< Salmi 14 >

1 Salmo di Davide, [dato] al Capo de' Musici LO stolto ha detto nel suo cuore: Non [vi è] Dio. Si son corrotti, son divenuti abbominevoli nelle [loro] opere; Non [vi è] alcuno che faccia bene.
လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။
2 Il Signore ha riguardato dal cielo in su i figliuoli degli uomini, Per veder se vi fosse alcuno che avesse intelletto, Che cercasse Iddio.
ထာ​ဝ​ရ​ဘု​ရား​သည်​အ​သိ​ပညာ​ရှိ​သူ​များ၊ မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို သိ​မြင်​ရန် ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​လူ​သား​တို့​အား ကြည့်​တော်​မူ​၏။
3 Tutti son guasti, tutti quanti son divenuti puzzolenti; Non [vi è] alcuno che faccia bene, Non pur uno.
သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​သည်​လမ်း​လွဲ ကြ​ကုန်​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။ သူ​တို့​တွင်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
4 Tutti questi operatori d'iniquità son essi senza intelletto? Essi mangiano il mio popolo, [come] se mangiassero del pane, [E] non invocano il Signore.
ထာ​ဝ​ရ​ဘု​ရား​က ``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။ ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။
5 Là saranno spaventati di [grande] spavento; Perciocchè Iddio [è] colla gente giusta.
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​၏ စကား​ကို နား​ထောင်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ရ​လိမ့်​မည်။
6 Fate voi onta al consiglio del povero afflitto, Perciocchè il Signore [è] la sua confidanza?
သူ​ယုတ်​မာ​တို့​သည်​နှိမ့်​ချ​သူ​၏​အ​ကြံ အ​စည်​ကို ပျက်​စေ​တတ်​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​၏။
7 Oh! venga pur da Sion la salute d'Israele! Quando il Signore ritrarrà di cattività il suo popolo, Giacobbe festeggerà, Israele si rallegrerà.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည် ဇိ​အုန်​တောင်​တော်​မှ​ထွက်​ပေါ်​လာ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား တစ်​ဖန်​ပြန်​၍​ကောင်း​စား​လာ​စေ​တော်​မူ​သော အ​ခါ၊ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။

< Salmi 14 >