​ခွာ​သွား သော​အ​ခါ ယို​ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ် ကြ​လိမ့်​မည်'' ဟု​ဆို​၏။
5 POI l'Angelo che parlava meco uscì, e mi disse: Deh! alza gli occhi, e riguarda che cosa [è] questa che esce fuori.
ကောင်း​ကင်​တ​မန်​သည်​တစ်​ဖန်​ပေါ်​လာ​ပြန် ၍``ကြည့်​လော့။ အ​ရာ​ဝတ္ထု​တစ်​ခု​သည်​ရွေ့ လျား​၍​လာ​နေ​၏'' ဆို​၏။
6 Ed io dissi: Che cosa è? Ed egli disse: Quest'[è] un moggio, che esce. Poi disse: Quest'[è] l'occhio loro, [che va] per tutta la terra.
ငါ​က``ထို​အ​ရာ​ကား​အ​ဘယ်​နည်း'' ဟု မေး​လျှင်၊ ကောင်း​ကင်​တ​မန်​က``ထို​အ​ရာ​သည်​ခြင်း တောင်း​တစ်​ခု​ဖြစ်​၍​တစ်​နိုင်​ငံ​လုံး​၏​အ​ပြစ် ကို​သ​ရုပ်​ဆောင်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား လေ​သည်။-
7 Ed ecco, una massa di piombo fu portata; ed ecco una donna, che sedeva in mezzo del moggio.
ထို​ခြင်း​တောင်း​တွင်​ခဲ​ဖြင့်​ပြီး​သော​အ​ဖုံး တစ်​ခု​ရှိ​၏။ ထို​အ​ဖုံး​သည်​ငါ​ကြည့်​လျက် နေ​စဉ်​၌​ပင်​ပွင့်​၍​လာ​လေ​သည်။ ခြင်း​တောင်း ထဲ​တွင်​အ​မျိုး​သ​မီး​တစ်​ယောက်​ထိုင်​လျက် နေ​ပါ​သည်​တ​ကား။
8 Ed egli disse: Quest'[è] l'empietà. Ed egli la gettò in mezzo del moggio; poi gettò la massa del piombo in su la bocca di esso.
ကောင်း​ကင်​တ​မန်​က၊``ဤ​အ​မျိုး​သ​မီး​သည် ယုတ်​မာ​မှု​ကို​သ​ရုပ်​ဆောင်​၏'' ဟု​ဆို​ကာ သူ့​အား​ခြင်း​တောင်း​ထဲ​သို့​နှိပ်​ချ​လိုက်​ပြီး လျှင်​အ​ဖုံး​ပြန်​ဖုံး​၍​ထား​လိုက်​လေ​သည်။-
9 Poi, io alzai gli occhi, e riguardai; ed ecco, due donne uscivano, le quali aveano il vento nelle loro ale; ed aveano delle ale somiglianti alle ale di una cicogna; ed esse levarono il moggio fra cielo e terra.
ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ငှက် ကျား​၏​အ​တောင်​ကဲ့​သို့​ကြီး​မား​သည့် အ​တောင်​များ​နှင့် ငါ့​ထံ​သို့​ပျံ​လာ​နေ​သော အ​မျိုး​သမီး​နှစ်​ဦး​ကို​မြင်​ရ​၏။ သူ​တို့​သည် ခြင်း​တောင်း​ကို​ချီ​ယူ​ကာ​အ​ဝေး​သို့​ပျံ သွား​ကြ​၏။
10 Ed io dissi all'Angelo che parlava meco: Dove portano esse il moggio?
၁၀ငါ​သည်​ကောင်း​ကင်​တ​မန်​အား``ထို​သူ​တို့ သည်​ခြင်း​တောင်း​ကို​အ​ဘယ်​အ​ရပ်​သို့ ယူ​ဆောင်​သွား​ကြ​ပါ​သ​နည်း'' ဟု​မေး လျှင်၊
11 Ed egli mi disse: Nel paese di Sinear per edificargli quivi una casa; e quivi sarà stanziato, e posato sopra la sua base.
၁၁ကောင်း​ကင်​တ​မန်​က``ဗာ​ဗု​လုန်​ပြည်​သို့​ဖြစ် ပါ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဗိ​မာန်​တစ်​ခု ကို​တည်​ဆောက်​ကြ​ပါ​လိမ့်​မည်။ ထို​နောက်​ဝတ် ပြု​ကိုး​ကွယ်​ရန်​ထို​ဗိ​မာန်​တော်​ထဲ​တွင်​ခြင်း တောင်း​ကို​တည်​ထား​ကြ​ပါ​လိမ့်​မည်'' ဟု ဆို​၏။

< Zaccaria 5 >