< Salmi 1 >

1 BEATO l'uomo che non è camminato nel consiglio degli empi, E non si è fermato nella via de' peccatori, E non è seduto nella sedia degli schernitori.
သူ​ယုတ်​မာ​တို့​၏​အ​ကြံ​ဉာဏ်​ကို​လက်​မ​ခံ၊ အ​ပြစ်​ကူး​သူ​တို့​၏​စံ​န​မူ​နာ​ကို​မလိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​တို့​နှင့်​လည်း မ​ပေါင်း​မ​ဖော်​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
2 Anzi il cui diletto [è] nella Legge del Signore, E medita in essa giorno e notte.
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍ နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။
3 Egli sarà come un albero piantato presso a ruscelli d'acque, Il quale rende il suo frutto nella sua stagione, E le cui frondi non appassano; E tutto quello ch'egli farà, prospererà.
ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။
4 Così non [saranno] già gli empi; Anzi [saranno] come pula sospinta dal vento.
သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။ သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။
5 Perciò gli empi non istaranno ritti nel giudicio, Nè i peccatori nella raunanza de' giusti.
အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။
6 Perciocchè il Signore conosce la via de' giusti; Ma la via degli empi perirà.
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။

< Salmi 1 >