< Salmi 76 >

1 Salmo di cantico di Asaf, [dato] al Capo de' Musici, sopra Neghinot IDDIO [è] conosciuto in Giuda; Il suo Nome [è] grande in Israele.
ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။
2 E il suo tabernacolo è in Salem, E la sua stanza in Sion.
ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ၏။
3 Quivi ha rotte saette, Archi, scudi, e spade, ed arnesi da guerra. (Sela)
ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။
4 Tu [sei] illustre, potente, Più che i monti dei predatori.
သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။
5 I magnanimi sono stati spogliati, Hanno dormito il sonno loro; E niuno di [quegli] uomini prodi ha saputo trovar le sue mani.
ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။
6 O Dio di Giacobbe, E carri e cavalli sono stati stupefatti per lo tuo sgridare.
ယာကုပ်အမျိုး၏ ဘုရားခင်၊ ကိုယ်တော်ဆုံးမ တော်မူသောအားဖြင့်၊ ရထားစီးသောသူနှင့် မြင်းစီးသော သူတို့သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော်ကြပါ၏။
7 Tu [sei] tremendo; tu, [dico]; E chi durerà davanti a te, dacchè tu ti adiri?
ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။
8 Tu bandisti giudicio dal cielo; La terra temette, e stette cheta.
ဘုရားသခင်သည် နှိမ့်ချလျက်ရှိသော မြေကြီးသား အပေါင်းတို့ကို ကယ်တင်၍၊
9 Quando Iddio si levò per [far] giudicio, Per salvar tutti i mansueti della terra. (Sela)
တရားဆုံးဖြတ်ခြင်းငှါ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူ သဖြင့်၊ မြေကြီးသည် ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။
10 Certamente l'ira degli uomini ti acquista lode; Tu ti cingerai del rimanente dell'ire.
၁၀အကယ်စင်စစ်လူတို့၏ ဒေါသသည် ကိုယ်တော် ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသောဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်။
11 Fate voti al Signore Iddio vostro, e adempieteli; Tutti quelli [che sono] d'intorno a lui portino doni al Tremendo.
၁၁သစ္စာဂတိပြုကြလော့။ သင်တို့၏ဘုရားခင် ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။
12 Egli vendemmia lo spirito de' principi; [Egli è] tremendo ai re della terra.
၁၂ထိုဘုရားသည် မင်းသားတို့၏ စိတ်ကို နှိမ့်ချ တော်မူ၏။ လောကီရှင်ဘုရင်တို့၌ ကြောက်ရွံဘွယ် ဖြစ်တော်မူ၏။

< Salmi 76 >