< Zaccaria 2 >

1 POI io alzai gli occhi, e riguardai; ed ecco un uomo, che avea in mano una cordicella da misurare.
တဖန် ငါ မျှော် ကြည့် ၍ ၊ တိုင်း စရာကြိုး ကို ကိုင် သော လူ တဦးကို မြင် လျှင် ၊
2 Ed io [gli] dissi: Dove vai? Ed egli mi disse: [Io vo] a misurar Gerusalemme, per veder qual [sia] la sua larghezza, e quale la sua lunghezza.
အဘယ် အရပ်သို့ သွား မည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင် မြို့ အလျား အနံ ကို သိ လို ၍ မြို့ကို တိုင်း ခြင်းငှါ သွားသည်ဟု ပြန်ပြော ၏။
3 Ed ecco, l'Angelo che parlava meco uscì; e un altro Angelo gli uscì incontro.
ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ထွက်သွား သော် ၊ အခြား သော ကောင်းကင် တမန်သည် ကြိုဆို လျက် ၊
4 Ed egli gli disse: Corri, parla a quel giovane, dicendo: Gerusalemme sarà abitata per villate; per la moltitudine degli uomini, e delle bestie, [che saranno] in mezzo di lei.
သင်သည် ပြေး ၍ ထို လုလင် ကို ဆင့်ဆို ရမည်မှာ၊ ယေရုရှလင် မြို့သား လူ သတ္တဝါတိရစ္ဆာန် တို့သည် အလွန် များသောကြောင့် ရွာ တို့၌ နေ ရကြလိမ့်မည်။
5 Ed io le sarò, dice il Signore, un muro di fuoco d'intorno, e sarò per gloria in mezzo di lei.
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် မြို့ ကို ကာ သောမီး မြို့ရိုး ဖြစ် မည်။ မြို့ အလယ် ၌ လည်း ငါသည် မြို့၏ဘုန်း အသရေဖြစ် မည်။
6 Oh! oh! fuggite dal paese di Settentrione, dice il Signore; perciocchè io vi ho sparsi per li quattro venti del cielo, dice il Signore.
အချင်း တို့၊ အချင်း တို့၊ မြောက် မျက်နှာအရပ် မှ ပြေး လာကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ မိုဃ်း ကောင်းကင်အောက်လေး မျက်နှာတို့၌ သင် တို့ကို ငါနှံ့ပြား စေပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
7 O Sion, scampa; [tu], che abiti con la figliuola di Babilonia.
ဗာဗုလုန် မြို့သမီး ထံမှာနေ သောအချင်းဇိအုန် သတို့သမီး၊ အလွတ် ပြေးလော့။
8 Perciocchè, così ha detto il Signor degli eserciti: Dietro alla gloria! Egli mi ha mandato contro alle genti che vi hanno spogliati; perciocchè chi vi tocca, tocca la pupilla dell'occhio suo.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ကို ဖျက်ဆီး သောလူမျိုး တို့ ရှိရာသို့ ဘုန်း ထင်ရှားပြီးမှ ငါ့ ကို စေလွှတ် တော်မူ၏။ သင် တို့ကို ထိ သောသူသည် မျက် ဆန် တော်ကို ထိ သောသူဖြစ်၏။
9 Perciocchè, ecco, io levo la mano contro a loro, ed esse saranno in preda a' lor servi; e voi conoscerete che il Signor degli eserciti mi ha mandato.
သူ တို့ကို ငါ တိုက် ၍ သူ တို့၏ ကျွန် များသည် လုယူ ဖျက်ဆီးကြလိမ့်မည် ။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။
10 Giubila, e rallegrati, figliuola di Sion; perciocchè ecco, io vengo, ed abiterò in mezzo di te, dice il Signore.
၁၀အို ဇိအုန် သတို့သမီး ၊ သီချင်း ဆို၍ ရွှင်လန်း လော့။ ငါ လာ ၍ သင့် အလယ် ၌ နေ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
11 E molte nazioni si aggiungeranno al Signore in quel giorno, e mi saranno per popolo; ed io abiterò in mezzo di te, e tu conoscerai che il Signore degli eserciti mi ha mandato a te.
၁၁ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။
12 E il Signore possederà Giuda, per sua parte, nella terra santa; ed eleggerà ancora Gerusalemme.
၁၂ထာဝရဘုရား သည် သန့်ရှင်း သော ပြည် ၌ မိမိ အဘို့ ယုဒ ပြည်ကို အမွေခံ ၍ တဖန် ယေရုရှလင် မြို့ကို ရွေးချယ် တော်မူလိမ့်မည်။
13 Silenzio, ogni carne, per la presenza del Signore; perciocchè egli si [è] destato dalla stanza della sua santità.
၁၃အိုလူ သတ္တဝါအပေါင်း တို့၊ ထာဝရဘုရား ရှေ့ တော်၌ ငြိမ်ဝပ် စွာနေကြလော့။ သန့်ရှင်း သော ကျိန်းဝပ် ရာဌာနတော်၌ ထ တော်မူပြီ။

< Zaccaria 2 >