< Salmi 56 >

1 Mictam di Davide, intorno a ciò che i Filistei lo presero in Gat; [dato] al Capo dei Musici, in su Ionat-elem-rehochim ABBI pietà di me, o Dio; Perciocchè gli uomini a gola aperta sono dietro a me; [I miei] assalitori mi stringono tuttodì.
အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​တိုက်​ခိုက်​ခြင်း​ကို​ခံ​နေ​ရ​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​သ​နား​တော်​မူ​ပါ။ ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရှိ​သ​မျှ ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​ပါ​၏။
2 I miei nemici son dietro a me a gola aperta tuttodì; Perciocchè gran numero di gente mi assale da alto.
ကျွန်​တော်​မျိုး​၏​ရန်​ဘက်​တို့​သည်​တစ်​နေ့​လုံး​ပင် ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​များ​လှ​ပါ​၏။
3 Nel giorno [che] io temerò, Io mi confiderò in te.
အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကြောက်​လန့်​သော​အ​ခါ ကိုယ်​တော်​ရှင်​အား​ကိုး​စား​ပါ​၏။
4 Coll'[aiuto di] Dio, io loderò la sua parola; Io mi confido in Dio, Io non temerò cosa che mi possa far la carne.
ငါ​သည်​ဘု​ရား​သ​ခင်​အား​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ​ကြောက်​လန့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​က​တိ​တော်​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​မည်​နည်း။
5 Tuttodì fanno dolorose le mie parole; Tutti i lor pensieri [son] contro a me a male.
ငါ​၏​ရန်​သူ​များ​သည်​ငါ့​ကို​တစ်​နေ့​လုံး စော်​ကား​ပြော​ဆို​ကြ​၏။ ငါ့​အား​အ​ကျိုး​နည်း​စေ​ရန်​နည်း​လမ်း​ကို အ​စဉ်​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​၏။
6 Si radunano insieme, stanno in agguato; spiano le mie pedate, Come aspettando [di coglier] l'anima mia.
သူ​တို့​သည်​ပုန်း​ကွယ်​ရာ​အ​ရပ်​များ​တွင် စု​ရုံး​ကာ ငါ့​ကို​သတ်​ဖြတ်​နိုင်​ရန်​ငါ​ပြု​သ​မျှ​သော အ​မှု​တို့​ကို​ချောင်း​မြောင်း​၍​ကြည့်​ကြ​၏။
7 In vano [sarebbe] il salvar loro [la vita]; O Dio, trabocca i popoli nella [tua] ira.
အို ဘု​ရား​သ​ခင်၊ သူ​တို့​ပြု​သော​ဒု​စ​ရိုက်​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား​နှိမ်​နင်း တော်​မူ​ပါ။
8 Tu hai contate le mie fughe; Riponi le mie lagrime ne' tuoi barili; Non [sono elleno] nel tuo registro?
ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ သည်​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​မျက်​ရည်​ပေါက် များ​ကို​စာ​ရင်း​ပြု​၍​ထား​တော်​မူ​ပြီ။ ကိုယ်​တော်​ရှင်​၏​စာ​စောင်​တွင်​စာ​ရင်း​ပြု​၍​ထား​သည် မ​ဟုတ်​ပါ​လော။
9 Allora i miei nemici volteranno le spalle, nel giorno che io griderò; Questo so io, che Iddio [è] per me.
ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။
10 Con [l'aiuto di] Dio, io loderò la [sua] parola; Con [l'aiuto del] Signore, io loderò la [sua] parola.
၁၀ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ချီး​မွမ်း​ပါ​၏။
11 Io mi confido in Dio; Io non temerò cosa che mi possa far l'uomo.
၁၁ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။
12 [Io ho] sopra me i voti che io ti ho fatti, o Dio; Io ti renderò lodi.
၁၂အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​သစ္စာ​က​တိ ပြု​ခဲ့​သည့်​အ​တိုင်း​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​မည်။
13 Conciossiachè tu abbi riscossa l'anima mia dalla morte; Non [hai tu guardati] i miei piedi di ruina, Acciocchè io cammini nel cospetto di Dio nella luce de' viventi?
၁၃အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ခဲ့​သော​ကြောင့်​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည် အ​သက်​ရှင်​သူ​တို့​၏​အ​လင်း​ထဲ​မှာ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​သွား​လာ​ပါ​၏။

< Salmi 56 >